Monday, November 7, 2011

Media and Political Communication သင်တန်းကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် Active Citizenship Foundation (ACF) တို့မှ ပူးတွဲကျင်းပသော နိုင်ငံရေးပညာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း (Political Education Development) ၏ ဒုတိယပိုင်းအဖြစ် Media and Political Communications သင်တန်းကို အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ အလုပ်သမား အသိပညာမြှင့်တင်ရေး ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ သင်တန်းတွင် ဖိလစ်ပိုင်နိုင်ငံ အက်ဘိုင်ယန်ပါတီမှ မစ္စတာ ရောနက်က ဆွေးနွေးမည့် ခေါင်းစဉ်များကို မိတ်ဆက်ရှင်းလင်းပြီး Mass Media နှင့် Social Media အကြောင်းများကို ဆွေးနွေးသည်။ ထိုသို့ ဆွေးနွေးရာတွင် အသံလွှင့်ဌာနမီဒီယာ၊ ပုံနှိပ်မီဒီယာ၊-Internet-online print, photos, videos, Films, Mobile phones များဖြင့် ဆက်သွယ်ဆောင်ရွက်မှုများအကြောင်းကို ဥပမာများနှင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Inter-News မှ သင်တန်းဌာနတာဝန်ခံ ဦးအောင်နိုင်မှ သတင်းမီဒီယာအမျိုးမျိုး နှင့် ရေဒီယို သတင်းဌာနများ၏ အလုပ်လုပ်ကိုင်မှုများကို ဆွေးနွေး ရှင်းလင်းသည်။ ရေဒီယို၊ ပရင့်မီဒီယာနှင့် တီဗွီ စသည့် သတင်းမီဒီယာများနှင့် ပတ်သက်၍ အားနည်းချက် အားကောင်းချက် လူထုထံ ရောက်ရှိမှုအခြေအနေတို့ကို အုပ်စုများခွဲ၍ ဆွေးနွေးစေသည်။ ထို့နောက် သတင်းအရင်းအမြစ်ရရှိမှုနှင့် သတင်းဖြစ်ပေါ်မှုအကြောင်းများကိုလည်း ဆွေးနွေးသွားခဲ့သည်။

အက်ဘိုင်ယန်ပါတီမှ မစ္စဆဘီနာက Media for Political Advocacies and Campaigns ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အက်ဘိုင်ယန်ပါတီက မီဒီယာကို အသုံးပြုနေသည့် နည်းလမ်းများကိုအကြောင်း ဥပမာများ ဆလိုက်ရုပ်ပုံများဖြင့် ရှင်းလင်းပြခဲ့သည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲ၊ Media events၊ Media Interviews နှင့် Feature articles များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

မစ္စတာ ရောနက်ကလည်း သတင်းအချက်အလက်၊ ကြွေးကြော်သံနှင့် ဆောင်ပုဒ်တို့အကြား ကွဲပြားခြားနားမှု အသုံးဝင်မှုများကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ Hard News, Soft Newsများ အကြောင်းနှင့် ဆက်စပ်မှုများကို ရှင်းလင်းခဲ့သည်။ ထို့နောက် သတင်းထုတ်ပြန်ချက်တခုတွင် ပါဝင်ရမည့် အင်္ဂါရပ်များ အကြောင်းကိုရှင်းလင်းခဲ့ပြီး တဦးချင်းစီအား လေ့ကျင့်ခန်းများ ပြုလုပ်စေခဲ့သည်။

အဆိုပါ သင်တန်းသို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ သင်တန်းသား သုံးဦး အပါအဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့သည်။

No comments:

Post a Comment