Monday, January 30, 2012

ကိုရီးယား နှင့် မြန်မာကျောင်းသားများ ဆွေးနွေးဖလှယ်ပွဲ ကျင်းပ

 
ဇန်နဝါရီလ ၁၂ ရက်နေ့က ကိုရီးယားနိုင်ငံ Ewoo အထက်တန်းကျောင်းသားများနှင့် Minmahaw (MEF) ကျောင်းသားများသည် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ နိုင်ငံရေးကျောင်းမှ ကျောင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးဖလှယ်ပွဲတခု ပြုလုပ်ခဲ့ကြပါသည်။

Sunday, January 29, 2012

ဟိုတစဒီတစ ပြုပြင်ပြနေရုံမျှနှင့်တော့ … (ဇွန်မှိုင်း)

ကျနော်တို့အနေနှင့် အပြောင်းအလဲတွေကို တကယ်မြင်ချင်ပါတယ်။
 
နောက်ပြန်မလှည့်တော့မယ့်၊ ဒီမိုကရေစီဆိုင်ရာအာမခံမှုတွေရှိတဲ့ အပြောင်းအလဲမျိုးတွေကို အမှန်တကယ်မြင်ချင် ပါတယ်။ လုံးဝ နောက်ပြန်မလှည့်တော့မယ့် အပြောင်းအလဲမျိုးနှင့် ကျနော်တို့နိုင်ငံ ရှေ့ကို တရွေ့ရွေ့တက်လှမ်းနေပြီ ဆိုတာမျိုး တကယ်ကြားချင် မြင်ချင်ပါတယ်။

ဒါပေမယ့် အဲဒီလို အပြောင်းအလဲမျိုးနှင့် ပြောင်းလဲနေတဲ့အနေအထား ဒီနေ့ ကျနော်တို့နိုင်ငံ ရောက်နေပြီလား။

လူတိုင်း၊ နိုင်ငံသားတိုင်း၊ နိုင်ငံရေးသမားတိုင်းက စိတ်ချလက်ချ တိုင်းပြည်ကို ချစ်လို့ရတဲ့အနေအထား၊ ချစ်ခွင့်ရတဲ့ အနေအထားရနေပြီလားဆိုတဲ့ မေးခွန်းတွေ သေချာပေါက်ရှိနေသေးတယ်။

တချို့ကိစ္စတွေမှာ ပြောင်းလဲမှုတွေ ဟိုတစဒီတစတွေ့နေရပေမယ့် တချို့ကိစ္စတွေမှာကျ ပြောင်းလဲနေပြီလို့ ပြောရ အတော်ကိုပဲ ခက်ခဲနေသေးတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်လှမ်းနေပြီ ပြောင်းလဲနေပြီလို့ ထင်မြင်ချင်စရာ အချို့
ဒီအချက်ကလေးတွေကို ကြည့်ကြည့်ပါ။ အထိုက်အလျောက်တော့ ကြည့်လို့ကောင်းသားလို့ ပြောနိုင်ပါလိမ့်မယ်။

Friday, January 27, 2012

ဆွေးနွေးပွဲ ဖိတ်ကြားခြင်း

အမေရိကန်နိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်များသို့ …

- လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်များအားလုံးပါဝင်သည့် တယ်လီဖုန်းဆွေးနွေးပွဲ သို့ တက်ရောက်ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ... ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၁၂ ခုနှစ် (တနင်္ဂနွေနေ့)

အချိန် ... နယူးယောက် စံတော်ချိန် နေ့လည် ၁ နာရီ

ဆက်သွယ်ရန် ...  (720) - 949 5317 နှင့် (518) - 772 5038


သတင်းပြန်ကြားရေး နှင့် Networking လုပ်ငန်းကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ)

Thursday, January 26, 2012

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မယ်ဆိုရင် အားလုံးပါဝင်ဖို့ လိုတယ် ...


ပြီးခဲ့တဲ့သတင်းပတ်မှာ သတင်းတွေနားထောင်ခဲ့ကြမယ်ဆိုရင်ဖြင့် ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာ မြန်မာအစိုးရကနေပြီးတော့ ပြည်ပမှာအခြေစိုက်တဲ့၊ အဓိကပြောရရင်တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးနောက်ပိုင်းမှာ ပေါ်လာခဲ့တဲ့အဖွဲ့အစည်းတွေလို့ ဆိုရမှာပေါ့လေ။ ဒီအဖွဲ့အစည်းတွေကို စကားပြောဖို့ဆိုပြီးတော့ ကမ်းလှမ်းတာတွေ ဆက်တိုက်လိုလိုပဲ ထွက်ခဲ့ပါတယ်။ 

ဒီအဖွဲ့အစည်းတွေဘက်ကလည်းပဲ တချို့ တုံ့ပြန်သဘောထားပေးထားတဲ့ သတင်းတွေလည်း ကျနော်တို့ကြားသိခဲ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ဖိတ်ပြီးတော့ သောတရှင်တွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ ဘာတွေ ဆွေးနွေးစေချင်သလဲ၊ ဘာတွေသဘောတူညီချက်ယူစေချင်သလဲ၊ ဒီအချိန်ဟာ ပြည်တွင်းပြန်ဝင်ပြီးတော့ ပြည်တွင်းမှာ ဒီမိုကရေစီရေးအတွက် ဆက်ပြီးလုပ်ဆောင်ကြရမယ့်အချိန်ကိုရော တကယ်တမ်းရောက်နေပြီလား ဒါကို ကျနော်တို့ စဉ်းစားဆွေးနွေးကြည့်ကြဖို့ဖြစ်ပါတယ်။ 

အဓိကဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေထဲက FDB လို့ခေါ်တဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကို ဖိတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းကို ဖိတ်ထားပါတယ်။ နောက်ပြီးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က အထွေထွေအတွင်းရေးမှူး ကိုငွေလင်းတို့ကို ဖိတ်ကြားထားပါတယ်။ 

Monday, January 23, 2012

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံမှ အလွတ်သဘော စကားပြောရန် ဖိတ်ကြားချက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လက်ခံရရှိ

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်

“သူတိုရဲ့ကမ်းလှမ်းချက်ကို အကောင်းလက္ခဏာလို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တချိန်လုံး ပြောခဲ့ပါတယ်။ ခု သူနဲ့ တွေ့မယ်ဆိုတာ ကောင်းတာပေါ့ …”

လက်ရှိသမ္မတ၏ ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်မင်းနှင့် အလွတ်သဘော စကားပြောရန် ကမ်းလှမ်းချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မနေ့က ရရှိခဲ့ပါသည်။

အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံဖို့ရန် ပါတီမှ မူအားဖြင့် သဘောတူညီသော်လည်း အသေးစိတ်ကို ပါတီဗဟိုဦးဆောင်ကော်တီဝင်များနှင့် ဆွေးနွေးရန် ရှိပါသေးသည်။


ဗကသများအဖွဲ့ချုပ် စတင်ပေါ်ပေါက်ကတည်းက ကိုင်စွဲလာခဲ့တဲ့ ဗကသရဲ့ မူ ၅ ချက်က ခေတ်နောက်ကျနေတယ်လို့တော့ မမြင်ဘူး

အခု ဒီည ဆွေးနွေးမယ့် အဓိကအကြောင်းအရာကတော့ လက်ရှိ ဒီပွင့်လင်းမှုအချို့ မြင်လာရတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအောက်မှာ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

အသင်းအပင်း သမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းစံထားတခု ဖြစ်ပါတယ်။ အဲဒီတော့ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်နေပြီဆိုတဲ့ အခြေအနေမှာ ဘာပဲပြောပြော တနေ့နေ့ တချိန်ချိန်မှာ ဒီ သမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့် ရပ်တည်လှုပ်ရှားနိုင်တဲ့ အခြေအနေ ဝန်းကျင်တွေ ရှိလာရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ ဘယ်လောက်အထိ လှုပ်ရှားနိုင်မလဲ၊ ရပ်တည်နိုင်မလဲ၊ ကျောင်းသားအင်အားစုတွေရဲ့ သဘောထား ဘယ်လိုရှိလဲ၊ ဒါတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဓိက ပါဝင်ဆွေးနွေးပေးဖို့ ကျနော် နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ 

မကြာခင်က ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီက ဥက္ကဋ္ဌ ကိုကျော်ကိုကို ရှိပါတယ်။ နောက်တဦးကတော့ ဒီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် ရှိပါတယ်ခင်ဗျ။

Thursday, January 19, 2012

ကြံ့ဖွံ့အစိုးရ ကမ်းလှမ်းလာမှုအပေါ် ပါတီဥက္ကဋ္ဌရဲ့ သဘောထား

“တိုင်းပြည်ထဲမှာ နိုင်ငံရေးလုပ်ငန်းတွေကို အသေအချာ လုပ်ကိုင်ခွင့်ရမယ်၊ တခြား အင်အားစုတွေနဲ့ တိုင်းပြည်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရေးပါတီအနေနဲ့ ပြည်တွင်းမှာ ရပ်တည်မှာဖြစ်တယ် …”

ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ဘီဘီစီ မှ ကောက်နှုတ်ဖော်ပြပါတယ် … 

(မူရင်းအသံဖိုင် သိမ်းထားပါတယ်။ ဖော်ပြပေးပါ့မယ်)

စကားစပ်မိလို့ပြောတာမျိုးက တရားမဝင်၊ အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့လို


စကားစပ်မိလို့ပြောတာမျိုးက တရားမဝင်

“ပြည်တွင်းမှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်သေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ။ ဒါမျိုးက သမ္မတတစ်ယောက်ရဲ့ အမိန့်တရပ်ကို ထုတ်ပြန်ပြီးတော့ ကျကျနန ထုတ်ပြန်ပြဋ္ဌာန်းပေးစေချင်တယ်။ ခရီးသွားဟန်လွဲ စကားစပ်မိလို့ ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမဝင်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ဖော်ပြမူလည်း မတွေ့ရဘူး။ နောက်ပြီး ကိုယ့်သဘောနဲ့ကိုယ် တစ်ဦချင်းကို ဒီလူတော့ ဝင်လိုရတယ်၊ ဒီလူတော့ ဝင်လို့မရဘူးလို့ ကျနော်တော့ ခံစားရတယ်။ နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့အခွင့်အရေးမျိုး ဒီမှာရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့ အမိန့်ထုတ်ပြန်ပြီးတော့ ကိုယ့်မိသားစုဝင်တွေကို ကြိုဆိုတယ်ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ်။ အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ”

(ကိုမင်းကိုနိုင်)
(Myit Makha Mediagroup on 15 Jan, 2012)

Wednesday, January 18, 2012

ပုံပြီး ယုံတာ မကောင်းဘူး (လူထုစိန်ဝင်း)



“လောလောဆယ်ကတော့ လွမ်းရတာရှည်ခဲ့လို့ အတိုးချပြီး ချစ်ပြနေကြတာပါ။ ဒီလို အမြဲတမ်းဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားနဲ့။ စောစောကပြောခဲ့သလိုပဲ မြန်မာတွေ ဒါလောက်မညံ့ဘူး။ လမ်းချော်သွားရင် ချော်သွားတဲ့အလျောက် သတိပေးကြမှာ။ စိတ်ချသာနေ။ သတိပေးနေတဲ့ကြားက လမ်းမှားကြီးအတိုင်း ဆက်လိုက်ပြီး “ငါ့သမီးလိမ္မာလှ၊ ယောက်မ မြင်းစီးထွက်” လုပ်ရင်တော့ အချစ်ကြီးခဲ့သလောက် အမုန်းလည်း ကြီးတတ်တယ်။ အောင့်အည်းသီးခံပြီး ဆက်ချစ်နေမယ် မထင်နဲ့…”


ဖတ်သင့်ဖတ်ထိုက်တဲ့ စာမှန်သမျှ ဖတ်ပုံရတဲ့ မိတ်ဆွေရင်းတယောက်ရောက်လာပြီး စကားပြောရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သားအဖရဲ့ဓာတ်ပုံတွေကို အပတ်တိုင်း အဖုံးတင်ပြီး ဂျာနယ်ရောင်းကောင်းအောင် လုပ်နေကြတာတွေ မြင်မကောင်းရှုမကောင်း ဖြစ်နေရကြောင်း ညည်းပြော ပြောပါတယ်။

Tuesday, January 17, 2012

အရေးတကြီး စကားတွေ ပြောဖို့ရှိတယ် …

လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အမေရိကန်ရောက် လူ့ဘောင်သစ်တွေ စကားပြောဖို့ ရှိပါတယ်။

စိတ်ပါဝင်စားသူ အမေရိကန်ရောက် လူ့ဘောင်သစ် ရဲဘော်များ၊ မိတ်ဆွေများ ခင်ဗျား … ဆက်သွယ်ရန်ဆိုတဲ့ နေရာမှာပါတဲ့ ဖုန်းနံပါတ်ကိုဖြစ်စေ၊ အီးမေးလ်ကိုဖြစ်စေ၊ နီးစပ်ရာ ရဲဘော်များကိုဖြစ်စေ ဆက်သွယ်ပြီး ဝင်ရောက်စကားပြောနိုင်မယ့် ဖုန်းနံပါတ်နဲ့ ကုတ်နံပါတ်များကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ)

Monday, January 16, 2012

SSU ကိုယ်စားလှယ်အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ရန် လာရောက်

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ဆိုရှယ်ဒီမိုကရက် ကျောင်းသားလူငယ်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး Ellinor Eriksson နှင့် အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူး Emma Lidell တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၅ ဦးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ လာရောက်လည်ပတ်ခဲ့သည်။

 
ခရီးစဉ်အတွင်း ဆိုရှယ်ဒီမိုကရက် ကျောင်းသားလူငယ်အဖွဲ့ (SSU) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အကြား ပူးပေါင်းလှုပ်ရှား ဆောင်ရွက်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် (SSU) တို့အကြား ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ 

Friday, January 13, 2012

လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်

letter-head
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးထဲတွင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအဝင် အရေးကြီးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရပါသည်။ 
 
မိမိတို့ပါတီအနေဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လိုက်ပါသည်။
 
ယနေ့လွတ်မြောက်လာကြသော ကိုဇေယျ၊ ကိုဂျင်မီ၊ ကိုဇော်သက်ထွေး၊ ကိုသက်နိုင်အောင် အပါအဝင် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုနှုတ်ဆက်ကြောင်းနှင့် ၎င်းတို့၏ ပေးဆပ်တိုက်ပွဲဝင်ခဲ့မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

ကိုမင်းကိုနိုင် ၁၃. ၁. ၂၀၁၂ နေ့တွင် ထောင်မှလွတ်မြောက်လာပြီးနောက် သရက်မြို့တွင်ပြောသော မိန့်ခွန်း

ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံတွေကိုင်ပြီးတော့ ကျနော်တို့အားလုံး ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီ့ ဒေါင်းအလံခေါင်းစီးအောက်မှာ ဒေါင်းမာန်ဒေါင်းစိတ်မပျောက်ဘဲ ဆက်လက်ပြီးတော့ ဒေါင်းအိုးဝေ အသံကို ဆက်ပြီး တွန်ကျူးကြပါလို့ ပြောချင်ပါတယ်။

ကျနော်ဟာ ထောင်ထဲမှာ နှစ် ၂၀ လောက် နေခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေအားလုံးရဲ့မေတ္တာကြောင့် အခုမြင်တဲ့အတိုင်းပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပြန်လွတ်လာတာဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတောင်းတနေတဲ့ အားလုံးအတွက် ဘဝသစ်အတွက် ဒီမိုကရေစီရဖို့ ကျနော်တို့ ဆက်ပြီး အလုပ်လုပ်ပါဦးမယ်လို့ ပြည်သူတွေကို ကတိပြုပါတယ်။


နိုင်ငံရေး ပြောင်းလဲမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် မှ VOA တိုက်ရိုက်လေလှိုင်း အစီအစဉ်တွင် ဆွေးနွေးချက်

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အသွင်ကူးပြောင်းရေးတစုံတရာ ခြေလှမ်းစလာပြီလို့ သုံးသပ်ကြပါတယ်။ ယူဆကြပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အသွင်ကူးပြောင်းရေးပုံသဏ္ဌာန် မကျသေးဘူးဆိုပြီးတော့ အားမလို အားမရတဲ့ အသံတွေလည်း ကျနော်တို့ ကြားနေရပါတယ်။ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ အစိုးရဘက်ကဖြစ်စေ အတိုက်အခံဘက်ကဖြစ်စေ ရင်ဆိုင်ရနိုင်တဲ့ ရင်ဆိုင်နေရတဲ့ အကဲစမ်းချက်တွေ အခက်အခဲတွေ ဒီအကြောင်းတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ရှိပါတယ်။ နောက်တစ်ဦးက အမျိုးသားလွှတ်တော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ရှိပါတယ်။ NLD က တာဝန်ရှိသူတစ်ဦးကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ အားဖြည့်ပြီး ဆွေးနွေးပေးဖို့အတွက်လည်း VOA မြန်မာပိုင်းရဲ့ အဖွဲ့သားလည်းဖြစ်တယ်၊ နောက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အကြီးတန်း သုတေသီဖြစ်တဲ့ ဦးတင်မောင်သန်းလည်း ရှိပါတယ်။


Wednesday, January 4, 2012

ဗြောင်လိမ်ဗြောင်စား လွတ်ငြိမ်းချမ်းသာခွင့်များ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၂)
(၂၀၁၂-ခုနှစ် ဇန်နဝါရီလ ၄ ရက်)

ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၂ ရက်နေ့ နေ့စွဲဖြင့် “လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်ကို နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၂ ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

လွတ်လပ်ရေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟုဆိုသော သတင်းများကြောင့် အားလုံးက စောင့်မျှော်နေကြချိန်တွင် ယခုကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ကြံ့ဖွံ့အစိုးရ ဝန်ကြီးတဦးဖြစ်သူ မီးရထားဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြောကြားခဲ့သော စကားများကြောင့် မျှော်လင့်ချက်အပြည့်နှင့် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်တွင်

ဥမင်လှိုဏ်ခေါင်းထဲကနေ ထိုးထွက်ဖို့ ဖောက်ထွက်ဖို့ ဆက်ပြီးတော့ ကြိုးစားနေကြရဦးမှာပဲ (ဦးဝင်းတင်နှင့် စကားပြောခြင်း)

ပါဝင်ဆွေးနွေးသူများ

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ဦးအောင်မိုးဇော် ။ ။ အဘ နေကောင်းရဲ့လား၊ ကျန်းမာပါရဲ့လား ခင်ဗျ။

ဦးဝင်းတင် ။ ။ ကျန်းမာပါတယ်ဗျာ။ ဘယ့်နှယ်တုန်း ပြောပါဦး။ မတွေ့တာတောင် အတော်ကြာပြီ။

ဦးအောင်မိုးဇော် ။ ။ ဒီလို အဘရေ … အခုတလော ကျနော်တို့ အပြင်ကကြားနေရတာတွေပေါ့နော်။ ကျနော်တို့တိုင်းပြည်ထဲမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေတယ်ဆိုတဲ့အသံတွေ တော်တော်လေးကို ပွက်လောညံနေတာ အဘရဲ့။ အဲ့ဒီလို အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတာတွေနဲ့ပတ်သက်လို့ပေါ့နော် အဘရဲ့ အမြင်လေးတွေကို ကျနော် သိချင်ပါတယ် အဘ။

ဦးဝင်းတင် ။ ။ ဒီလိုဗျ။ ကျနော်တို့တိုင်းပြည်မှာ အခုဟာ ဒီ ၂၀၁၁ ခုနှစ်ကတည်းကစပြီးတော့ ထွက်လာတဲ့ အသံတွေပေါ့ဗျာ။ အစိုးရကတော့ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပြီလို့ကို သူတို့က သတ်မှတ်တယ်။ Political Change ပေါ့။ အဲဒါရှိနေပြီလို့ အခိုင်အမာ ပြောနေတယ်။ ကျနော်တို့ NLD ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ပြောတယ်။ နည်းနည်း သတိနဲ့ပြောတယ်ပေါ့ဗျာ။ နောက်တစ်ခါ နိုင်ငံခြားနိုင်ငံတွေက ပြောတာကတော့ မစ္စတာ အိုဗားမားက ပြောတဲ့စကားမျိုးဆိုရင် နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့အတွက် ရောင်ခြည်တွေသမ်းနေပြီ ဆိုတဲ့သဘောမျိုးကို ပြောတယ်ဗျ။ အဲဒီ ၃ ခုပဲ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ဒီသုံးသပ် ချက် ၃ ခုကို ကြည့်တဲ့အခါမှာ ကျနော်တို့ ဒီအစိုးရကပြောသလို တစ်ထစ်ချ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီဆိုတာကတော့ ကျနော့်ပုဂ္ဂိုလ်ရေးအရ ကျနော်ပြောရရင်တော့ မယုံကြည်ဘူးဗျ။ နောက်ပြီးတော့ မှန်တဲ့အခြေအနေလည်းမဟုတ်ဘူးလို့ ကျနော်က သတ်မှတ်တယ်။ ဒါက တစ်ခုပေါ့။