Saturday, September 17, 2011

သတင်းထုတ်ပြန်ချက်

letter-head 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့် လေ့လာရေးဌာနမှ ‘အစိုးရသစ်နှင့် တိုင်းရင်းသား အင်အားစုများ အကြား အကြပ်အတည်း’ ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစောင်ကို ထုတ်ဝေဖြန့်ချိလိုက်ပါသည်။

ဤအစီရင်ခံစာတွင် သူမနာ ကိုယ်မနာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ငြင်းပယ်ပြီး အနှစ်သာရ မပါသည့် ဆွေးနွေးခြင်းကို ဟန်ပြလုပ်ပြနေရုံဖြင့် ပြည်တွင်းစစ်မီးကို ရှောင်လွှဲ၍မရနိုင်ကြောင်း သမိုင်း၏သက်သေပြချက်ဖြစ်သည့် နှစ် ၂၀ ကျော်ကြာ အပစ်ရပ်နိုင်ငံရေး အခြေအနေများကို ခွဲခြားပိုင်းစစ် တင်ပြထားပါသည်။


အခန်း ၁၆ ခန်းရှိပြီး စာမျက်နှာ ၁၄၅ မျက်နှာပါသည့် ဤအစီရင်ခံစာတွင် ၁၉၈၉ ခုနှစ်မှ စတင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် မြန်မာနိုင်ငံ စစ်အုပ်စုအကြား ဖြစ်ပေါ်ခဲ့သော အပစ်ရပ် နိုင်ငံရေး အခြေအနေကို တင်ပြထားသည်။ ထို့အပြင် စစ်အုပ်စုသည် ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ အပေါ်လိုက်၍ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအပေါ် ပေးအပ်သော အခွင့်အရေး ကွာခြားမှုများနှင့် စစ်အုပ်စုဘက်မှ အပစ်ရပ် နိုင်ငံရေးအပေါ်ထားသည့် သဘောထားများကို ဖော်ပြထားပါသည်။

အပစ်ရပ် ၁၇ ဖွဲ့ အပါအဝင် မူလမိခင် အဖွဲ့အစည်းမှ ကွဲထွက် (သို့မဟုတ်) ခွဲထွက်သွားသော အဖွဲ့ငယ် ၂၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲခြင်းမရှိသော အဖွဲ့အစည်း ၅ ဖွဲ့ စာရင်းနှင့် နောက်ခံနိုင်ငံရေးအခြေအနေများကိုလည်း ဖော်ပြထားသည်။ ထို့အပြင် စစ်အုပ်စု၏ပေးထားသော ကတိကဝတ်များအပေါ် အချိန်မရွေးချိုးဖောက်ခဲ့သည့် အတွေ့အကြုံနှင့် ဖြစ်ရပ်များကိုလည်း ဖော်ပြထားပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အင်တာနက် စာမျက်နှာ (http://www.dpnsburmese.org) တွင်လည်း ဤအစီရင်ခံစာကို ဖတ်ရှုနိုင်ပါသည်။

လူထုဆက်ဆံရေးဌာန
 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့

No comments:

Post a Comment