Wednesday, February 29, 2012

လူ့ဘောင်သစ်လူငယ် / Youth for a New Society

လူ့ဘောင်သစ်လူငယ် / Youth for a New Society by kgkinpyar13

ခက်အောင်လုပ်နေကြရင် ပိုခက်ကုန်လိမ့်မယ် ... (ကိုယဉ်ထွန်း - လူ့ဘောင်သစ်)

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့ ... ဆိုတဲ့ ခေါင်းစဉ်နဲ့ ၈၈ ကျောင်းသားတွေက လူထုကြားထဲ့ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပိုလို့ စိတ်ဝင်စားစရာတွေ သူတို့လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။ လတ်တလောကာလမဟုတ်တဲ့ အရင်ကာလတွေကိုမပြောဘဲ မျက်မှောက်အခြေအနေကိုပဲဖြတ်ပြောရရင် ဒါဟာ ... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက်စဉ်းစားလာကြတာ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။

Tuesday, February 28, 2012

IUSY ၏ အာရှပစ္စိဖိတ်ဒေသဆိုင်ရာ ညီလာခံသို့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက်ထိ ၃ ရက်ကြာပြုလုပ်သည့် IUSY ၏ အာရှပစ္စဖိတ်ဒေသဆိုင်ရာ အစည်းအဝေးသို့ လူ့ဘောင်သစ် လူငယ်အဖွဲ့ ဥက္ကဋ္ဌ နော်မေဘယ်လ်ထူး နှင့် တွဲဘက် အတွင်းရေးမှူး မနဒီဝင့်တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးအတွင်းတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး အခြေအနေများကို အစီရင်ခံ ဖလှယ်ခြင်း၊ IUSY ၏ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်များနှင့် နိုင်ငံရေး မူဝါဒရေးရာ ကြေညာစာတမ်းကို ဆွေးနွေးတင်ပြခြင်းနှင့် လာမည့်ညီလာခံကျင်းပမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။


ဇာဂနာပွဲ ဘေးဧရိယာရောက် လူ့ဘောင်သစ် ရဲဘော်များ တက်ရောက်

 
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂ က ဆန်ဖရန် ဘေးဧရိယာ ချာဘိုးကောလိပ်ခန်းမမှာပြုလုပ်ခဲ့တဲ့ ဇာဂနာနဲ့ မြန်မာမိသားစုများ မိတ်ဆုံပွဲတော်သို့ ဘေးဧရိယာရောက် လူ့ဘောင်သစ်ရဲဘော်များ တက်ရောက်ခဲ့တဲ့ ပုံရိပ်တချို့ပါ။

ဓာတ်ပုံတွေကို ရဲဘော်ကျော်နိုင် မှ ပေးပို့တာဖြစ်ပါတယ်။ အမေရိကန်ရောက် လူ့ဘောင်သစ် ရဲဘော်များအနေဖြင့် မိမိတို့ရဲ့ ပြည်နယ်၊ မြို့တွေမှာ ပြုလုပ်ကျင်းပတဲ့ လှုပ်ရှားမှုသတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ အကြံပြုစာတွေကို ပေးပို့ကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

Thursday, February 23, 2012

တိုင်ရီအလုပ်သမားများ၏ တောင်းဆိုဆန္ဒပြနေမှုနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်

DPNS Statement on Tai-Yi Strike

Saturday, February 18, 2012

ပါတီ ဥက္ကဋ္ဌ နှင့် 7Day News ဆက်သွယ်မေးမြန်းချက်

“ယနေ့ ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် အစပျိုး ကြိုးပမ်းချက်တွေလို့ ကျွန်တော်တို့ မြင်ပါတယ်”

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် 

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ကျောင်းသားများကို ကိုယ်စားပြုသည့် ပါတီတစ်ရပ်အဖြစ် ပြည်တွင်းတွင် ဖွဲ့စည်းခဲ့ပြီးမှ နှစ်ပေါင်း၂၀ ကျော် ပြည်ပရောက် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်နာရီကျော်ကြာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦလှမောင်ရွှေ၊ ဦးတင်မောင်သန်းနှင့် ဦးဆန်နီတို့ သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ပါတီဘက်မှ ဦးအောင်မိုးဇော်ဦးဆောင်သော ပါတီအဖွဲ့ဝင်များက လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိုးသီးဇွန်က ဦးဆောင်၍ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တရားဝင်ကြေညာရပ်တည်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပါတီကိုပါ ဖျက်သိမ်းခံရသည့်အတွက် တိမ်းရှောင်သွားသည့် ပါတီခေါင်းဆောင်များက ၁၉၉၁ တွင် ပါတီကို ထိုင်း-မြန်မာနယ်စပ်ရှိ မာနယ်ပလောဒေသသို့ ပြောင်းရွှေ့ခဲ့ရာမှ ပြည်ပရောက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပြင် အခြားသော ပြည်ပရောက် နိုင်ငံရေးအင်အားစု၊ အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဆက်လက် ဆောင်ရွက်လျက်ရှိရာ ပြည်ပရောက် နိုင်ငံရေးပါတီတစ်ခု၏ လက်ရှိ ဆွေးနွေးပွဲများအပေါ်အမြင်ကို လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day News မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။


Friday, February 10, 2012

ဝန်ကြီး ဦးအောင်မင်းနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံဆွေးနွေး

၅- ၂- ၂၀၁၂ ရက်နေ့၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်အကြား သဘောထား အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆွေးနွေးရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ ဆွေးနွေးမှုဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်ရန်၊ ထိုသို့ဆွေးနွေးရာတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်အား နှစ်ဦးနှစ်ဖက် သဘောတူညီသော အချိန်ဇယားတခု သတ်မှတ်ရန်လည်း အကြံပြုခဲ့သည်။


Wednesday, February 8, 2012

ဒီမိုကရေစီတည်ဆောက်ရေးတွင် လူငယ်များပါဝင်ရန် တာဝန်ရှိသည်

လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူး  

“ဒီမိုကရေစီထွန်းကားတဲ့၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ရမယ့်တာဝန်ဟာ ကျမတို့ လူငယ်တွေအပေါ်မှာလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူး မှ လူဘောင်သစ်လူငယ် ဖွဲ့စည်းရေး အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။ 
 
လူ့ဘောင်သစ်လူငယ်အဖွဲ့ကို တက်ကြွလှုပ်ရှားသူ လူငယ်များစုစည်းပြီး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။

Sunday, February 5, 2012

၂၀၀၈ အခြေခံဥပဒေ ဒီမိုကရေစီနည်းကျ ဖြစ်အောင်ပြုပြင်ဖို့ အများကြီး လိုပါသေးတယ် …

“နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်ပြီး ရပ်တည်ဖို့ မရပ်တည်ဖို့ ဆိုတဲ့ကိစ္စတွေက အဲဒီလို အခြေအနေ ရောက်ဖို့အထိဆိုလို့ရှိရင်တော့ ကာလတခု၊ အချိန်တခုတော့ ကျနော်တို့ယူကြရဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ထိတွေ့မှု၊ အပြန်အလှန် အကြံပြုမှုတွေ ဆက်ပြီးလုပ်သွားရလိမ့်ဦးမယ် …”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံအဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့် မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ …


အစိုးရနဲ့ လူ့ဘောင်သစ် ပါတီ၊ ပအို့ဝ် လွတ်မြောက်ရေးအဖွဲ့တို့ တွေ့

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ခေါင်းဆောင်တွေကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
 
ဒီတွေ့ဆုံမှုဟာ အလွတ်သဘော တွေဆုံမှုဖြစ်တယ်လို့ အဲဒီ အဖွဲ့နှစ်ဖွဲ့စလုံးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူ့ဘောင်သစ် ပါတီ တရားဝင် ပြန်လည်ရပ်တည်ဖို့ဆိုတာ ကာလတခုအထိ အချိန်ယူရအုံးမှာဖြစ်ပြီး တဖက်နဲ့တဖက် အပြန်အလှန် ထိတွေ့ဆက်ဆံ အကြံပြုတာတွေလုပ်ဖို့ လိုအုံးမှာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။

လူ့ဘောင်သစ်လူငယ်အဖွဲ့ကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်များနှင့် ဖွဲ့စည်းလိုက်ခြင်း

dpns_youth_letter-head
လူ့ဘောင်သစ်လူငယ်အဖွဲ့ကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်များနှင့် ဖွဲ့စည်းလိုက်ခြင်း
 
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်

မြန်မာပြည်သူတစ်ရပ်လုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် ချစ်ကြည်သွေးစည်းမှုတို့အတွက် ရုန်းကန်လှုပ်ရှားရန် ရည်ရွယ်၍ တက်ကြွလှုပ်ရှားသူလူငယ်များစုစည်းပြီး လူ့ဘောင်သစ် လူငယ်အဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်သူအသီးသီးတို့သည် အာဏာရှင်တို့၏ ဖိနှိပ်မှုများနှင့် လည်းကောင်း၊ လူတန်းစားအရ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု အခြေအနေများနှင့်လည်းကောင်း၊ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ အပါအဝင် လိင်အရပါ ဖိနှိပ် ခွဲခြားဆက်ဆံခံရမှုများနှင့်လည်းကောင်း ကြုံတွေ့ခံစားနေရသည်ဟု မိမိတို့ လူ့ဘောင်သစ်လူငယ်များအနေဖြင့် ရှုမြင်သုံးသပ်ပါသည်။ သို့ဖြစ်၍ မြန်မာပြည်သူတစ်ရပ်လုံး ထိုသို့ ဖိနှိပ်ခံရမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများမှ လွတ်မြောက်ပြီး တန်းတူညီမျှမှုရှိသော ငြိမ်းချမ်းသည့် လူ့ဘောင်သစ်တစ်ရပ်ကို ဖန်တီးတည်ဆောက်ရန် လူ့ဘောင်သစ်လူငယ်အဖွဲ့က ရည်မှန်းချက်ချထားပါသည်။


Wednesday, February 1, 2012

လူ့ဘောင်သစ် ဥက္ကဋ္ဌ ခေါင်းဆောင်၍ ဦးအောင်မင်းနှင့် တွေ့မည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က မြန်မာအစိုးရကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံရန် ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ထားပြီးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုဦးဆောင်ကော်မတီ Central Leading Committee အဖွဲ့ဝင်များဖြစ်သည့် ဦးတိုးတိုးထွန်း နှင့် ဦးဇော်ဇော်ထွန်းတို့ ၃ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ ထိုင်း-မြန်မာ နယ်စပ်တွင်ပြုလုပ်သည့် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှ ရွေးချယ်ခဲ့ကြောင်း သိရသည်။