Thursday, June 30, 2011

ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့သော အကြောင်းကြားစာကို ပြင်းထန်စွာ ကန့်ကွက်သည့်ကြေညာချက်

letter-head
ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့သော အကြောင်းကြားစာကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၁။ ၂၈-၆-၂၀၁၁ ရက်စွဲဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြာင်း ထိုနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် သတင်းစဉ်အဖြစ် ဖော်ပြထားပါသည်။ ထိုအကြောင်းကြားစာနှင့် အကြောင်းကြား စာပါ ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးကြံရွယ်ချက်များကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။

အလုပ်သမားအခွင့်အရေးနှင့် အသင်းအပင်းလွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ ဆွေးနွေးခြင်း

VOA 12 6 2011 တနင်္ဂနွေနေ့ မနက်ပိုင်း တိုက်ရိုက်လေလှိုင်း အစီအစဉ်

ပါဝင်ဆွေးနွေးသူများ

ဦးငွေလင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) အထွေထွေအတွင်းအရေးမှူး

ဦးအောင်သိန်း (ရှေ့နေ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ။

ကိုအောင်မျိုးဝင်း (အလုပ်သမားအရေးလှုပ်ရှားသူ) ပဲခူးမြို့။

ကိုသားညွန့်ဦး။ မင်္ဂလာပါခင်ဗျာ၊ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်ကကြိုဆိုပါတယ်။ ဒီအပတ်မှာတော့အလုပ်သမားအခွင့် အရေးနဲ့ အသင်း အပင်းလွတ်လပ်စွာဖွဲ့စည်းခွင့်ကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် (ILO) ရဲ့(Convention) ကို လက်မှတ်ထိုး ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ (ILO) က သူ့ (Convention) မှာပါတဲ့အတိုင်း ဒီမြန်မာနိုင်ငံအထဲမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးဖို့ဆိုပြီးတော့ တောင်းဆိုနေပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီမြန်မာအစိုးရ ဘက်က ဒါကိုလိုက်လျောမယ့် လက္ခဏာမျိုး တွေ ပြလာတာတွေ့ရပါတယ်။ နောက်ပြီးတော့ဒီအစိုးရအသစ်ကလည်း နိုင်ငံသား တွေရဲ့ လူ့အခွင့်အရေးတွေကို ပေးမယ်ဆိုပြီးတော့ ကတိက၀တ် ပြုထားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အခု ဒီသီတင်းတစ် ပတ်မှာတော့ အသင်းအပင်း ဖွဲ့စည်းရေးကိစ္စ အထူးသဖြင့်အလုပ်သမားသမဂ္ဂတွေ ပေါ်လာရေးကိစ္စဟာ အခုဒီအစိုးရအသစ် နောက်ပိုင်း အခြေအနေမှာ ဘယ်လောက်အထိ ဖြစ်လာနိုင်ခြေ ရှိသလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အဓိက ပင်တိုင်ဆွေးပေးမယ့်သူ နှစ်ဦးရှိပါတယ်။ တစ်ဦးက တော့ဦးအောင်သိန်းပါ။ သူကတော့ လူ့အခွင့်အရေးအမှုတွေကို ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်ပါတယ်။ ဥပဒေရေးရာ ကျွမ်း ကျင်သူဖြစ်ပါတယ်။ နောက်တစ်ဦးက တော့ကိုငွေလင်းဖြစ်ပါတယ်။ ဦးငွေလင်းဖြစ်ပါတယ်။ ဦးငွေလင်းကတော့ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ကျနော်တခြား အလုပ်သမားအရေးလှုပ်ရှားသူ အချို့ကိုလည်း ကျနော်တို့လေလှိုင်းအပေါ်တင်ပြီးတော့ ဒီမှာဆွေးနွေးမေးမြန်းမှာဖြစ်ပါတယ်ခင်ဗျာ။ အရင်ဆုံး အန်ကယ် ဦးအောင်သိန်း ရောက်ပြီထင်ပါတယ်။ အန်ကယ်ဦးအောင်သိန်းကို အရင်ဆုံးမေးချင်ပါတယ်ခင်ဗျ။

Saturday, June 11, 2011

တောင်းပွဲ တိုက်ပွဲတွေမှသည် – ကျော်ဆွေ

“ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတောင်းဆိုတဲ့ လှုပ်ရှားမှု၊ စာနယ်ဇင်းနဲ့ အနုပညာလောကမှ ပုဂ္ဂိုလ် ၃၂၄ ဦးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုမျိုးများကို ပိုမို အားကောင်းအောင် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုများကို လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှု ရေစီးကြောင်းအဖြစ် ပေါင်းစုံသွားစေရပါလိမ့်မယ် …”

(၁)

နဝတ-နအဖက တိုင်းပြည်ကို စစ်ကျွန်ထာဝရပြုရေးအတွက် ရေးဆွဲထားတဲ့ ၂ဝဝ၈ နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံအရ လုပ်ဆောင်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ကနေ ဘောင်းဘီချွတ် အရပ်သားအစိုးရ ဆိုတာကို ဖွဲ့စည်းပေးလိုက်ပါပြီ။

အရပ်သားအစိုးရရဲ့သမ္မတဆိုသူကလည်း သမ္မတမိန့်ခွန်းကို မစားရဝခမန်း ကောင်းပေ့ဆိုတဲ့စကားတွေ ရွေးပြောသွားခဲ့တယ်။ ဒီမိန့်ခွန်းကို ဘာမှ ဝေဖန်ချက်မပေးလိုပေမယ့် တိုင်းပြည်မှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာရေးနဲ့ ပတ်သက်လို့တော့ သုံးသပ်ကြည့်လိုပါတယ်။