Tuesday, August 23, 2011

ပြည်တော်ပြန်သင့် မပြန်သင့်

 
(ကိုအောင်မိုးဇော်၊ ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တကယ်ပီပြင်ဖို့၊ နောက်ဆုံး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ လိုတယ်။ အောင်မြင်ဖို့ လိုတယ်။ ဒုတိယက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ တတိယ အချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဒီမိုကရေစီအရေးအတွက် လုပ်နေရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင် တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ဦးတည်သွားပြီလို့ ပြောလို့်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို အပြင်က လူတွေကို ဖိတ်စရာတောင် မလိုပါဘူး။

 
(ကိုဇော်မင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို မလွှတ်သေးဘဲ ပြည်ပမှာရှိနေတဲ့သူတွေ ပြန်လာပါဆိုတာ အဓိပ္ပာယ်မရှိဘူး၊ အရပ်ထဲမှာပြောသလို ပါးစပ်နဲ့လည်း ပြောမရဘူး၊ ပြန်စေချင်ရင် မြန်မာပြည်မှာရှိတဲ့ ပြဿနာတွေ ပြေလည်ပြီးမှ ဥပဒေကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့် အတိအကျ ထုတ်ရမယ်၊ ဒီမိုကရေစီ အရေးအတွက် လုပ်ဖော်ကိုင်ဘက်တွေက ထောင်ထဲမှာ၊ ကိုယ်ကတော့ အေးအေးဆေးဆေး ပြန်တယ် ဆိုတာ သဘာဝကို မကျဘူး။

ဧရာဝတီ သတင်းဌာနမှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

No comments:

Post a Comment