Thursday, December 15, 2011

ဖိလစ်ပိုင်နိုင်ငံသို့ လူ့ဘောင်သစ် ကိုယ်စားလှယ်များ သွားရောက်ခဲ့

“ကျမတို့ရဲ့ Akbayan မိတ်ဆွေ ရဲဘော်တွေဆီကနေ တနိုင်ငံလုံး အတိုင်းအတာကနေပြီးတော့မှ ဒေသခံအဆင့်ထိ ဒီမိုကရေစီရေးဖြစ်စဉ်တလျှောက်နှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေရဲ့ အတွေ့အကြုံတွေအပြင် သူတို့ရဲ့ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ အားကောင်းမှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေ စတဲ့ အတွေ့အကြုံတွေကိုပါ အများကြီး သင်ယူလေ့လာသိရှိခဲ့ရပါတယ်” ဟု လူ့ဘောင်သစ် လူငယ်ရေးရာ နိုင်ငံတကာ အတွင်းရေးမှူး နော်မေဘယ်လ်ထူးမှ …”

နိုဝင်ဘာလ၊ ၂၀ ရက်မှ ၃၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံသို့ လူ့ဘောင်သစ်ကိုယ်စားလှယ် ၆ ဦး လေ့လာရေးခရီးစဉ်တခု သွားရောက်ခဲ့ပါသည်။ Active Citizenship Foundation (ACF) ၏ ဖိတ်ကြားချက်အရ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် AKBayan ပါတီတို့ ပူးပေါင်းဆောင်ရွက်ပြီး ဤခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

Monday, December 5, 2011

ပြည်တွင်းပြောင်းလဲမှုနှင့် ကလင်တန်ခရီးစဉ်အပေါ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏အမြင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးစံမိုးဝေက ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ အခြေအနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အကြောင်းတို့ကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mrs. Hillary Clinton ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါဟာ ရာစုနှစ် တဝက်ကျော်အတွင်း မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအနေနဲ့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ သမိုင်းဝင် ထူးခြားတဲ့ ခရီးစဉ်အဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် တောက်လျှောက် တွန်းအားပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး သွားရောက်လည်ပတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေဟာ တကယ်ပဲ အားရစရာတွေ ရှိနေပြီလား။ ပြည်ပမှာအခြေစိုက် လှုပ်ရှားနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ၁၉၈၈ ခုနှစ်ကနေ မြန်မာ့နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တဲ့ ဦးအောင်မိုးဇော်က သူ့ရဲ့ အမြင်ကို ဗွီအိုအေကို အခုလို ပြောဆိုပါတယ်။

Wednesday, November 30, 2011

ဟီလာရီရဲ့ မြန်မာပြည်ခရီးစဉ်

အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ စေလွှတ်လိုက်ပါပြီ။

ဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ခရီးစဉ်အကြောင်းကို ဒီတပတ် Dateline Irrawaddy မှာ ဆွေးနွေးထားကြပါတယ်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်၊ ဧရာဝတီ သတင်းထောက် ဝေမိုး၊ ဧရာဝတီ တာဝန်ခံ အယ်ဒီတာ ကျော်စွာမိုးတို့ရဲ့ စကားဝိုင်း ရုပ်သံ

Tuesday, November 22, 2011

မျက်မှောက် ဗမာပြည်နိုင်ငံရေး နဲ့ Crony စီးပွားရေးစနစ် အန္တရာယ် (ရဲဘော်ထွန်းဦး)

မျက်မှောက်နိုင်ငံရေးအခြေအနေကို အကဲဖြတ်ကြတော့မယ်ဆိုရင် အနီးခေတ်သမိုင်းဖြစ်စဉ်၊ လက်တွေ့နိုင်ငံရေး လုပ်ဆောင်မှုများနဲ့ အခြားအခြားသော ဆက်စပ်ပတ်သက်နေမှုများကို နက်နက်ရှိုင်းရှိုင်းလေ့လာမှုက စတင်ကြရတာ ဖြစ်တယ်။ ကြံ့/ဖွံ့ အစိုးရဟာဘယ်လို အစိုးရလဲဆိုတဲ့ အကြောင်းပြောရင် နဝတ – နအဖ စစ်အုပ်စု၊ စစ်အစိုးရ အကြောင်း မပြောလို့ မဖြစ်ဘူး။ စစ်အစိုးရ ဖြစ်တည်လာမှုနဲ့ ကြီးထွားလာမှုကို မပြောလို့မဖြစ်ဘူး။ မေ့ထားလို့မရဘူး။ ကြံ့/ဖွံ့ အစိုးရ ဖြစ်တည်လာမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ဖြစ်တယ်။

နဝတ – နအဖ စစ်အုပ်စု၊ စစ်အစိုးရ ဘယ်လိုဖြစ်တည်လာ၊ ကြီးထွားလာခဲ့သလဲ။

ရှစ်လေးလုံးအရေးတော်ပုံကို မဆလ အစိုးရက လက်နက်ကိုင်အင်အားသုံးပြီး ဖြေရှင်းခဲ့တယ်။ ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က အကြွင်းမဲ့ သိမ်းပိုက်လိုက်တယ်။ မဆလ အစိုးရရဲ့ အာဏာအမွေကို စစ်တပ်ကရယူလိုက်ပြီး ဗမာပြည်နိုင်ငံရေးရဲ့ ထိပ်ဆုံးအလွှာမှာ ရပ်တည်လာခဲ့တယ်။ နဝတ စစ်အုပ်စုအဖြစ်နဲ့ နိုင်ငံရေးဇာတ်ခုံမှာ စတင်ပေါ်ထွက်လာခဲ့တာဖြစ်တယ်။

အာဏာသိမ်း စစ်အုပ်စုဟာ အာဏာသိမ်းစမှာ ပါတီစုံနိုင်ငံရေးစနစ်ကို တည်ရှိခွင့်ပြုမယ်ဆိုပြီး ပြောဆိုခဲ့တယ်။ ဒါပေမယ့် ဟန်ပြပြောတာ ဖြစ်ခဲ့တယ်။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲတခုတော့ ကျင်းပပေးခဲ့ဖူးတယ်။ လူထုက NLD ပါတီကို ပြတ်ပြတ်သားသား ဆန္ဒမဲပေးပြီး ထောက်ခံခဲ့တယ်။ သို့သော် စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေမယ့် နိုင်ငံရေးအာဏာကို လွှဲပြောင်းပေးခြင်း မရှိခဲ့။ ထိုအပြင် တရားဝင်နိုင်ငံရေးပါတီများရဲ့ နိုင်ငံရေးလုပ်ငန်းများကိုလည်း ဥပဒေအမျိုးမျိုးထုတ်ပြန်ကာ ချူပ်ချယ်ကန့်သတ်ခဲ့တယ်။ အင်အားသုံးဖိနှိပ်မှုများကြောင့် ယနေ့ထိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ရှိနေသေးတယ်။


Saturday, November 19, 2011

အဖွဲ့ချုပ်၏ အထူးကြေညာချက်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ နှင့်ပတ်သက်၍
သဘောထားထုတ်ပြန်ကြေညာချက်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအနေဖြင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေအရပ်ရပ်အပေါ် ဘက်ပေါင်းစုံမှ အသေအချာစဉ်းစား၍ အထူးကြေညာချက်အမှတ် – ၁/၁၁/၁၁ ပါ ဆုံးဖြတ်ချက်များအား ဆုံးဖြတ်ခဲ့ကြသည်ဟု မိမိတို့မှ ယုံကြည်ပါသည်။

၂။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်သည် မိမိတို့၏ ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်လုံးတွင် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသည့် တပ်ဦးပါတီတရပ်ဖြစ်သည့်အားလျော်စွာ ယခုဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ဟုဆိုသော်လည်း မိမိတို့လှုပ်ရှားမှုကြီးတစ်ခုလုံးအားလည်းကောင်း၊ ပြည်သူတို့၏ အနာဂတ်ကံကြမ္မာနှင့်ပတ်သက်၍လည်းကောင်း ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မည် ဖြစ်ပါသည်။


Saturday, November 12, 2011

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင်ပါဝင်သည့် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော အချက် ၁၂ ချက်

NLD Trends on 2008 Constitution and Party Registration

NLD မှတ်ပုံတင်ရေး မတင်ရေးကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ချက်များ

RFA - အခုတလောမှာ NLD ပါတီကနေ ပြီးတော့ မှတ်ပုံတင်ရေးမတင်ရေးကိစ္စကို လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ပြည်တွင်းနိုင်ငံရေးသမား အများစုကတော့ NLD အနေနဲ့ မှတ်ပုံတင်သင့်တယ်လို့ သဘောထားပေးကြပြီး ပြည်ပအခြေစိုက် နိုင်ငံရေးသမားတွေကတော့ ဘယ်လိုသဘောထားရှိကြသလဲဆိုတာကို RFA အဖွဲ့သား ဦးဝင်းနိုင်က စုစည်းတင်ပြမှာပါ။

ဦးဝင်းနိုင် - ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တဲ့အပြင် လာမယ့်နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း ခေါင်းဆောင် အားလုံးပါဝင်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ထောက်ခံကြောင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး Burma Office ဒါရိုက်တာ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒေါက်တာမြင့်ချို - ပါတီတရပ်ဟာ သူ့ရဲ့ပါတီ ရပ်တည်ရေးနဲ့ ပါတီရဲ့လုပ်ငန်းစဉ်တွေကို သူ့ပါတီရဲ့ အောက်ခြေထု အဖွဲ့တွေရဲ့အသံကို နားထောင်ပြီးတော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ကျနော် ခံယူပါတယ်။ ဒါကြောင့်မို့လို့ NLD ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စမှာလည်းပဲ ပါတီဝင်ထုတွေရဲ့ သဘောထားတွေအပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်တယ်ဆိုရင်တော့ ဒီပါတီဟာ ဒီမိုကရေစီ နည်းကျကျလုပ်ကိုင်တဲ့ အတွက်ကြောင့် ဒါကို ကျနော်တို့ အနေနဲ့ ကြိုဆိုရမှာပေါ့နော်။


Monday, November 7, 2011

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေများ

အောက်ပါလင့်များကို နှိပ်ပြီး ဥပဒေများကို ဒေါင်းလုပ် ယူနိုင်ပါသည်။ 

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၅ )

၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၈)

၃။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၈)

၎။ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၈)

၅။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၁၊ နိုဝင်ဘာ ၄)

မြန်မာနိုင်ငံမှာ အသွင်ပြောင်းလဲမှုတစ်ခု အစပြုနေပြီ ဆိုသည်နှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ သဘောထား

 
မြန်မာနိုင်ငံကို လေးရက်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိခဲ့တဲ့ အမေရိကန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာမိုက်ကယ် ပိုစနာ ဟာ မြန်မာနိုင်ငံမှာ အသွင်ပြောင်းလဲမှုတစ်ခု အစပြုနေပြီလို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတဲ့ အမေရိကန်ဘက်ကနေ အခုလို အသွင်ပြောင်းလဲမှုတွေဖြစ်နေပြီ အားတက်ဖွယ်ခြေလှမ်းတွေရှိနေပြီလို့ ပြောတဲ့အပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ဦးငွေလင်းကတော့ သဘောမတူခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။ ဝိုင်းတော်သား ကိုရင်မောင်က ဦးငွေလင်းကို မေးမြန်းထားပါတယ်။

ဦးငွေလင်း - အသွင်ကူးပြောင်းရေးကာလစပြီလို့ ပြောဖို့ဆိုရင် ကျနော်တို့အမြင်ဆိုရင်တော့ နည်းနည်းစောသေးတယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ နီးပါး ထောင်ထဲမှာ ရှိနေသေးတယ်။ ဒါကို လွှတ်ဖို့ရာအတွက် အင်မတန်ကို တုန့်တုန့်ဆိုင်းဆိုင်းဘဲ၊ နိုင်ငံရေးအကျဉ်းသားလို့ခေါ်ဖို့တောင် ဦးသိန်းစိန်အစိုးရမှာ တော်တော်ဝန်လေးနေတာ ကျနော်တို့တွေ့ရတယ်။

နောက်တစ်ခုက ပြည်တွင်းစစ်တွေ မရှိသင့်တော့ဘူးလို့ အားလုံးနားလည်ထားပေမယ့် တကယ်တမ်းကျတော့ အဲဒီကိစ္စအပေါ်မှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှု ဒီ ဦးသိန်းစိန်အစိုးရမှာ တော်တော့်ကို နည်းသေးတာကို တွေ့ရတယ်။
နောက်တစ်ချက်က ၂၀၀၈ အခြေခံဥပဒေဟာ ကျနော်တို့ အားလုံး ပြည်တွင်း ပြည်ပ အင်အားစုတွေ အားလုံး၊ NLD အပါအဝင်ပေါ့ဗျာ၊ အားလုံးကနေပြီးတော့မှ ၂၀၀၈ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေရှိတယ်။ အဲဒါတွေကို ပြန်လည် သုံးသပ်ကြဖို့လိုတယ်လို့ ထောက်ပြတယ်။ ဒါကိုပြင်ဖို့ရာအတွက် ခြေလှမ်းဘာမှ စတာ ကျနော်တို့ မတွေ့ရဘူး။


Dateline Irrawaddy တွင် နိုဝင်ဘာ ၂ ရက်နေ့ က ဖော်ပြခဲ့သည့် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ အမြင်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (ကျောင်းသားတပ်မတော်) ၏ ၂၃ နှစ်မြောက်မွေးနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

DPNS Felicitation Letter for ABSDF 23rd Birthday

Media and Political Communication သင်တန်းကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် Active Citizenship Foundation (ACF) တို့မှ ပူးတွဲကျင်းပသော နိုင်ငံရေးပညာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း (Political Education Development) ၏ ဒုတိယပိုင်းအဖြစ် Media and Political Communications သင်တန်းကို အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ အလုပ်သမား အသိပညာမြှင့်တင်ရေး ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Wednesday, October 26, 2011

Sunday, October 23, 2011

“HIV, AIDS ပညာပေးအစီအစဉ်” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖိလစ်ပိုင်နိုင်ငံ Active Citizenship Foundation (ACF) တို့မှ ပူးတွဲကျင်းပသော နိုင်ငံရေး ပညာ ဖွံ့ဖြိုး တိုးတက်ရေး သင်တန်း (Political Education Development) ကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့သည်။

Friday, October 21, 2011

သတိ … ရှေ့မှာ အပျော့ဆွဲလှည့်ကွက် ချောက်နက်ကြီးရှိသည် (စိုးနေလင်း)

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးမှာတော့ စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရက နိုင်ငံတကာနဲ့ ပြည်သူလူထုကို သူ့ကစားကွက်ထဲဝင်သွားအောင် လှလှပပ လုပ်ပြလိုက်ပြန်ပါပြီ။ လှပတဲ့ ထွက်ပေါက်တခုပေါ့လေ။ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြီးကိစ္စနဲ့ အခု အကျဉ်းသား ၆,၀၀၀ ကျော် အလွှတ်ပြပေးလိုက်တဲ့ ကိစ္စ။

မြစ်ဆုံရေကာတာ စီမံကိန်းဆိုတဲ့ကိစ္စက ဧရာမကိစ္စကြီးပါ။ ကလေးကစားထားတာ မဟုတ်ပါဘူး။ စစ်အစိုးရက သူတို့ အကျိုးစီးပွားနဲ့ အာဏာတည်မြဲရေး ကျောထောက်နောက်ခံ မက်လုံးတခုနဲ့ လုပ်ထားခဲ့တာပါ။ ဒါကို အရေခွံလဲ အစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီးဆိုသူက လွှတ်တော်ကနေ ပြည်သူလူထုကို ခပ်ပြတ်ပြတ်ပဲ အဖြေပေးထားပြီးပါပြီ။ ဒါပေမယ့် စစ်အစိုးရ ဒီကနေ့ တွေ့နေရတဲ့ ပြဿနာက ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကို ပြည်တွင်းက ပြည်သူလူထုကြီးကရော ပြည်ပက မြန်မာနိုင်ငံသားတွေက တခဲနက် ဆန့်ကျင်လာကြသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ ပညာရှင်တွေကလည်း အပြင်းအထန် ကန့်ကွက် ဆန့်ကျင်လာကြတာပါပဲ။ လှုပ်ရှားမှုတွေက တစစ စိတ်လာ၊ ကျယ်ပြန့်လာ၊ စုစည်းလာတာပါ။

ရိုးရိုး သဘောထား ဖော်ဆောင်ပြသကြရုံသာမဟုတ်ဘဲ စီမံချက်တွေ၊ လှုပ်ရှားမှုတွေ၊ စည်းရုံးဟောပြောမှုတွေပါ လုပ်လာကြတဲ့အတွက် ဒီအတိုင်းသာဆက်သွားရင် ဒါဟာ လူထုအုံကြွ ဆန့်ကျင်မှုကြီးတခုအဖြစ် ကူးပြောင်း ရောက်ရှိသွားနိုင်တယ်ဆိုတာကို စစ်အစိုးရ တဖြစ်လဲ ကြံ့ဖွံ့အစိုးရက ကောင်းကောင်း နားလည်သဘောပေါက်ပါတယ်။

အဲဒီလို ကူးပြောင်းသွားပြီဆိုတာနဲ့ ဆင်းရဲတွင်းထဲမှာ အစိုးရရဲ့ ဖိစီးနှိပ်စက်မှုမျိုးစုံကို ခါးစည်းနေကြရတာ နှစ်ကာလ ကြာလာတာနဲ့အမျှ အထွေထွေ မကျေနပ်မှုတွေပေါက်ကွဲသွားရင် သူတို့ရဲ့ နည်းဟောင်းအတိုင်း အကြမ်းဖက် ချေမှုန်းလို့လည်းမဖြစ်နိုင်တဲ့ အကြောင်းတရားတွေက သူတို့ရဲ့ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရှိလာနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကို စစ်ဝန်ကြီးချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမို့ ပြည်သူတွေရဲ့ဆန္ဒကို အလေးဂရုပြုတာပါဆိုပြီး နိုင်ငံရေး အမြတ်ထုတ်သွားပါတယ်။ တကယ်က လိမ်စဉ်ကြီးပါ။

ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်း ပြောကြားသော ကျေးဇူးတင်စကား

 
ကြွရောက်လာကြတဲ့ ကျနော်တို့ပါတီရဲ့ မဟာမိတ်များ၊ ကျနော်တို့ ပါတီက ရဲဘော်များ၊ ရဲဘော် ရဲဘက် လုပ်ဖော်ကိုင်ဖက်များ ခင်ဗျာ …
ဒီကနေ့ ကျနော်တို့ ပါတီရဲ့ ၂၃ နှစ်မြောက် ပါတီဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားကို အခုလို စုံစုံညီညီ တက်ရောက် ပေးတဲ့အတွက်၊ လုံခြုံရေး အခက်အခဲ၊ အထွေထွေ အခက်အခဲများကြားက အခုလို တက်ရောက်ပေးတဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ အလွန်ပဲ ကျေးဇူးတင်ပါကြောင်း ဦးစွာပြောလိုပါတယ်။

နောက်တစ်ခုကတော့ ဒီမှာတက်ရောက် ပြီးတော့မှ မိမိတို့ပါတီရဲ့ အမြင်၊ မိမိတို့ တပ်ပေါင်းစုများရဲ့ အမြင်တွေကို ဆွေးနွေးပေးတာ၊ နောက် ကျနော်တို့ပါတီ ပိုမိုကြံ့ခိုင်အောင် ပိုမို အလုပ်လုပ်နိုင်အောင် အကြံပြုဆွေးနွေးတာ၊ နောက် ကနေ့ အခြေအနေကြီးအပေါ်မှာ သုံးသပ်ပြီးတော့မှ ဘယ်လို လက်တွဲတိုက်ပွဲဝင်ကြမလဲဆိုတဲ့ သန္နိဋ္ဌာန် ပိုကျအောင်၊ ပိုခိုင်မာအောင် ဆွေးနွေးပေးကြတာတွေဟာ ကျနော်တို့ပါတီအဖို့ဆိုရင် တန်ဖိုးအနဂ္ဃထိုက်တဲ့ အရာကိစ္စတွေဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ အင်မတန် ကျေးဇူးတင်ပါတယ်။


Monday, October 17, 2011

လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ပါတီရဲ့ သဘောထား

 
ဒီနေ့ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ မြန်မာ အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းမှာ သိမ်းသွင်းနေတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ထုတ်ပြန်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လက်ရှိနိုင်ငံရေးအပေါ်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့သဘောထားကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Sunday, October 16, 2011

ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားဓာတ်ပုံများ

 
 

ပါတီတည်ထောင်ခြင်း၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ၂၃ နှစ်မြောက် မွေးနေ့အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အလုပ်သမား အသိပညာမြှင့်တင်ရေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် သဘာပတိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရဲဘော်အောင်မိုးဇော်က ...

“ကျနော်တို့တိုင်းပြည်မှာ ဘာတွေပြောင်းလဲနေသလဲ၊ ကျနော်တို့ တိုင်းပြည်မှာ ဘာတွေဖြစ်နေပြီလဲ၊ ကျနော်တို့ သေသေချာချာကြည့်မယ်ဆိုရင်တော့ ကနေ့အနေအထားအထိ ကျနော်တို့တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်တာက ကနေ့ အခြေအနေအထိ ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

Friday, October 14, 2011

၂၀၀၈ အခြေခံဥပဒေအောက် ဆွဲမသွင်းဖို့ လူ့ဘောင်သစ် သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်ခံအဖွဲ့အစည်းတွေကို ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း သွတ်သွင်းဖို့ အစိုးရက ကြိုးစားနေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောဆိုပြီး အဲသလို ဆောင်ရွက်ချက်တွေကို မပြုလုပ်သင့်ကြောင်း ဝေဖန်လိုက်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပြောကြားသော နှုတ်ခွန်းဆက် အဖွင့်အမှာစကား

အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျနော်တို့ပါတီရဲ့ ၂၃ နှစ်ပြည့် အခမ်းအနားကို အခုလို ကျနော်တို့ ရဲဘော်တွေ၊ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ မဟာမိတ်တွေနဲ့ စုံစုံညီညီကျင်းပခွင့်ရတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်။ တပြိုင်နက်တည်းမှာပဲ အကျဉ်းထောင်တွေထဲမှာလည်း ကျနော်တို့ရဲဘော်တွေ ရှိနေကြသေးတယ်။ ကျနော်တို့ပါတီရဲ့ ၂၃ နှစ်ပြည့်အခမ်းအနားကို အကျဉ်းထောင်တွေထဲမှာလည်း လုပ်နေကြလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်တယ်။ လုပ်လည်းလုပ်နေမှာ ဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ မနေ့ကတော့ အကျဉ်းသားတွေလွှတ်တာနဲ့အတူ နိုင်ငံရေးအကျဉ်းသားအချို့ကို ရောပြီး လွှတ်ခဲ့တာရှိပါတယ်။ သို့သော်လည်း ကျနော်တို့ပါတီက ခေါင်းဆောင်တွေ၊ ကျနော်တို့ပါတီက ရဲဘော်တွေ၊ တပြိုင်နက်တည်းမှာ ကျနော်တို့ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လွတ်လာတာကို ကျနော်တို့ မတွေ့ခဲ့ရဘူး။ ဒီရဲဘော်တွေဟာ ကနေ့အခြေအနေအထိ အကျဉ်းထောင်တွေထဲမှာ လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးအတွက် ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်နေတုန်းပဲဖြစ်ပါတယ်။

ဒီနေ့ ဒီကာလမှာ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေနဲ့ ၂၃ နှစ်တာ တိုက်ပွဲစဉ်အတွင်းမှာ ကျဆုံးခဲ့ရတဲ့ ကျနော်တို့ရဲဘော်တွေ၊ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ ကနေ့အထိ အကျဉ်းထောင်တွေထဲမှာပဲဖြစ်ဖြစ် တောထဲ တောင်ထဲမှာဖြစ်ဖြစ် နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ နယ်စပ်ဒေသတွေမှာပဲဖြစ်ဖြစ် ဒီမိုကရေစီရေးတိုက်ပွဲကို ကြံ့ကြံ့ခံပြီးတော့ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေတဲ့ ရဲဘော်အားလုံးကို ကျနော်တို့ပါတီရဲ့ကိုယ်စား ဦးညွှတ်အလေးပြုတယ်လို့ ကျနော် ပထမဦးဆုံး ပြောချင်ပါတယ်။

Thursday, October 13, 2011

ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်

DPNS 23rd Anniversary Statement

ပါတီဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ်

23rd-anniversary-of-dpns-postcard

ယခုလောက် အခြေအနေအောက်မှာ ပြန်ပြီး ပါတီ မှတ်ပုံတင်သင့် မတင်သင့်

အခုဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တဲ့ကိစ္စနှင့်ပတ်သက်လို့ပါ။ မှတ်ပုံတင်မယ့်ကိစ္စ သတင်းဖြစ်လာတဲ့အပေါ်မှာ မေးမြန်းထားတဲ့သူ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဖြေအတိအကျ ပေးမသွားပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လို အခြေအနေအောက်မှာ ပါတီမှတ်ပုံတင်နိုင်မလဲ။ မှတ်ပုံတင်မယ့်ကိစ္စ ဖြစ်နိုင်ချေ အလားအလာ ဒီအမြင်တွေကို သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဓိက ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနဲ့ နောက်တဦးကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ သူကတော့ ယခင်က နိုင်ငံရေးပါတီ ထောင်ခဲ့ပါတယ်။ အခုတော့ လက်ရှိ တသီးပုဂ္ဂလအနေနဲ့ ရပ်တည်နေတဲ့ နိုင်ငံရေးသမား တဦးဖြစ်ပါတယ်။

VOA - ကိုငွေလင်းရေ … အခုနက ပြောသွားသလိုပါပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံတင်မှုနဲ့ပတ်သက်လို့ မှတ်ပုံတင်မယ့် အလားအလာ ရှိ မရှိဆိုတဲ့ သတင်းတွေ တော်တော်ဖြစ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း ခုနက ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ သူတို့အထဲမှာလည်း ဆွေးနွေးနေတဲ့ အခြေအနေ ရှိပါတယ်။ အဲဒီတော့ အခုလို အခြေအနေ အချိန်အခါအောက်မှာ မှတ်ပုံတင်နိုင်တဲ့အနေအထား မှတ်ပုံတင်ဖို့အနေအထား ကိုငွေလင်းရဲ့သုံးသပ်ချက် အတိုချုပ်လေး သိချင်ပါတယ်။

Thursday, October 6, 2011

သမဂ္ဂတွေပေါ်ပေါက်ရေး ဘယ်လောက်နီးပြီလဲ (ရဲဘော်ဖိုးသံချောင်း)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲက ကြပ်ပြေးလွှတ်တော်ထဲမှာ ဗိုလ်ကျော်ဆန်း ပြောသွားတဲ့ သမဂ္ဂသုံးမျိုးနဲ့ပတ်သက်တဲ့ စကားတွေကိုဖတ်ရတော့မှ ဗိုလ်ချုပ် ဦးသိန်းစိန်အစိုးရရဲ့ အကြံအစည်တွေ၊ ဆင်ခြေတွေကို အထင်းသား မြင်လိုက်ရပါတယ်။

သူပြောတာက တခေတ်ကပေါ်ခဲ့တဲ့ လယ်သမား အဖွဲ့အစည်းတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့သြဇာတွေ သက်ဝင်ခဲ့လို့ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဒါကြောင့်မို့ လယ်သမား အဖွဲ့အစည်းကို အခြေအနေ အရပ်ရပ်ကိုလေ့လာပြီးမှသာ ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းရမယ် စသဖြင့် အချက်အလက်တွေ အမှားမှားအယွင်းယွင်းနဲ့ ပြောသွားပါတယ်။ အချက်အလက်အမှားဆိုတာက “ပမညတ က ဗကသများအဖွဲ့ချုပ်” ကို ဖွဲ့စည်းခဲ့တယ်လို့ ပြောတာမျိုးပါ။

ဒီလိုပြောကြားချက်ကနေ ပြသနေတဲ့အရေးကြီးတဲ့အချက်တခုက ဒီ ကြံ့ဖွတ်အစိုးရဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်း အစိုးရက စလို့ ဗမာပြည်ကို ရာစုနှစ်တဝက်အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ အခြေခံ တွေးနည်း ခေါ်နည်း၊ ရှုမြင်နည်းတွေကို တသွေမတိမ်းဆက်ခံ၊ လက်ခံထားတယ်ဆိုတာပါပဲ။ အဲဒီတွေးခေါ်နည်းဆိုတာက တပ်ထဲမှာ တသွေး၊ တသံ၊ တမိန့်တည်ရသလို နိုင်ငံထဲမှာလည်း တသွေး၊ တသံ၊ တမိန့်တည်စေချင်တာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတရပ်ကို စစ်တပ်လိုကြည့်မြင်၊ ချုပ်ကိုင်ချင်တာနဲ့ သူတို့တတွေဟာ လူ့အဖွဲ့အစည်းကို ကြည့်မြင် နားလည်ရာမှာလည်း မှားကုန်တာဖြစ်ပါတယ်။

Friday, September 30, 2011

ဆင်တော့ဆင်တယ် ဒါပေမယ့် မတူဘူး (ဇွန်မှိုင်း)

(၁)

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့်ပတ်သက်လို့ ဦးသိန်းစိန်အစိုးရ ဘယ်လို သဘောထားတွေ ကိုင်တွယ်ကျင့်သုံးမလဲ ဆိုတာသိရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို ကျနော် လေ့လာကြည့်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁) နိုင်ငံတော်အခြေခံမူများအခန်း ပုဒ်မ (၃၄) မှာ အခုလို အတိအကျ ရေးသား ထားပါတယ်။

“ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့် တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။”

ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပဲ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း ပုဒ်မ (၃၆၁) မှာ …

“နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည် ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။”

အဲဒီလို ဖော်ပြထားပြီး ပုဒ်မ (၃၆၂) နှင့် (၃၆၃) မှာ အခုလို ရေးသားပြဋ္ဌာန်းထားတာကို ထပ်တွေ့ရပါတယ်။
ပုဒ်မ (၃၆၂)။ “နိုင်ငံတော်သည် ခရစ်ယန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။”
ပုဒ်မ (၃၆၃)။ “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။”

ဒီအတိုင်းဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တစုံတရာ အာမခံထားတဲ့သဘော၊ တစုံတရာ လွတ်လပ်ခွင့်ပြုထားတဲ့သဘောလို့ ယူဆမယ်ဆို ယူဆလို့ ရနိုင်သလိုလို။

Tuesday, September 27, 2011

ကောင်းမွန်တဲ့အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

ဆယ်စုနှစ်များစွာ စစ်တပ်ကအုပ်ချုပ်ပြီးနောက်၊ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှု လက္ခဏာတွေ ရှိလာတယ်။ ဒါပေမယ့် ကာလတာရှည် ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကတော့ တကယ့်လွတ်လပ်မှုနဲ့ အလှမ်းဝေးနေ သေးတယ်လို့ ဒီမိုကရေစီကာကွယ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။

ပြင်သစ်သတင်းဌာနနဲ့ သီးသန့် မေးမြန်းခန်းမှာ၊ အစိုးရသစ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒအစစ်အမှန် ရှိတာတွေ့ရတယ်လို့ နိုဘယ်ဆုရှင်က အေအက်ဖ်ပီကို ပြောပြတယ်။

“အပြောင်းအလဲတွေ ရှိလာတယ်၊ ဒါပေမယ့် ကျမတို့အားလုံး လွတ်လပ်သွားပြီ၊ ဒါမှမဟုတ် လုံးဝလွတ်လပ်သွားပြီလို့တော့ မထင်သေးပါဘူး။ သွားရမယ့်ခရီးကတော့ လုံးလုံးလျားလျား ရှိနေသေးတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ပေါ်မှုတွေရှိနေပြီလို့ ထင်ပါတယ်” လို့ အတိုက်အခံခေါင်းဆောင်က ရန်ကုန်ရှိ သူ့ပါတီရုံးခန်းမှာ ပြောပြပါတယ်။

“ကျမဟာ သတိရှိတဲ့ အကောင်းမြင်သမားတယောက်ပဲ ဖြစ်နေသေးတယ်လို့ အမြဲပြောပါတယ်။ သမ္မတက အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလုပ်ချင်တယ်ဆိုတာ ကျမအနေနဲ့ တကယ် ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒါတွေကို အောင်မြင်အောင် ဘယ်လောက်လုပ်နိုင်မလဲဆိုတာကတော့ ကျမတို့ မေးမြန်းဖို့လိုနေသေးတဲ့ မေးခွန်းပါ”

သံလက်သီး စစ်ဖက်အုပ်ချုပ်မှု၊ ရာစုနှစ်ဝက်နီးပါးကာလကြာပြီးတဲ့နောက် စစ်အစိုးရက သမ္မတ ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပေးခဲ့ပါတယ်။ ဦးသိန်းစိန်ကတော့ ယမန်နှစ်က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ယူနီဖောင်း ချွတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲက တဦးပါ။

ပြောင်းလဲလာတဲ့ မြန်မာပြည်အခြေအနေနဲ့ လူ့ဘောင်သစ်အမြင်


aungmoezaw_dpns

"တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးဝန်းကျင်က အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်တိုင်းပြည်ရဲ့ ကိစ္စအဝဝကို လုပ်ဆောင်နိုင်တဲ့ အခြေအနေလမ်းစပွင့်တယ်ဆိုလို့ရှိရင် ကျနော်တို့လည်း အခုနလို နိုင်ငံရေးပါတီတခုအနေနဲ့ ဗမာပြည်ထဲမှာ ရပ်တည်သင့်ရင် ရပ်တည်ရမှာပဲ ဖြစ်ပါတယ်။ 
ဒါပေမယ့် အဲဒီလို အခြေအနေမျိုးတွေက ကနေ့ကာလမှာ ရှိပြီဆိုတဲ့ လက္ခဏာကို ကျနော်တို့ အခုအချိန်အထိ မတွေ့ရသေးဘူး ဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာတော့ ကျနော်တို့ လုပ်ရမယ့် ပုံမှန်အလုပ်တွေကိုပဲ ဆက်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ် ..."

မြန်မာပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို VOA မှ ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ ဗမာပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အပြောင်းအလဲဘက်ကို ဦးတည်တဲ့ အစရဲ့အစ သဘောမျိုး သူမြင်နေရပြီ လို့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကိုအောင်မိုးဇော် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အဲဒီအမြင်နဲ့ ပတ်သက်လို့ ကျနော်အနေနဲ့တော့ သဘောတူတယ်လို့ ပြောချင်တယ်။ ဒါကတချက်ပေါ့။ နောက်တခုက ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတယ်။ သမ္မတ ကိုယ်တိုင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တယ် ဆိုတော့ အဲဒီအခြေ အနေတွေက အခုနလိုပေါ့။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကာယကံရှင်ဖြစ်တယ်။ သူကိုယ်နှိုက်က သမ္မတနဲ့ စကားပြောတာဖြစ်တယ်။ သူကိုယ်၌က ပြောတဲ့စကားအပေါ်မှာ ကျနော်တို့ အလေးအနက်ထားသင့်တယ်လို့ ကျနော်တို့ထင်တယ်။ ကျနော်တို့ ယုံကြည်မှုပေးသင့်တယ်။ ယုံကြည်ရလိမ့်မယ်လို့ အဲဒီလို ယူဆတယ်။

Sunday, September 25, 2011

အမျိုးသမီးနဲ့ နိုင်ငံရေး

မအင်ကြင်းနိုင် (RFA)

လက်ရှိ မြန်မာအစိုးရ အဖွဲ့တွင်းမှာ ဒု-ဝန်ကြီးရာထူး တနေရာသာ အမျိုးသမီးကို ခန့်အပ်ထားပြီး လွှတ်တော်ထဲမှာတော့ အမျိုးသမီးအမတ် အနည်းအကျဉ်း ပါလာတာ တွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ မျိုးဆက်သစ် လူငယ် နော်မေဘယ်လ်ထူး နဲ့ ပြည်တွင်း လူငယ်ကွန်ရက် အဖွဲ့တခုမှာ ပါဝင်လှုပ်ရှားနေတဲ့ မစပယ် တို့ရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

လူငယ့်အရေး၊ လူငယ့်အတွေး (လူငယ် စကားဝိုင်း)

ပါဝင်ဆွေးနွေးကြသူများ - 

-ဝေနှင်းပွင့်သုန် (ဘားမားကမ်ပိန်း - ယူကေ)
-ဇင်မာဖြိုး (မြန်မာ့အမျိုးသမီး သမဂ္ဂ)
-နော်မေဘယ်လ်ထူး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)

Saturday, September 17, 2011

တိုင်းရင်းသားအရေး နဲ့ လူ့ဘောင်သစ်

2011-09-16 (RFA)

အစိုးရသစ်နဲ့ တိုင်းရင်းသား အင်အားစုများအကြား အကျပ်အတည်း ဆိုတဲ့အမည်နဲ့ အစီရင်ခံစာ တစောင်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

စာမျက်နှာ ၁၄၆ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြောင်း၊ စစ်အစိုးရနဲ့ သဘောတူညီချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းရင်းသား အခွင့်အရေး စတဲ့ ခေါင်းစဉ်တွေနဲ့ အခန်း ၁၆ ခန်းခွဲပြီး တင်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာ ရေးသား ထုတ်ဝေရာမှာပါဝင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက RFA ကို အခုလိုပြောပါတယ်။


သတင်းထုတ်ပြန်ချက်

letter-head 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့် လေ့လာရေးဌာနမှ ‘အစိုးရသစ်နှင့် တိုင်းရင်းသား အင်အားစုများ အကြား အကြပ်အတည်း’ ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစောင်ကို ထုတ်ဝေဖြန့်ချိလိုက်ပါသည်။

ဤအစီရင်ခံစာတွင် သူမနာ ကိုယ်မနာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ငြင်းပယ်ပြီး အနှစ်သာရ မပါသည့် ဆွေးနွေးခြင်းကို ဟန်ပြလုပ်ပြနေရုံဖြင့် ပြည်တွင်းစစ်မီးကို ရှောင်လွှဲ၍မရနိုင်ကြောင်း သမိုင်း၏သက်သေပြချက်ဖြစ်သည့် နှစ် ၂၀ ကျော်ကြာ အပစ်ရပ်နိုင်ငံရေး အခြေအနေများကို ခွဲခြားပိုင်းစစ် တင်ပြထားပါသည်။


အစိုးရသစ်နှင့် တိုင်းရင်းသားအင်အားစုများအကြား အကြပ်အတည်း

Dpns Cfg Report Sept 2011

Thursday, September 15, 2011

လွှတ်တော် ၂ ရပ်မှ ဖွဲ့စည်းပေးသော ကော်မတီများကို လေ့လာစိစစ်ခြင်း

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

ကျင်းပဆဲ ပြည်သူ့လွှတ်တော် မှ ကော်မတီ ၁၉ ခု ဖွဲ့စည်းပေးပါတယ်။

ကော်မတီတစ်ခုမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး၊ ကော်မတီသက်တမ်းကာလက ၁ နှစ် ဖြစ်ပါတယ်။ အဆိုပါ ကော်မတီ ၁၉ ခု အနက် ကော်မတီ ၁၇ ခုရဲ့ ဥက္ကဋ္ဌ အားလုံးဟာ ယခင်(နအဖ) စစ်အစိုးရအဖွဲ့ဝင်တွေပဲ ဖြစ်တယ်။

(စစ်ဗိုလ်ဟောင်း၊ အစိုးရဝန်ကြီးဟောင်း၊ မြို့တော်ဝန်ဟောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင်ဟောင်း စသဖြင့် ဖြစ်ပါတယ်)

သူတို့တတွေဟာ ကြံ့ဖွံ့ပါတီ (USDP)ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။

ကော်မတီ ၁၉ ခုမှာ အတွင်းရေးမှူး ၁၉ ဦးရှိတဲ့အနက် “တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ” အတွင်းရေးမှူးဖြစ်တဲ့ (အင်ဂျန်းယန်မဲဆန္ဒနယ်) ဒေါ်ဒွဲဘူ တဦးသာလျှင် (စဒက) ပါတီက ဖြစ်တယ်။

ကျန်တဲ့ကော်မတီအတွင်းရေးမှူး ၁၈ ဦးဟာ ကြံ့ဖွံ့ပါတီ (USDP)က လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်တယ်။

ကော်မတီဝင်အများစုကို ကြံ့ဖွံ့ပါတီ (USDP)လွှတ်တော်ကိုယ်စားလှယ်တွေက လွှမ်းမိုးရယူထားပါတယ်။ ကော်မတီတိုင်း တွင် ကြံ့ဖွံ့ပါတီ (USDP)မှ လွှတ်တော်ကိုယ်စားလှယ်များသည် ၉ ဦး ကနေ ၁၃ ဦးထိ ပါဝင်နေတာ စိစစ်တွေ့ရှိပါတယ်။ 

ပြည်သူ့လွှတ်တော်ကော်မတီ ၁၉ ခုတွင်ပါဝင်သူ ဥက္ကဋ္ဌများမှာ - 

Friday, August 26, 2011

ဟာရီကိန်း အိုင်ရင်းအတွက် အမေရိကန် အရှေ့ဘက်ကမ်း အရေးပေါ် ကြေညာ

အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် ကမ်းရိုးတန်းတလျှောက်ကို ပြင်းအားအဆင့် ၃ ရှိပြီး အိုင်ရင်း (Irene) လို့ အမည်ပေးထားတဲ့ ဟာရီကိန်း မုန်တိုင်းဟာ အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် စနေနေ့ညမှာ ကျရောက်လာဖို့ ရှိတာကြောင့် မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ ကွန်နက်တီကပ်၊ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အရေးပေါ်အခြေအနေတွေ ကြေညာထားကြပါတယ်။


Thursday, August 25, 2011

ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ ပါတီဌာနချုပ်သို့ လာရောက်လည်ပတ်

သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ Koren Human Rights Foundation(KHRF) မှ အမှုဆောင်ဒါရိုက်တာ (Mr. Anselmo LEE)၊ အလုပ်အမှုဆောင်အရာရှိ Ms. Seon ae Jeong၊ လုပ်ငန်းစဉ်ညှိနှိုင်းရေးမှူး Ms. Hee-jung Kim၊ လုပ်ငန်းအကောင်အထည်ဖော်ရေး မန်နေဂျာ Ms. Hye-jung LEE တို့ လာရောက်လည်ပတ်ခဲ့သည်။

Tuesday, August 23, 2011

ပြည်တော်ပြန်သင့် မပြန်သင့်

 
(ကိုအောင်မိုးဇော်၊ ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တကယ်ပီပြင်ဖို့၊ နောက်ဆုံး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ လိုတယ်။ အောင်မြင်ဖို့ လိုတယ်။ ဒုတိယက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ တတိယ အချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဒီမိုကရေစီအရေးအတွက် လုပ်နေရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင် တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ဦးတည်သွားပြီလို့ ပြောလို့်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို အပြင်က လူတွေကို ဖိတ်စရာတောင် မလိုပါဘူး။

 
(ကိုဇော်မင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို မလွှတ်သေးဘဲ ပြည်ပမှာရှိနေတဲ့သူတွေ ပြန်လာပါဆိုတာ အဓိပ္ပာယ်မရှိဘူး၊ အရပ်ထဲမှာပြောသလို ပါးစပ်နဲ့လည်း ပြောမရဘူး၊ ပြန်စေချင်ရင် မြန်မာပြည်မှာရှိတဲ့ ပြဿနာတွေ ပြေလည်ပြီးမှ ဥပဒေကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့် အတိအကျ ထုတ်ရမယ်၊ ဒီမိုကရေစီ အရေးအတွက် လုပ်ဖော်ကိုင်ဘက်တွေက ထောင်ထဲမှာ၊ ကိုယ်ကတော့ အေးအေးဆေးဆေး ပြန်တယ် ဆိုတာ သဘာဝကို မကျဘူး။

ဧရာဝတီ သတင်းဌာနမှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Sunday, August 21, 2011

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ခြင်းအပေါ် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့ တုံ့ပြန်ချက်

 
BBC မြန်မာပိုင်း
ကြာသပတေးနေ့ ညနေပိုင်းအစီအစဉ်
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

BBC - မနေ့တုန်းက သမ္မတဦးသိန်းစိန်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေကို ခေါ်ယူ တွေ့ဆုံ မိန့်ခွန်းပြောခဲ့ရမှာ ပြည်ပရောက်မြန်မာတွေကို ပြန်လာဖို့ဖိတ်ခေါ်တာလည်း ပါရှိပါတယ်။ အဲဒီပြောဆိုမှုတွေအပေါ် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်ပါတီရဲ့အမြင်ကို သိရအောင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို အစိုးရဖက်က ဘာရည်ရွယ်ချက်နဲ့ ဒီလိုကမ်းလှမ်းသလဲလို့ မေးကြည့်ပါတယ်။

ဦးအောင်မိုးဇော် - အခုလက်ရှိ အစိုးရကိုယ်၌က ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရဆိုပြီးတော့ သူတို့ဘာသာသူတို့ Claim လုပ်နေရတယ်။ အဲဒီလို အခြေအနေအောက်မှာ အခုတက်လာမယ့်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုတာ နောက် ပြည်တွင်းက အသိအမှတ်ပြုတာ၊ ဒီကိစ္စတွေကို အသည်းအသန်လိုချင်နေပုံရတယ်လို့ ကျနော့်အနေနဲ့ အဲဒီလို တွက်ပါတယ်။ အဲဒီအခြေအနေ အောက်မှာမှ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မထိခိုက်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖို့ကို ကြိုးစားနေတယ်။ တိုင်းရင်းသားတွေနဲ့လည်း စစ်တိုက်လိုက် စကားပြောလိုက် လုပ်နေတယ်။


Thursday, August 18, 2011

အဓိကပြဿနာများကို လျစ်လျူရှုထားသမျှ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၁)

(၂၀၁၁-ခုနှစ် သြဂုတ်လ ၁၈ ရက်)

သြဂုတ်လ ၁၇ ရက်နေ့တွင် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၊ အသင်း၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ကြံ့ဖွံ့အစိုးရသမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းကို လေ့လာကြည့်ရာ ပထမပိုင်းအဖြစ် ကြံ့ဖွံ့အစိုးရသစ်၏ လေးလခွဲကာလအတွင်း လုပ်ဆောင်ခဲ့သော စီးပွားရေး ကိစ္စရပ်များဖြစ်သော

- စီးပွားရေးတွင် ဖြစ်ပေါ်နေသော အဟန့်အတားများအနက် ဖယ်ရှားပေးသည့် ကိစ္စရပ်များ

- ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု

- ပင်စင်စားများအား ခံစားခွင့်တိုးပေးမှု

- လယ်သမားများအတွက် ဆန်စပါးဝယ်ယူရေး စီမံကိန်းသစ်စသည့် ကိစ္စများကို ပြောကြားသွားသည်။

သမ္မတဦး သိန်းစိန် စီးပွားရေးလုပ်ငန်းရှင်တွေ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာတွင်ပြောသော မိန့်ခွန်းနှင့်ပတ်သက်၍ ဦးအောင်မိုးဇော်၏ အမြင်

သမ္မတဦးသိန်းစိန် နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး အကောင်းဘက်က ကြည့်မြင်ဝေဖန်ချက်တွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ 

တချို့ကတော့ သတိထားစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန် စာနယ်ဇင်းအသိုင်းအဝိုင်းမှာတော့ ချီးကျူး သြဘာသံတွေ ပိုပြီးတွေ့ရပါတယ်။ သတင်းစာဆရာ မောင်ဝံသရဲ့အဆိုကတော့ သမ္မတ တဦးအနေနဲ့ ပြောသင့်ပြောထိုက်တဲ့စကားကို ပြောဆိုခြင်းပဲလို့ ဆိုပါတယ်။

Saturday, August 13, 2011

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဖြတ်သန်းမှု သမိုင်းအကျဉ်း

နိဒါန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း သန္ဓေတည်ခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ လူငယ်ကျောင်းသားများနှင့် စုစည်းထားခဲ့သော တော်လှန်သည့်ပါတီတရပ် ဖြစ်ပေသည်။

(၁)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။

ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ -

(၁) ရဲဘော် မိုးသီးဇွန် (ဥက္ကဋ္ဌ)
(၂) ရဲဘော် သက်ထွန်း (ဒုတိယ ဥက္ကဋ္ဌ)
(၃) ရဲဘော် မိုးဟိန်း (အထွေထွေအတွင်းရေးမှူး)
(၄) ရဲဘော် ရဲနိုင်အောင် (တွဲဖက်အတွင်းရေးမှူး)
(၅) ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု (စည်းရုံးရေးကော်မတီ)
(၆) ရဲဘော် ယဉ်ထွေး (စီမံ/စည်းကမ်း ကော်မတီ)
(၇) ရဲဘော် ဝင်းမြင့်အောင် (သတင်းနှင့်ပြန်ကြားရေးကော်မတီ)
(၈) ရဲဘော် တင်ထွန်းလှိုင် (ဘဏ္ဍာရေးကော်မတီ)

ပါတီကို စတင်ထူထောင်သည့်ကာလတွင် အောက်ပါရည်ရွယ်ချက် (၃) ရပ်ကို ချမှတ် အကောင်အထည်ဖော်ခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တပ်ပေါင်းစုရေးရာ

တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သော သဘောထား

တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးပင်ဖြစ်သည်။ ယင်းတို့တွင် ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာ စာပေတို့မှာ မူလကတည်းက တည်ရှိပြီးဖြစ်သည်။ ပဒေသရာဇ်စနစ်၊ နယ်ချဲ့စနစ်၊ စစ်အာဏာရှင်စနစ်နှင့် ဖောက်ပြန်သည့် အုပ်စိုးသူတို့ကြောင့်သာ တိုင်းရင်းသား လူမျိုးအသီးသီး၏ တရားအရတည်ရှိပြီး အခွင့်အရေးတို့သည် စော်ကားဖျက်ဆီးခြင်း ခံနေရပေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ တော်လှန်စစ်သည် မိမိတို့၏ မွေးရာပါ အခွင့်အရေးများကို ခုခံကာကွယ်ရန်နှင့် တိုင်းရင်းသား အသီးသီး လွတ်မြောက်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းသစ်ကြီးအတွက် ဖောက်ပြန်သည့်စနစ်ကို သုတ်သင်ရန် ဆင်နွှဲနေသည့် တရားသောစစ်ဖြစ်သည်။

Sunday, August 7, 2011

ဆန်ဖရန် ဘေးဧရိယာမှာကျင်းပတဲ့ ၈၈ - ၂၃ နှစ်ပြည့် အခမ်းအနား လူ့ဘောင်သစ်ပါတီဝင်များ ပူးပေါင်းဆောင်ရွက်

 
ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ဥက္ကလံမြို့ ဆီဇာရှေးဗတ်ဇ် ကျောင်းရိပ်သာမှာကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ၈ လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနားမှာ အဲဒီဒေသကိုရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) မှ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရှစ်လေးလုံး ၂၃ နှစ်မြောက် အခမ်းအနားသို့ လူ့ဘောင်သစ် ပါတီဝင်များ တက်ရောက်

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်၊ Chapel Hill မြို့မှာ ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက်နေ့ အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။

Saturday, August 6, 2011

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ (၂၃) နှစ်မြောက်နေ့ သဘောထားထုတ်ပြန်ချက်


ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ (၂၃) နှစ်မြောက်နေ့
သဘောထားထုတ်ပြန်ချက်

လူမျိုးစုံ မြန်မာပြည်သူများက ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြသည်မှာ (၂၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေါင်းများစွာကို ရင်းနှီးပေးဆပ်ပြီး လူထုအားဖြင့် အစိုးရယန္တရားများ ရပ်ဆိုင်းသွားသည်အထိ ကိုင်လှုပ်ပစ်နိုင်ခဲ့သည်။ မဆလ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ အဆုံးသတ်အောင်ပွဲ မဆင်နိုင်ခင်မှာ စစ်အုပ်စု၏ ဖြိုခွဲချေမှုန်းခြင်းခံခဲ့ရသည်။

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ရှစ်လေးလုံးစိတ်ဓာတ်၊ ရဲဝံ့ပြတ်သားသည့် ရှစ်လေးလုံး အရေးတော်ပုံတပ်သားများ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ရလဒ်ပိုင်ရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ စသည့် မရေမတွက်နိုင်သော အောင်သီးအောင်ပွင့်များကို ဖန်တီးပေးခဲ့ပါသည်။

ဗိုလ်ချုပ် စောတာခဲလယ် ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းခြင်း သဝဏ်လွှာ



ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) ဥက္ကဋ္ဌကြီး
ဗိုလ်ချုပ် စောတာခဲလယ် ကွယ်လွန်ခြင်းအတွက်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းခြင်း သဝဏ်လွှာ

၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) ဥက္ကဋ္ဌကြီး ဗိုလ်ချုပ် စောတာခဲလယ် ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) နှင့် ထပ်တူ၊ ရှမ်းပြည်လူထုတရပ်လုံးနှင့် ထပ်တူ၊ ပအိုဝ့်အမျိုး သားထုတရပ်လုံးနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ဦးစွာပထမ ဖော်ပြအပ်ပါသည်။ 

ဗိုလ်ချုပ် စောတာခဲလယ်သည် ၁၉၄၉ မှ ၁၉၅၈ အထိ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပ.အ.လ.ဖ) ၏ ဌာနခွဲမှူး အဖြစ်လည်းကောင်း၊ ၁၉၆၆ တွင် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပ.အ.လ.ဖ) ၏ ဒုတိယ ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ၁၉၈၀ မှ ၁၉၉၄ အတွင်း လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (လ.ပ.ဒ.တ) ၏ ဥက္ကဋ္ဌကြီးအဖြစ် လည်းကောင်း၊ ၁၉၇၂ မှ ၂၀၀၈ ခုနှစ်အထိ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) ဗဟိုကော်မတီ နှင့် စစ်ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တော်လှန်ရေးတာဝန်များကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့မှုများအပေါ် မိမိတို့ပါတီမှ အထူးပင် လေးစားဂုဏ်ယူမိပါသည်။

Friday, August 5, 2011

ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) ၏ သဝဏ်လွှာ

ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) ၏ သဝဏ်လွှာ

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်

နိုင်ငံတဝှမ်းလုံးမှ လူထုလူတန်းစား အသီးသီးပါဝင်ခဲ့ကြသော ၈၈ အရေးတော်ပုံကြီးသည် မြန်မာပြည်သူလူထုအား ဖိနှိပ်အုပ်စိုးခဲ့သော တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပြီး တိုင်းပြည် ပြည်သူလူထုအား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ကိုဖော်ဆောင်ရန် ယနေ့တိုင် လမ်းညွန်မှုပေးနိုင်ခဲ့သည်။ ၂၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ၈၈ အရေးတော်ပုံကြီး စွမ်းပကားနှင့် ကျေးဇူးတရားမှာ အလွန်မွန်မြတ် ကြီးမားလှပေသည်။ သို့သော်လည်း စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖျက်သိမ်းကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တန်းတူရေးတို့ကို အခြေခံသည့် ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး လုပ်ငန်းတာဝန်မှာ မပြီးဆုံးသေးချေ။

Statement on the 23rd Anniversary of the 8888 People's Power Movement for Democracy in Burma

Statement on the 23rd Anniversary of the 8888 People's Power Movement for Democracy in Burma

The “8888 Uprising” is the largest ever national Burmese uprising representing all walks of life, which toppled down the one party military dictatorship regime that ruled the country through brutality and oppression. Until today, Burmese citizens look to the 8888 Uprising as a spiritual guidance that guides and leads Burmese citizen to stand for freedom, justice, democracy, and human rights for all Burmese citizens. Today marks the 23rd Anniversary of the 8888 People's Power Movement, we wonderfully feel the great power given by the 8888 Uprising and are very thankful to it. However, the tasks to completely terminate the military dictatorship system and to reestablish federal union that is based on democracy, human rights, and equality are not completed yet.

Thursday, July 28, 2011

တွေ့ဆုံမှုမှ ဆွေးနွေးရေးသို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့် လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၄/၂၀၁၁)
(၂၀၁၁-ခုနှစ် ဇူလိုင်လ ၂၈ ရက်)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဇူလိုင်လ (၂၅) ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် အချိန် (၁) နာရီကြာ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့အကြား (၁၀) ကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

ယခင်တွေ့ဆုံခဲ့သည့် (၉) ကြိမ်မှာ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တို့ ဖြစ်သည်။


Friday, July 22, 2011

ဧရာဝတီကို ကာကွယ်ကြ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့် လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၃/၂၀၁၁)

(၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်)

(၁) ချီဖွေ၊ 
(၂) ပါရှီ၊ 
(၃) လာကင်၊ 
(၄) ဖီဇော၊ 
(၅) ခေါင်လန်းဖူး၊ 
(၆) လာဇာ။

ဧရာဝတီမြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်များပေါ်တွင် တည်ဆောက်မည့် ဆည်ခြောက်ခု၏ အမည်များဖြစ်သည်။ မေခ၊ မေလိခ မြစ်ဆုံတွင်ဆောက်မည့် ဆည်တခုအပါအဝင် ဆည် ၇ ခု တည်ဆောက်မည့် စီမံကိန်းစတင်သည့် အမြောက်သံသည် ဧရာဝတီမြစ်အတွက် သေမင်းတမန် ခေါင်းလောင်းထိုးသံဖြစ်သည်။

နှစ်ပေါင်းများစွာ အလွန်အကျွံ သစ်ခုတ်လှဲမှုများကြောင့် ရေဝေရေလဲဒေသများတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်နေခဲ့သည်။ မြစ်ရိုးတလျောက် စည်းကမ်းမဲ့ ရွှေထုတ်ယူမှု၊ ကျောက်မျက်တူးဖော်မှုများကြောင့် သောင်ထွန်းမှု၊ မြစ်ကြောင်းပြောင်းမှုများ ဖြစ်ပေါ်ပြီး ဧရာဝတီမှာ အသက်ငင်နေခဲ့ရသည်။ အရှည် ၁,၃၄၈ မိုင်ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှည်ဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ်နှင့်ပတ်သက်၍ ပညာရှင်များက လွန်ခဲ့သည့် လေး၊ ငါးနှစ်လောက်ကတည်းက သတိပေးခဲ့ကြသည်။ ပြီးခဲ့သည့် နွေရာသီကဆိုလျှင် ဧရာဝတီမြစ်ကို လမ်းလျှောက်၍ ဖြတ်သန်းနိုင်လောက်အောင် ရေနည်းသွားသည့်အဖြစ်ကို မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာများက ဖော်ပြအသိပေးခဲ့သည်။ သို့သော် အာဏာပိုင်များက လျစ်လျူရှုခဲ့သည်။

Wednesday, July 20, 2011

ဦးဝင်းတင်နှင့် စကားပြောခြင်း (NLD အနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ ဘယ်လို အားတွေ မွေးထားသင့်သလဲ)

uwintin_copy-2
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်

ဦးနေရိန်ကျော် (RFA) ။ ။ ဒီတပတ်မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းက ကျနော်တို့ RFA တယ်လီဖုန်း လိုင်းပေါ်ကနေတဆင့် ဆရာဦးဝင်းတင်နဲ့ တိုက်ရိုက်ပြောဆိုခဲ့တာကို ကျနော်က တင်ပြပါရစေ။

- ဟုတ်ကဲ့ ဦးငွေလင်းခင်ဗျ။ အခု ဆရာဦးဝင်းတင် လိုင်းပေါ်မှာရှိနေပါတယ်။

ဒီတပတ်ဆွေးနွေးမယ့်အကြောင်းအရာကို စပြီး ဆွေးနွေးလို့ရပါပြီခင်ဗျ။

ဦးငွေလင်း။ ။ ဆရာနေကောင်းရဲ့လားခင်ဗျ။

ဦးဝင်းတင်။ ။ ကောင်းပါရဲ့ဗျာ။ ခင်ဗျားတို့ရော နေလို့ကောင်းကြရဲ့လား။

ဦးငွေလင်း။ ။ ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျာ။

အခု ဒီရက်ပိုင်းအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့မှ ဆရာတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှမ်းပြီးတော့မှ ပေးတဲ့စာ ကျနော်တို့ကြားရတယ်ခင်ဗျာ။ အဲဒီပေးတဲ့စာနဲ့ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့မှ စာပြန်ထားတာလည်း ကြားရပါတယ်။ အဲဒီစာတွေအပေါ်မှာ သူတို့ အစိုးရအဖွဲ့အနေနဲ့ ဘာတွေ အကြောင်းပြန်သလဲ။ နောက်ပြီးတော့ NLD အနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ရာအတွက် ဘယ်လို အားတွေ မွေးထားသင့်သလဲဆိုတာနဲ့ ပက်သက်ပြီးတော့မှ ဒီနေ့ ပြောချင်ပါတယ်ဆရာ။ အဲတော့ ဆရာ့အနေနဲ့ အစိုးရအဖွဲ့ကနေပြီးတော့မှ အကြောင်းပြန်လာပုံနဲ့ ပါတီဘက်က ပြင်ဆင်ထားပုံနည်းနည်းလေး မိတ်ဆက်ပေး ပါလားဆရာ။

Wednesday, July 6, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ သတိပေးစာ နဲ့ပတ်သက်လို့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့ အမြင်

VOA တိုက်ရိုက်လေလိုင်း အစီအစဉ် (၁-၇-၂၀၁၁) တွင် ပြောခဲ့သည့် သဘောထား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုလို မြန်မာအစိုးရကနေပြီးတော့ တရားဝင်နိုင်ငံရေးပါတီ မဟုတ်ဘူး၊ နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ သတိပေးစာ ထုတ်တာနဲ့ပတ်သက်လို့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့ အမြင်ကို သိချင်ပါတယ်။ NLD ကို တကယ်ပဲ သူတို့ ဖျက်သိမ်းဖို့ ပြင်နေပြီလား။ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ့။ ဆိုတဲ့မေးခွန်းကို အခုလိုဖြေကြားခဲ့ပါတယ်။

“အခြေခံအားဖြင့်တော့ အကြောင်း (၂) ခုတော့ ရှိလိမ့်မယ်လို့ ကျနော်တော့ ထင်တယ်။ ပထမတစ်ခုကတော့ ကျနော်တို့ ခင်ဗျားတို့ အားလုံးသိတဲ့အတိုင်းပဲ မြောက်ပိုင်းမှာ ဒီတိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အရှိန်ကလည်းပဲ ခုနလို့ တိုးလိုက် လျော့လိုက်ပေါ့နော်။ ပြန်ပြီးတော့လည်းပဲ လက်နက်ကိုင်တိုက်ပွဲတွေ ခေါင်းထောင် လာနိုင်တဲ့အနေအထားရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ တဖက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်းပဲ နယ်တွေကို သွားမယ်ဆိုတဲ့ သတင်းတွေ ပြန့်နေတယ်။ အဲဒီ နယ်တွေကို သွားလို့ရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည်သွားတဲ့အခါမှာ ပြည်သူလူထုက ဘာပဲပြောပြော အုံးအုံးကျွတ်ကျွတ်နဲ့ ပါမယ့် အနေအထားမျိုး ဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးကို ဒီ နအဖ စစ်အုပ်စုက၊ နအဖ စစ်အုပ်စုလို့ပဲ ပြောပါတော့ဗျာ၊ နဂိုလူတွေနဲ့ အခုလူတွေနဲ့ သိပ်ကွာတာ မဟုတ်တော့၊ ဒီလူတွေက နည်းနည်းတားချင်ပုံရတယ်။ သွေးတိုးစမ်းပြီးတော့ တားကြည့်တာ ဖြစ်လိမ့်မယ်လို့ ကျနော်တော့ ပထမ တစ်ချက်အနေနဲ့ ကျနော် အဲဒီလို ပြောချင်ပါတယ် “

Thursday, June 30, 2011

ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့သော အကြောင်းကြားစာကို ပြင်းထန်စွာ ကန့်ကွက်သည့်ကြေညာချက်

letter-head
ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့သော အကြောင်းကြားစာကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၁။ ၂၈-၆-၂၀၁၁ ရက်စွဲဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြာင်း ထိုနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် သတင်းစဉ်အဖြစ် ဖော်ပြထားပါသည်။ ထိုအကြောင်းကြားစာနှင့် အကြောင်းကြား စာပါ ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးကြံရွယ်ချက်များကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။

အလုပ်သမားအခွင့်အရေးနှင့် အသင်းအပင်းလွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ ဆွေးနွေးခြင်း

VOA 12 6 2011 တနင်္ဂနွေနေ့ မနက်ပိုင်း တိုက်ရိုက်လေလှိုင်း အစီအစဉ်

ပါဝင်ဆွေးနွေးသူများ

ဦးငွေလင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) အထွေထွေအတွင်းအရေးမှူး

ဦးအောင်သိန်း (ရှေ့နေ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ။

ကိုအောင်မျိုးဝင်း (အလုပ်သမားအရေးလှုပ်ရှားသူ) ပဲခူးမြို့။

ကိုသားညွန့်ဦး။ မင်္ဂလာပါခင်ဗျာ၊ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်ကကြိုဆိုပါတယ်။ ဒီအပတ်မှာတော့အလုပ်သမားအခွင့် အရေးနဲ့ အသင်း အပင်းလွတ်လပ်စွာဖွဲ့စည်းခွင့်ကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် (ILO) ရဲ့(Convention) ကို လက်မှတ်ထိုး ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ (ILO) က သူ့ (Convention) မှာပါတဲ့အတိုင်း ဒီမြန်မာနိုင်ငံအထဲမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးဖို့ဆိုပြီးတော့ တောင်းဆိုနေပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီမြန်မာအစိုးရ ဘက်က ဒါကိုလိုက်လျောမယ့် လက္ခဏာမျိုး တွေ ပြလာတာတွေ့ရပါတယ်။ နောက်ပြီးတော့ဒီအစိုးရအသစ်ကလည်း နိုင်ငံသား တွေရဲ့ လူ့အခွင့်အရေးတွေကို ပေးမယ်ဆိုပြီးတော့ ကတိက၀တ် ပြုထားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အခု ဒီသီတင်းတစ် ပတ်မှာတော့ အသင်းအပင်း ဖွဲ့စည်းရေးကိစ္စ အထူးသဖြင့်အလုပ်သမားသမဂ္ဂတွေ ပေါ်လာရေးကိစ္စဟာ အခုဒီအစိုးရအသစ် နောက်ပိုင်း အခြေအနေမှာ ဘယ်လောက်အထိ ဖြစ်လာနိုင်ခြေ ရှိသလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အဓိက ပင်တိုင်ဆွေးပေးမယ့်သူ နှစ်ဦးရှိပါတယ်။ တစ်ဦးက တော့ဦးအောင်သိန်းပါ။ သူကတော့ လူ့အခွင့်အရေးအမှုတွေကို ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်ပါတယ်။ ဥပဒေရေးရာ ကျွမ်း ကျင်သူဖြစ်ပါတယ်။ နောက်တစ်ဦးက တော့ကိုငွေလင်းဖြစ်ပါတယ်။ ဦးငွေလင်းဖြစ်ပါတယ်။ ဦးငွေလင်းကတော့ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ကျနော်တခြား အလုပ်သမားအရေးလှုပ်ရှားသူ အချို့ကိုလည်း ကျနော်တို့လေလှိုင်းအပေါ်တင်ပြီးတော့ ဒီမှာဆွေးနွေးမေးမြန်းမှာဖြစ်ပါတယ်ခင်ဗျာ။ အရင်ဆုံး အန်ကယ် ဦးအောင်သိန်း ရောက်ပြီထင်ပါတယ်။ အန်ကယ်ဦးအောင်သိန်းကို အရင်ဆုံးမေးချင်ပါတယ်ခင်ဗျ။

Saturday, June 11, 2011

တောင်းပွဲ တိုက်ပွဲတွေမှသည် – ကျော်ဆွေ

“ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတောင်းဆိုတဲ့ လှုပ်ရှားမှု၊ စာနယ်ဇင်းနဲ့ အနုပညာလောကမှ ပုဂ္ဂိုလ် ၃၂၄ ဦးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုမျိုးများကို ပိုမို အားကောင်းအောင် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုများကို လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှု ရေစီးကြောင်းအဖြစ် ပေါင်းစုံသွားစေရပါလိမ့်မယ် …”

(၁)

နဝတ-နအဖက တိုင်းပြည်ကို စစ်ကျွန်ထာဝရပြုရေးအတွက် ရေးဆွဲထားတဲ့ ၂ဝဝ၈ နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံအရ လုပ်ဆောင်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ကနေ ဘောင်းဘီချွတ် အရပ်သားအစိုးရ ဆိုတာကို ဖွဲ့စည်းပေးလိုက်ပါပြီ။

အရပ်သားအစိုးရရဲ့သမ္မတဆိုသူကလည်း သမ္မတမိန့်ခွန်းကို မစားရဝခမန်း ကောင်းပေ့ဆိုတဲ့စကားတွေ ရွေးပြောသွားခဲ့တယ်။ ဒီမိန့်ခွန်းကို ဘာမှ ဝေဖန်ချက်မပေးလိုပေမယ့် တိုင်းပြည်မှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာရေးနဲ့ ပတ်သက်လို့တော့ သုံးသပ်ကြည့်လိုပါတယ်။

Monday, May 16, 2011

တိုက်ပွဲသဏ္ဍာန်ပေါင်းစုံဆိုတဲ့စကားကို များများပြောရမယ် - ရဲဘော်ဖိုးသံချောင်း

ပြည်သူလူထုက ကြောက်နေကြတယ်။

ဟဲ-ဟဲ။ ခင်ဗျားရော မကြောက်ဘူးလား။

နအဖကို ခင်ဗျားလည်း မကြိုက်ဘူး၊ ပြည်သူလူထုလည်း မကြိုက်ဘူး။ ခင်ဗျားကတော့ လမ်းမပေါ်မတက်ဘဲ ပြည်သူ လူထုကိုတော့ လမ်းမပေါ်မတက်လို့ ကြောက်တယ်လို့ပြောတယ်။ တရားသလား။

ထားပါ။ ခင်ဗျား ကြောက်တယ်ဆိုရင်လည်း ကျနော် အပြစ်မတင်ပါဘူး။ မလိုလားအပ်တဲ့ ဆုံးရှုံးမှု၊ အချိန်မတိုင်သေးတဲ့ ဆုံးရှုံးမှုကို ဘယ်သူမှ မလိုလားပါဘူး။ ကိုယ်က ဘာလုပ်နေသလဲ၊ ဘာဟောနေသလဲ။ ဒါကိုပဲ ပထမဆုံးစဉ်းစားပါ။

ဒီအရေးတော်ပုံဟာ လူထုမပါရင်မပြီးဘူးဆိုတာ ခင်ဗျား မငြင်းဘူး ထင်ပါတယ်။ အပိုစကားပြောနေတာ မဟုတ်ပါဘူး။ တချို့က အမေရိကန်ဝင်လာရင် ပွဲပြတ်ပြီထင်နေကြ၊ ပြောနေကြတာမို့ပါ။

အမေရိကန်ဝင်လာနိုင်အောင် အမေရိကန်ကို ဆွဲဆောင်လို့ရမယ်ထင်တဲ့ စကားတွေ ပြောနေကြတယ်။ ဟိုက အထူးတမန်ဆိုတာကိုပဲ လွှတ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဗမာပြည်မှာ အုပ်စိုးသူ အပြောင်းအလဲဖြစ်ရေးအတွက် သိပ်ပြီး ထက်သန်လှတာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

အဲတော့ လူထုပါလာအောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒါထက်။ မေးရဦးမယ်။ နိုင်ငံရေးလှုပ်ရှားမှုကြီးတခု ဖော်ထုတ်ဖို့ဆိုရင် ပြည်သူလူထုထက် နိုင်ငံရေးသမားတွေမှာ ပိုပြီးတာဝန်ရှိတယ်ဆိုတဲ့အချက်ကို ခင်ဗျားလက်ခံသလား။ ခင်ဗျားနဲ့ ကျနော်နဲ့ တူပါတယ်။ ဒါဖြင့်ရင် လူထု မကြောက်အောင် ကျနော်တို့ ခင်ဗျားတို့ ဘာလုပ်ပေးနိုင်သလဲ။

မြန်မာအစိုးရသစ်အား အာဆီယံဥက္ကဋ္ဌနေရာ ပေးမပေးနှင့်ပတ်သက်၍

မြန်မာအစိုးရသစ်အား အာဆီယံဥက္ကဋ္ဌနေရာ ပေးမပေးနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် RFA သတင်း ဌာန အင်တာဗျူး

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရတက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး အချက် (၇) ချက်ကိုဆောင်ရွက်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြန်လွှတ်ပေးတဲ့အကြောင်း၊ ဒါကြောင့် အာဆီယံမှာ ဥက္ကဋ္ဌနေရာရသင့်တဲ့အကြောင်း ပြီးခဲ့တဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ဒီမိုကရေစီဖော်ဆောင်ရေးတွေ လုပ်လိုတဲ့ စိတ်သဘောထားရှိပါသလား ဆိုတာနက်ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ သဘောထားကိုသိဖို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

RFA – အာဆီယံအရှေ့တောင်အာရှအသင်းမှာ မြန်မာအစိုးရကနေပြီးတော့ အလှည့်ကျဥက္ကဋ္ဌဖြစ်ခွင့် တောင်းထားတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအရတော့ လက်ခံတဲ့သတင်းမျိုး ထွက်လာပါတယ်။ အဲဒီတော့ မြန်မာအစိုးရက ဒီလိုနေရာမျိုးကိုယူဖို့ တကယ် တမ်းအပြောင်းအလဲဖြစ်ပါပြီလား။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်လို အမြင်သဘောထားမျိုးရှိပါသလဲ။

Monday, April 11, 2011

တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ အစိုးရသစ်နှင့် ပတ်သက်သည့် အမြင်သဘောထား

RFA တနင်္ဂနွေစကားဝိုင်း
၁၀-၄-၂၀၁၁

RFA။ ။ ဒီအပတ် တနင်္ဂနွေစကားဝိုင်းကို စတင်ပါတော့မယ်။ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များနဲ့ အရင်ဆုံး ကျနော် မိတ်ဆက်ပေးချင်ပါတယ်။

ပထမ တဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။
နောက်တဦးကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုငွေလင်းပါ။ နောက်တဦးကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က နိုင်ငံခြားရေးရာ တာဝန်ခံ ဦးမင်းနိုင်ပါ။ နောက်တဦးကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး လှုပ်ရှားသူ ကိုမောင်မောင်လွင်ပါ။

သောတရှင်များခင်ဗျာ အခု မကြာခင်က မြန်မာနိုင်ငံမှာ ဦးသိန်းစိန် သမ္မတအဖြစ်ပါဝင်တဲ့ အစိုးရတရပ် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ အခြေအနေပေါ်မှာ ပုဂ္ဂိုလ်တချို့က မြန်မာနိုင်ငံမှာ စစ်အစိုးရ မဟုတ်တော့ဘူး၊ အရပ်သားအစိုးရ ဖြစ်သွားပြီ။ အခြေအနေတွေ ပြောင်းလဲသွားတော့မယ် ပြောင်းလဲစပြုနေပြီ စသည်ဖြင့် ပြောနေကြပါတယ် ခင်ဗျာ။ ကျနော်တို့အမြင်မှာတော့ ပြည်သူ့လွှတ်တော်ဆိုတဲ့ နေပြည်တော်က ဒီ ခန်းမဆောင်ထဲမှာ အရပ်ဝတ် အရပ်စားနဲ့ ပုဂ္ဂိုလ်တွေ ကျနော်တို့ မြင်ရပါတယ်။ အဲဒီတော့ ပကတိ အနှစ်သာရ အားဖြင့်က ဘယ်လိုရှိသလဲခင်ဗျာ့။ လက်ရှိ မြန်မာနိုင်ငံက အစိုးရနဲ့ ပတ်သက်ပြီး —

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဦးငွေလင်းရေ။ ဦးငွေလင်း သဘောထားလေး ကြားပါရစေ။

Sunday, April 10, 2011

ဥက္ကဋ္ဌဦးအောင်မိုးဇော် ၏ အစိုးရသစ်နှင့် ပတ်သက်သည့် အမြင်သဘောထား

aungmoezaw_dpns

"ဒီအစိုးရကိုယ်နှိုက်က တကယ်တမ်း ပြောမယ်ဆိုရင် တရားဝင်အစိုးရ လို့ ပြောဖို့ခက်ပါတယ်။ ဒီမိုကရေစီနည်းမကျတဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့အစိုးရ ပြည်သူတွေဆီက အာဏာကို လိမ်လည်လှည့်ဖြားပြီးတော့ တက်လာတဲ့အစိုးရဖြစ်တဲ့အတွက် ဒီအစိုးရက တရားဝင်အစိုးရ ဟုတ်တယ်လို့ ပြောဖို့ခက်တယ်။ ကျနော် အဓိက ပြောချင်တာက ဒီအစိုးရကိုယ်နှိုက်က de facto ပဲဖြစ်တယ်လို့ ကျနော်ပြောချင်တာ ဖြစ်တယ် ..."

အခုတော့ တိုက်ရိုက်လေလှိုင်းအစီအစဉ် အလှည့်ကျလာပါပြီခင်ဗျာ။ ဒုတိယပိုင်းအစီအစဉ်ပါ။ မကြာခင်ကဖွဲ့လိုက်တဲ့ အစိုးရအသစ်ဟာ အပြောင်းအလဲအတွက် မျှော်လင့်စရာများရှိသလားဆိုတာ ဆွေးနွေးမှာဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ “ဦးအောင်မိုးဇော်” လေလှိုင်းအပေါ်ကို ရောက်နေပါတယ်။ ကိုအောင်မိုးဇော် ကြားရမယ်ထင်ပါတယ် ခင်ဗျာ။

ဦးအောင်မိုးဇော်။ ။ ဟုတ်ကဲ့။ ကြားရပါတယ် ခင်ဗျာ။

မေး။ ။ ကိုအောင်မိုးဇော်ရေ ပြီးခဲ့တဲ့ မေလ (၃၀) ကတော့ အာဏာသိမ်းစစ်ကောင်စီကို သူတို့ ဖျက်သိမ်းလိုက်ပါပြီ။ ရွေးကောက်ပွဲရလဒ်အရ အရပ်ဘက်အစိုးရအသစ်ကို ဖွဲ့လိုက်ပါပြီ။ နောက် စစ်ခေါင်းဆောင်မှုအသစ်ကလည်း တွေ့လာရပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ သဘောပေါ့နော်။ အဲ့ဒီတော့ လူအပြောင်းအလဲတော့ တွေ့လာရပါပြီးခင်ဗျာ။ အဲ့ဒီတော့ အခြေအနေက အာဏာအပြောင်းအလဲ အခြေအနေရှိနေပြီလို့ ယူဆလို့ရပါသလား။

Sunday, March 20, 2011

တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်

ဒီမိုကရက်တစ်မြန်မာ့အသံ စကားဝိုင်းအစီအစဉ် လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် တပ်မတော်၏ အခန်းကဏ္ဍ တွင်ဆွေးနွေးသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်

(၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်)

သောတရှင်များခင်ဗျာ ဆက်လက်ထုတ်လွှင့်ပေးမှာကတော့ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပေးနေကျ တနင်္ဂနွေ သတင်းအစီအစဉ် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍအကြောင်းကို ဒီမိုကရက်တစ်မြန်မာ့အသံက အယ်ဒီတာ ဦးခင်မောင်စိုးက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက ဦးအောင်မိုးဇော်နဲ့ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေက ဦးညိုအုန်းမြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျာ။

 ဦးအောင်မိုးဇော်

ဦးခင်မောင်စိုး။ ။ ဒီမိုကရက်တစ်မြန်မာ့အသံ စကားဝိုင်းအစီအစဉ်က ကြိုဆိုပါတယ်ခင်ဗျာ။ ကျနော် ခင်မောင်စိုးပါ။ ကျနော်တို့ ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားမှာ တပ်မတော်အစိုးရ ဒါမှမဟုတ်ရင် တပ်မတော်အစိုးရက ကိုယ်စားပြုထားတဲ့ တပ်မတော်အဖွဲ့အစည်း ဒါကိုတချို့ကတော့လည်းပဲ စစ်တပ် လို့ပဲခေါ်နေကြတာတွေ ရှိပါတယ်။ အဲ့ဒီစစ်တပ် သို့မဟုတ် တပ်မတော်ဟာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆို တာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

Monday, March 14, 2011

ဖိတ်ခေါ် တိုက်တွန်းစာ

အမေရိကန်နိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် ရဲဘော်များသို့။

ရက်စွဲ ။ ။ မတ်လ ၁၃ ရက်၊ ၂၀၁၁
စာအမှတ် (DPNS-US ၁/၂၀၁၁)


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမေရိကန်ဌာနခွဲ ဖွဲ့စည်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ခဲ့ကြရာမှာ ပါတီဗဟို၏ခွင့်ပြုချက်ဖြင့် အမေရိကန်ဌာနခွဲ ဖြစ်မြောက်ရေး ကော်မတီအား အောက်ပါ ရဲဘော်များဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၀ တွင် စုဖွဲ့ခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ ဖြစ်မြောက်ရေးကော်မတီ)

(၁) ရဲဘော်အောင်ကို                       (တာဝန်ခံ)
(၂) ရဲဘော်ဝင်းမြင့်နိုင်                   (ဒုတိယ တာဝန်ခံ)
(၃) ရဲဘော်စိုးမိုး                             (အဖွဲ့ဝင်)
(၄) ရဲဘော်ထွန်းထွန်းကျော်               (အဖွဲ့ဝင်)
(၅) ရဲဘော်ဇော်နေမျိုး                      (အဖွဲ့ဝင်)
(၆) ရဲဘော်မောင်မောင်ဦး                 (အဖွဲ့ဝင်)
(၇) ရဲဘော်အောင်အောင်                 (အဖွဲ့ဝင်)
(၈) ရဲဘော်လှမြင့်                           (အဖွဲ့ဝင်)
(၉) ရဲဘော်ထက်အောင်                   (အဖွဲ့ဝင်)
(၁၀) ရဲဘော်ဇော်ကိုနိုင်                    (အဖွဲ့ဝင်)

Saturday, February 19, 2011

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုငွေလင်းနှင့် VOA တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်း

 
ဦးငွေလင်း

(၁၆ – ၂ – ၂၀၁၁ မနက်ပိုင်း)

တူနီးရှားကစလိုက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုလှိုင်းကြီးဟာ အခုဆိုရင် အီဂျစ်၊ ယီမင်၊ ဘာရိန်း၊ အီရန်၊ အယ်လ်ဂျီးရီးယား စတဲ့အရှေ့အလယ်ပိုင်းတခွင်ကို ကူးစက်ရိုက်ခတ်လို့ သွားပါပြီ။

တူနီးရှားအာဏာရှင်က တိုင်းပြည်ကနေပြီးတော့ ထွက်ပြေးခဲ့ရသလိုပဲ အီဂျစ်မှာလည်း အာဏာရှင်က ရာထူးကဆင်းပေး လိုက်ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း တကယ်တမ်းတော့ လူထုအုံကြွမှုတွေ၊ လူထုလှုပ်ရှားမှုတွေက အဆက်ဆက်ကြုံခဲ့ ပါတယ်။ ဒါပေမယ့် လူထုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရည်ရွယ်ချက်ပန်းတိုင် မရောက်နိုင်သေးပါဘူး။ ဒါ ဘာကြောင့်လဲ၊ ဘာတွေလို အပ်နေသလဲ၊ ဘာတွေ ပြင်ဆင်ဖို့လိုသလဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းကို ကျနော်တို့ လေလှိုင်းပေါ်ကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။

Saturday, February 12, 2011

တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးချက်များ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးချက်များ 
ဦးခင်မောင်ညိမ်း။ ။ ဦးငွေလင်းအနေနဲ့ရော ဘယ်လိုမြင်လည်းခင်ဗျ အရင်ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ အခု ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့အခြေအနေတွေ နောက်ဆုံး သူတို့ရဲ့လမ်းစဉ် (၇) ဆင့်ကနေပြီးတော့ အခုနောက်ဆုံးဆင့်နီးလာတဲ့အခါမှာ ဒီလိုအစိုးရဖွဲ့ဖို့အတွက် လွှတ်တော်ကျင်းပ နေပြီဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက အမတ်နေရာများများရပြီးတော့မှ လက်လွှတ်ခဲ့ရတဲ့ အခြေအနေတွေ အခွင့်အရေးတွေနဲ့ ယှဉ်ပြီးတော့ ဘယ်လိုသုံးသပ်မိတယ်ဆိုတာ ကြားပါရစေခင်ဗျ။

ပြည်တွင်းစစ်မီးမှ ရှောင်လွှဲလိုလျှင်

သုတေသနနှင့် လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂/၂၀၁၁)
(၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)

၇-၂-၁၁ ရက်နေ့က ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့နှင့် နအဖစစ်တပ် ခလရ (၁၅) အကြား တိုက်ပွဲများ ဖြစ်ပွါးပြီး နအဖဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံးသွားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ကျင်းပနေသည့် လွှတ်တော် (၃) ရပ်ကနေ သမ္မတ သုံးဦးကို စိတ်တိုင်းကျ ရွေးချယ်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် ထိုတိုက်ပွဲသတင်းများ ထွက်လာခြင်းဖြစ်သည်။

Wednesday, February 9, 2011

၂၀၁၀ နှောင်းပိုင်းမှာ ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေးရေစီးကြောင်းက ဘယ်လဲ၊ ဘာလဲ ?

၂၀၁၀ နှစ်အကုန်ပိုင်းမှစတင်ပြီး ဗမာပြည်နိုင်ငံရေးအခြေအနေဟာ အသွင်အပြင်တမျိုးဖြင့် ဦးတည်ပြောင်းရွေ့လာနေတယ်။ အထူးသဖြင့် နိုဝင်ဘာ ပထမအပတ်ထဲမှ စတင်ပြီး အပြောင်းအလဲများ စတင်ဖြစ်ထွန်းလာတာကို သတိပြုမိကြပါလိမ့်မယ်။

အထင်အရှား မြင်တွေ့နေရတဲ့ နိုင်ငံရေး ဖြစ်ထွန်းမှု ၃ ခုရှိပါတယ်။ အဲဒါတွေကတော့ -

(၁) စိတ်တိုင်းကျ စီမံထားတဲ့ နအဖရဲ့ ရွေးကောက်ပွဲပြီးစီးသွားခြင်း။ .

(၂) အပစ်ရပ် နိုင်ငံရေးအခြေအနေ ကျိုးပေါက်၊ ပျက်စီးလာနေခြင်း (အပစ်ရပ်ဒေသများတွင် ပစ်ခတ်သံများ ပြန်လည်ပေါ် ထွက်လာခြင်းနဲ့ စစ်ရေးပြင်ဆင်မှုများတိုးပွားလာနေခြင်း။ အပစ်ရပ်အဖွဲ့များရဲ့ဆက်ဆံရေးရုံးများ ပြန်လည်ရုပ်သိမ်းခံရ ခြင်း … စတဲ့အချက်များ)

အမျိုးသားညီညွတ်ရေးကို လူထုစွမ်းအားဖြင့်သာ

ဗမာပြည်တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရတာ ယခုအခါ နှစ် ၅၀ နီးပါးတိုင်ခဲ့ပါပြီ။ န၀တ-နအဖ စစ်အုပ်စုဟာ အကြမ်းဖက်ခြိမ်းခြောက်တဲ့ နည်းကတဖက်၊ လိမ်ညာမှိုင်းတိုက် ၀ါဒဖြန့်တဲ့နည်းက တဖက် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာကိုက နှစ် ၂၀ ကျော်ခဲ့ပြီပဲ။ ဒီနှစ် ၂၀ ကျော်အတွင်းမှာ စစ်အာဏာရှင်အစိုးရဟာ အဖိနှိပ်ခံ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင်တိုက်ခိုက်မှုနဲ့ နိုင်ငံတကာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို အမျိုးမျိုး ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအခြေအနေအောက်မှာ စစ်အာဏာရှင်စနစ်ကို ရာသက်ပန် ထိန်းသိမ်းသွားနိုင်ရေးနဲ့ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ ၉၀ ခု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းပစ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို ရွေးဆွဲအတည်ပြုခဲ့တယ်။

၂၀၀၈၊ ပြည်တွင်းစစ်နှင့် ၂၀၁၀

ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင် တိုင်းပြည်တ၀ှမ်း ငြိမ်းချမ်းနေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရနေပါပြီ စသဖြင့် ပြည်တွင်းရော ပြည်ပမှာပါ နအဖစစ်အစိုးရက ပြောနေသည်ကို နားငြီးလောက်အောင် ကြားနေရသည်။ ထိုသို့ ပြောနေသော နအဖ၏ ရွေးကောက်ပွဲကော်မရှင်သည် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကြေညာချက် အမှတ် (၉၉/၂၀၁၀) မှနေ၍ (၁၀၃/၂၀၁၀) အထိ ကြေညာချက်ပေါင်း ၅ ခုကို ဆက်တိုက်ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်များအရ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများကို လုံးဝ ပယ်ဖျက်လိုက်ပြီး ၈ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၉ အုပ်စုတွင်လည်း ရွေးကောက်ပွဲကျင်းပရန်ကို ဖျက်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ၉ မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု၊ ကရင်ပြည်နယ် ၇ မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၅၅ အုပ်စု၊ ကယားပြည်နယ် မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာအုပ်စု ၉ အုပ်စု၊ မွန်ပြည်နယ် မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာအုပ်စု ၉ အုပ်စုတို့တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများကို ကော်မရှင်က ဖျက်သိမ်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအတွက် အကျိုပေးတဲ့သူ ဖြစ်နိုင်တယ်

မာတင် ပက်တီ
(ရိုက်တာသတင်းဌာန)

မြန်မာစစ်အစိုးရခေါင်းဆောင်တွေဟာ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့အာဏာကို ဆက်လက် ထိန်းသိမ်းထားတဲ့အတွက် သူတို့အနေနဲ့ပျော့ပျောင်းလာဖို့အလားအလာမရှိပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာကတော့ သူတို့ဟာ လူပါးလူနပ်တွေ လို့ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေခွံလဲတာက ပြီးသလောက်ရှိသွားပါပြီ။ လာမယ့်ဆယ် စုနှစ်ပေါင်းများစွာ အုပ်ချုပ်သွားတော့မယ့်၊ အရပ်သားတွေရှေ့တင်ထားတဲ့အစိုးရဲ့နောက်ကွယ်မှာ အာဏာ ကိုခိုင်မာအောင် လုပ်ဖို့ အတွက်၊ မကြာသေးခင်က နိုဗယ်ဆုရှင်လွတ်လာတာကို မီးမောင်းထိုးပြပြီး စစ်အစိုးရက လူတွေကို လုံးဝအာရုံပြောင်းသွားအောင် လုပ်လိုက်တယ်။

အာဏာရှင်များနဲ့ စားပွဲဝိုင်းမှာတွေ့ဆုံရေး

ဗမာပြည်ဟာ လွတ်လပ်ရေးရပြီးတယ်ဆိုကတည်းက နိုင်ငံရေးအခက်အခဲ အကြပ်အတည်းတွေ တခုပြီးတခု ရင်ဆိုင်ခဲ့ကြရပါတယ်။ ပြည်တွင်းစစ်ဖြစ်တယ် ဆိုတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်လို့ တက်လှမ်းခဲ့တဲ့ ဖြေရှင်းနည်းတခု ဖြစ်ပါတယ်။ စစ်တိုက်တယ်ဆိုတာဟာ ပဋိပက္ခအားလုံးတွေရဲ့ အထွတ်အထိပ်လို့ ပြောရင်ရပါတယ်။

နိုင်ငံတနိုင်ငံမှာ ဒီလို နိုင်ငံရေးပြဿနာကြီးတွေ ရင်ဆိုင်လာရပြီဆိုရင် ဖြေရှင်းဖို့ တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ အစိုးရဖြစ်ပါတယ်။ မှန်ပါတယ်။ ပြဿနာမှာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ချီတဲ့ ပြဿနာမျိုးကို ဖြေရှင်းဖို့ဆိုရင် အစိုးရမှာ ပိုပြီး တာဝန်ရှိပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်ဖို့ဆိုရင် အစိုးရရဲ့ ပြဿနာကို မှန်ကန်စွာ ချဉ်းကပ်နည်းနဲ့ အကောင်အထည်ဖော်ရာမှာ အမြော်အမြင်ကြီးဖို့တို့ အများကြီး လိုအပ်ပါတယ်။ ဒါ့အပြင် အစိုးရကပဲ လက်ဦးမှုရှိရှိ ဖြေရှင်းဖို့ နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။