Thursday, September 15, 2011

လွှတ်တော် ၂ ရပ်မှ ဖွဲ့စည်းပေးသော ကော်မတီများကို လေ့လာစိစစ်ခြင်း

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

ကျင်းပဆဲ ပြည်သူ့လွှတ်တော် မှ ကော်မတီ ၁၉ ခု ဖွဲ့စည်းပေးပါတယ်။

ကော်မတီတစ်ခုမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး၊ ကော်မတီသက်တမ်းကာလက ၁ နှစ် ဖြစ်ပါတယ်။ အဆိုပါ ကော်မတီ ၁၉ ခု အနက် ကော်မတီ ၁၇ ခုရဲ့ ဥက္ကဋ္ဌ အားလုံးဟာ ယခင်(နအဖ) စစ်အစိုးရအဖွဲ့ဝင်တွေပဲ ဖြစ်တယ်။

(စစ်ဗိုလ်ဟောင်း၊ အစိုးရဝန်ကြီးဟောင်း၊ မြို့တော်ဝန်ဟောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင်ဟောင်း စသဖြင့် ဖြစ်ပါတယ်)

သူတို့တတွေဟာ ကြံ့ဖွံ့ပါတီ (USDP)ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။

ကော်မတီ ၁၉ ခုမှာ အတွင်းရေးမှူး ၁၉ ဦးရှိတဲ့အနက် “တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ” အတွင်းရေးမှူးဖြစ်တဲ့ (အင်ဂျန်းယန်မဲဆန္ဒနယ်) ဒေါ်ဒွဲဘူ တဦးသာလျှင် (စဒက) ပါတီက ဖြစ်တယ်။

ကျန်တဲ့ကော်မတီအတွင်းရေးမှူး ၁၈ ဦးဟာ ကြံ့ဖွံ့ပါတီ (USDP)က လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်တယ်။

ကော်မတီဝင်အများစုကို ကြံ့ဖွံ့ပါတီ (USDP)လွှတ်တော်ကိုယ်စားလှယ်တွေက လွှမ်းမိုးရယူထားပါတယ်။ ကော်မတီတိုင်း တွင် ကြံ့ဖွံ့ပါတီ (USDP)မှ လွှတ်တော်ကိုယ်စားလှယ်များသည် ၉ ဦး ကနေ ၁၃ ဦးထိ ပါဝင်နေတာ စိစစ်တွေ့ရှိပါတယ်။ 

ပြည်သူ့လွှတ်တော်ကော်မတီ ၁၉ ခုတွင်ပါဝင်သူ ဥက္ကဋ္ဌများမှာ - 

- ယခင် (နအဖ)စစ်အစိုးရ ဝန်ကြီး(ဟောင်း) (စစ်ဗိုလ်ဟောင်း) – ၁၂ ဦး
- ယခင် (နအဖ)စစ်အစိုးရ ဒုတိယဝန်ကြီး(ဟောင်း) (စစ်ဗိုလ်ဟောင်း) ၁ ဦး
- ယခင် (နအဖ)စစ်အစိုးရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ – အဖွဲ့ဝင် ၁ ဦး
- ယခင် (နအဖ)စစ်အစိုးရ ရန်ကုန်မြို့တော်ဝန်(ဟောင်)း (စစ်ဗိုလ်ဟောင်း) ၁ ဦး
- ယခင် (နအဖ)စစ်အစိုးရ ဝန်ကြီး(ဟောင်း) (အရပ်သား) ၂ ဦး
- စီးပွားရေးလုပ်ငန်းရှင် (ယုဇန) ၁ ဦး
- ဦးကြည်မင်း (စိစစ်ဆဲ) ယခင်အစိုးရအဖွဲ့တွင် ပါဝင်ခြင်းမရှိပါ။ ၁ ဦး

● ကော်မတီ ၁၉ ခုအနက် ကော်မတီ ၅ ခုတွင်သာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါရှိပါတယ်။
● အချို့ကော်မတီဝင်များသည် ကော်မတီ ၂ ခုတွင် ပါဝင်နေကြသည်ကိုလည်း တွေ့ရှိရပါတယ်။
● စာမျက်နှာ ၂ မှ စတင်၍ ကော်မတီ တခုချင်းအလိုက်ဖော်ပြထားပါတယ်။ မှတ်ချက်တိုများလည်း ပူးတွဲဖော်ပြထားပါတယ်။

ညွန်း
၁- ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သည့် ကော်မတီများ (၂၀၁၁ စက်တင်ဘာ ၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာ)
၂- အမျိုးသားလွှတ်တော်က ဖွဲ့စည်းခဲ့သည့် ကော်မတီများ (၂၀၁၁ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ)

၁။ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးဌေးဦး ဥက္ကဋ္ဌ ဟင်္သာတမဲဆန္ဒနယ် ယခင်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး
၂။ ဦးတင်မောင်ဝင်း အတွင်းရေးမှူး မင်္ဂလာဒုံမဲဆန္ဒနယ် (USDP)
၃။ ဦးကျော်စိုးလေး အဖွဲ့ဝင် မိုးညှင်းမဲဆန္ဒနယ် (USDP)
၎။ ဦးစောထွဋ်ခေါင်လွင် အဖွဲ့ဝင် ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် (USDP)
၅။ ဦးရဲထွဋ်တင် အဖွဲ့ဝင် ဖားဆောင်းမဲဆန္ဒနယ် (USDP)
၆။ ဗိုလ်မှူးကြီးမြင့်ကိုကို အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်
၇။ ဦးဌေးလွင်(ခ) ဦးဒီလုံး အဖွဲ့ဝင် နမ့်ဆန်မဲဆန္ဒနယ် (USDP)
၈။ ဦးအောင်ကျော်ခင် အဖွဲ့ဝင် ကျောက်တန်းမဲဆန္ဒနယ် (USDP)
၉။ ဦးစိုးစိုး အဖွဲ့ဝင် ထီးချိုင့်မဲဆန္ဒနယ် (USDP)
၁၀။ ဦးစောဘသိန်း အဖွဲ့ဝင် သထုံမဲဆန္ဒနယ် (USDP)
၁၁။ ဦးစိုင်းဘိုးအောင် အဖွဲ့ဝင် မူဆယ်မဲဆန္ဒနယ် (SNDP)
၁၂။ ဦးစိုးဝင်း အဖွဲ့ဝင် စမ်းချောင်းမဲဆန္ဒနယ် (NDF)
၁၃။ ဦးမောင်ဦး အဖွဲ့ဝင် ဖောင်းပြင်မဲဆန္ဒနယ် (တစည)
၁၄။ ဦးစံလင်း အဖွဲ့ဝင် တောင်ကြီးမဲဆန္ဒနယ် (USDP)
၁၅။ ဦးမောင်မောင်တင် အဖွဲ့ဝင် ရေကြည်မဲဆန္ဒနယ် (USDP)

မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၁ ဦးမှာ (USDP) မှဖြစ်သည်။
● တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။
၂။ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးသိန်းဇော် ဥက္ကဋ္ဌ မြစ်ကြီးနားမဲဆန္ဒနယ် ယခင်ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီး
၂။ ဒေါ်ဒွဲဘူ အတွင်းရေးမှူး အင်ဂျန်းယန်မဲဆန္ဒနယ် (စဒက)
၃။ ဦးအင်ဖုန်ဆန်း အဖွဲ့ဝင် မချမ်းဘောမဲဆန္ဒနယ် (တစည)
၎။ ဦးငွန်မောင်း အဖွဲ့ဝင် ဟားခါးမဲဆန္ဒနယ် (ချင်းအမျိုးသားပါတီ)
၅။ ဦးစိုးရယ် အဖွဲ့ဝင် ဒီမောဆိုမဲဆန္ဒနယ် (USDP)
၆။ ဒေါ်မိရင်ချမ်း အဖွဲ့ဝင် ကျိုက်မရောမဲဆန္ဒနယ် (USDP)
၇။ ဦးစိုင်းအောင်ကြည် အဖွဲ့ဝင် မိုင်းတုံမဲဆန္ဒနယ် (USDP)
၈။ ဦးစတီဖင် အဖွဲ့ဝင် ကျိုင်းတုံမဲဆန္ဒနယ် (USDP)
၉။ ဦးလှထွန်း အဖွဲ့ဝင် ခန္တီးမဲဆန္ဒနယ် (USDP)
၁၀။ ဦးခင်မောင်ဋ္ဌေး အဖွဲ့ဝင် ထီးလင်းမဲဆန္ဒနယ် (USDP)
၁၁။ ဦးဘဋ္ဌေး အဖွဲ့ဝင် မိုးကုတ်မဲဆန္ဒနယ် (USDP)
၁၂။ ဦးစောသိန်းအောင် အဖွဲ့ဝင် လှိုင်းဘွဲ့မဲဆန္ဒနယ်(ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ)
၁၃။ ဦးဘရှိန် အဖွဲ့ဝင် ကျောက်ဖြူမဲဆန္ဒနယ် (RNDP)
၁၄။ ဦးဟော်ရှောက်ချမ်း အဖွဲ့ဝင် ကွမ်းလုံမဲဆန္ဒနယ် (USDP)
၁၅။ ဦးစိုင်းမောင်တင် အဖွဲ့ဝင် လဲချားမဲဆန္ဒနယ် (SNDP)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၉ ဦးမှာ (USDP) မှ ဖြစ်သည်။
၃။ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးအောင်သောင်း ဥက္ကဋ္ဌ တောင်သာမဲဆန္ဒနယ် ယခင် အမှတ် ၁ စက်မှုဝန်ကြီး
၂။ ဦးမောင်မောင်စိုး အတွင်းရေးမှူး သာကေတမဲဆန္ဒနယ် (USDP)
၃။ ဦးဝင်းမြင့် အဖွဲ့ဝင် မြင်းခြံမဲဆန္ဒနယ် (USDP)
၎။ ဦးသန်းဝင်း အဖွဲ့ဝင် တောင်တွင်းကြီးမဲဆန္ဒနယ် (USDP)
၅။ ဦးအုန်းငွေ အဖွဲ့ဝင် မြောင်မဲဆန္ဒနယ် (USDP)
၆။ ဦးတင်ဝင်း အဖွဲ့ဝင် ဒေးဒရဲမဲဆန္ဒနယ် (USDP)
၇။ ဦးမြင့်လွင် အဖွဲ့ဝင် ကျိုက်ထိုမဲဆန္ဒနယ် (USDP)
၈။ ဦးဘထီး အဖွဲ့ဝင် ရမ်းဗြဲမဲဆန္ဒနယ် (USDP)
၉။ ဦးအေးသူ အဖွဲ့ဝင် မင်းဘူးမဲဆန္ဒနယ် (USDP)
၁၀။ ဦးကိုကြီး အဖွဲ့ဝင် အောင်မြေသာစံမဲဆန္ဒနယ် (USDP)
၁၁။ ဦးကျင်ဝမ်း အဖွဲ့ဝင် ဟိုပန်မဲဆန္ဒနယ်(ဝ ဒီမိုကရက်
တစ်ပါတီ)
၁၂။ ဦးကျော်ခိုင်ဝင်း အဖွဲ့ဝင် မယ်စဲ့မဲဆန္ဒနယ် (USDP)
၁၃။ ဒေါက်တာစိုင်းကျော်အုန်း အဖွဲ့ဝင် နမ့်ခမ်းမဲဆန္ဒနယ် (SNDP)
၁၄။ ဦးအောင်ကျော်ဇံ အဖွဲ့ဝင် ပေါက်တောမဲဆန္ဒနယ် (RNDP)
၁၅။ ဦးသန့်ဇင် အဖွဲ့ဝင် ကြို့ပင်ကောက်မဲဆန္ဒနယ် (USDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP)မှဖြစ်သည်။

၎။ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးစိုးသာ ဥက္ကဋ္ဌ တွံတေးမဲဆန္ဒနယ် ယခင်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီး
၂။ ဦးအေးမောက် အတွင်းရေးမှူး မလှိုင်မဲဆန္ဒနယ် (USDP)
၃။ ဦးကိုကိုလွင် အဖွဲ့ဝင် မော်လမြိုင်ကျွန်းမြို့နယ် (USDP)
၎။ ဦးကြည်တင့် အဖွဲ့ဝင် ဓနုဖြူမဲဆန္ဒနယ် (USDP)
၅။ ဦးမင်းဆွေ အဖွဲ့ဝင် ဒိုက်ဦးမဲဆန္ဒနယ် (USDP)
၆။ ဦးစိုးမြင့် အဖွဲ့ဝင် ညောင်လေးပင်မဲဆန္ဒနယ် (USDP)
၇။ ဦးကျန်ထွန်း အဖွဲ့ဝင် ကနီမဲဆန္ဒနယ် (USDP)
၈။ ဦးမျိုးသန့် အဖွဲ့ဝင် ရေတာရှည်မဲဆန္ဒနယ် (USDP)
၉။ ဦးကြည်ပြုံး အဖွဲ့ဝင် စဥ့်ကိုင်မဲဆန္ဒနယ် (USDP)
၁၀။ ဦးခွန်သိန်းဖေ အဖွဲ့ဝင် ဟိုပုန်းမဲဆန္ဒနယ် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)
၁၁။ ဦးအေးမောင် အဖွဲ့ဝင် ဘောလခဲမဲဆန္ဒနယ် (USDP)
၁၂။ ဦးသန်းစိုး အဖွဲ့ဝင် သာစည်မဲဆန္ဒနယ် (USDP)
၁၃။ ဒေါ်ခင်စောဝေ အဖွဲ့ဝင် ရသေ့တောင်မဲဆန္ဒနယ် (RNDP)
၁၄။ ဒေါ်တင်နွယ်ဦး အဖွဲ့ဝင် ဒဂုံမြောက်မဲဆန္ဒနယ် (NDF)
၁၅။ ဦးမြင့်လွင် အဖွဲ့ဝင် ကျိုက်ထိုမဲဆန္ဒနယ် (USDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP) မှဖြစ်သည်။
၅။ တောင်သူုလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးတင်ထွတ် ဥက္ကဋ္ဌ ဇလွန်မဲဆန္ဒနယ် ယခင်သမဝါယမဝန်ကြီး
၂။ ဦးဌေးဝင်း အတွင်းရေးမှူး လယ်ဝေးမဲဆန္ဒနယ် (USDP)
၃။ ဦးအောင်ကျော်ဦး အဖွဲ့ဝင် ရေဦးမဲဆန္ဒနယ် (USDP)
၎။ ဦးလှထွန်းဦး အဖွဲ့ဝင် ဒလမဲဆန္ဒနယ် (USDP)
၅။ ဦးသိန်းထွန်း အဖွဲ့ဝင် ကျောင်းကုန်းမဲဆန္ဒနယ် (USDP)
၆။ ဦးသိန်းရီ အဖွဲ့ဝင် ထန်းတပင်မဲဆန္ဒနယ် (USDP)
၇။ ဦးဂျီးဖုန်ဆားရ် အဖွဲ့ဝင် နောင်မွန်မဲဆန္ဒနယ် (USDP)
၈။ ဦးမြင့်လှိုင် အဖွဲ့ဝင် မဘိမ်းမဲဆန္ဒနယ် (USDP)
၉။ ဦးတင်ဝင်း အဖွဲ့ဝင် ကောလင်းမဲဆန္ဒနယ် (USDP)
၁၀။ ဦးဝင်းသိန်း အဖွဲ့ဝင် ပင်လည်ဘူးမဲဆန္ဒနယ် (USDP)
၁၁။ ဦးပိုက်လင်း အဖွဲ့ဝင် ပလက်ဝမဲဆန္ဒနယ် (ချင်းတိုးတက်ရေးပါတီ)
၁၂။ ဦးကျော်မြင့် (ခ) ဖိုးတုတ် အဖွဲ့ဝင် မိုးမိတ်မဲဆန္ဒနယ် (တစည)
၁၃။ ဒေါ်နန်းစေအွာ အဖွဲ့ဝင် ဘားအံမဲဆန္ဒနယ်(ဖလုံ- စဝေါ်)
၁၄။ ဦးဇော်ထွန်း အဖွဲ့ဝင် မိုးမောက်မဲဆန္ဒနယ် (SNDP)
၁၅။ ဦးအောင်သိန်း အဖွဲ့ဝင် ရွာငံမဲဆန္ဒနယ် (တသီးပုဂ္ဂလ)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးမှာ (USDP) မှဖြစ်သည်။
၆။ နိုင်ငံတကာဆက်ဆံရေးကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးလှမြင့်ဦး ဥက္ကဋ္ဌ ပျဉ်းမနားမဲဆန္ဒနယ် ယခင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဝင်
၂။ ဦးကိုကိုထွန်း အတွင်းရေးမှူး အောင်လံမဲဆန္ဒနယ် (USDP)
၃။ ဦးအောင်ကျော်စိုး အဖွဲ့ဝင် နတ်မောက်မဲဆန္ဒနယ် (USDP)
၎။ ဦးနယ်လ်ဆင်(ခ) ဦးဆောင်ဆီ အဖွဲ့ဝင် ကျောက်မဲ မဲဆန္ဒနယ် (SNDP)

၅။ ဒေါက်တာရိုအုပ် အဖွဲ့ဝင် မတူပီမဲဆန္ဒနယ် (USDP)
၆။ ဗိုလ်မှူးကြီးတင့်ဆန်း အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်
၇။ ဦးစိုင်းကျောက် အဖွဲ့ဝင် မိုင်းဖြတ်မဲဆန္ဒနယ် (USDP)
၈။ ဦးခင်မောင်ရွှေ အဖွဲ့ဝင် ခင်ဦးမဲဆန္ဒနယ် (USDP)
၉။ ဦးမြသိန်း အဖွဲ့ဝင် မုဒုံမဲဆန္ဒနယ် (USDP)
၁၀။ ဦးစီခန်ရမ် အဖွဲ့ဝင် ခေါင်လန်ဖူးမဲဆန္ဒနယ် (USDP)
၁၁။ ဦးအောင်ဆန်း အဖွဲ့ဝင် စဥ့်ကူးမဲဆန္ဒနယ် (USDP)
၁၂။ ဦးကျော်မြင့် အဖွဲ့ဝင် အရာတော်မဲဆန္ဒနယ် (USDP)
၁၃။ ဦးဝင်းဆွေ အဖွဲ့ဝင် ညောင်ရွှေမဲဆန္ဒနယ် (အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
၁၄။ ဦးစိုးသိမ်း အဖွဲ့ဝင် ကလေးဝမဲဆန္ဒနယ် (တစည)
၁၅။ ဦးထွန်းအောင်ကျော် အဖွဲ့ဝင် ပုဏ္ဍားကျွန်း (RNDP)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးမှာ (USDP) မှဖြစ်သည်။
● တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။
၇။ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးမောင်မောင်သိမ်း ဥက္ကဋ္ဌ ခရမ်းမဲဆန္ဒနယ် ယခင်မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး
၂။ ဦးခင်မောင်ဦး အတွင်းရေးမှူး မုံရွာမဲဆန္ဒနယ် (USDP)
၃။ ဒေါက်တာဝင်းမြင့် အဖွဲ့ဝင် လှိုင်မဲဆန္ဒနယ် (USDP)
၎။ ဦးအေးနိုင် အဖွဲ့ဝင် ဆင်ပေါင်ဝဲမဲဆန္ဒနယ် (USDP)
၅။ ဦးတင်ဝင်း အဖွဲ့ဝင် မိုင်းယန်းမဲဆန္ဒနယ် (USDP)
၆။ ဦးဝင်းသန်း အဖွဲ့ဝင် သာပေါင်းမဲဆန္ဒနယ် (USDP)
၇။ ဦးဖရန်စစ္စကို အဖွဲ့ဝင် ဖယ်ခုံမဲဆန္ဒနယ် (USDP)
၈။ ဦးစိုးနိုင် အဖွဲ့ဝင် မင်းတုန်းမဲဆန္ဒနယ် (USDP)
၉။ ဦးကျော်နီနိုင် အဖွဲ့ဝင် လောက်ကိုင်မဲဆန္ဒနယ် (USDP)
၁၀။ ဦးကျော်တင်ရွှေ အဖွဲ့ဝင် မိုင်းရှူးမဲဆန္ဒနယ် (USDP)
၁၁။ ဦးထွန်းသိန်း(ခ) ဦးထွန်းထွန်း အဖွဲ့ဝင် မန်စီမဲဆန္ဒနယ် (USDP)
၁၂။ ဦးစံလင်း အဖွဲ့ဝင် တောင်ကြီးမဲဆန္ဒနယ် (USDP)
၁၃။ ဦးအောင်စိန်သာ အဖွဲ့ဝင် မင်းပြားမဲဆန္ဒနယ် (RNDP)
၁၄။ ဦးကြည်မြင့် အဖွဲ့ဝင် လသာမဲဆန္ဒနယ် (NDF)
၁၅။ ဦးစိုင်းအောင်လှ အဖွဲ့ဝင် နမ္မတူမဲဆန္ဒနယ် (SNDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP) မှ ဖြစ်သည်။
၈။ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးသိန်းဆွေ ဥက္ကဋ္ဌ အမ်းမဲဆန္ဒနယ် ယခင် ပို့ဆောင်ရေးဝန်ကြီး
၂။ ဦးမျိုးဆွေ အတွင်းရေးမှူး တနိုင်းမဲဆန္ဒနယ် (USDP)
၃။ ဦးဟန်စိန် အဖွဲ့ဝင် တိုက်ကြီးမဲဆန္ဒနယ် (USDP)
၎။ ဦးမြင့်ဌေး အဖွဲ့ဝင် ငဖဲမဲဆန္ဒနယ် (USDP)
၅။ ဦးရဲထွန်း အဖွဲ့ဝင် သံတွဲမဲဆန္ဒနယ် (USDP)
၆။ ဦးနန်းဦး အဖွဲ့ဝင် မိုးညိုမဲဆန္ဒနယ် (USDP)
၇။ ဦးခင်မောင်မြင့် အဖွဲ့ဝင် ရပ်စောက်မဲဆန္ဒနယ် (USDP)
၈။ ဦးအောင်ဇော်ဝင်း (ခ) ဦးဇော်ကိအာမက် အဖွဲ့ဝင် မောင်တောမဲဆန္ဒနယ် (USDP)

၉။ ဦးကျင်တဲင် (ခ) ကျန်တဲဝမ် အဖွဲ့ဝင် ကုန်းကြမ်းမဲဆန္ဒနယ် (USDP)

၁၀။ ဦးအောင်မြင့် အဖွဲ့ဝင် ဂန့်ဂေါမဲဆန္ဒနယ် (USDP)
၁၁။ ဦးခင်မောင်သီ အဖွဲ့ဝင် လွိုင်လင်မဲဆန္ဒနယ် (USDP)
၁၂။ ဦးသိန်းအောင် အဖွဲ့ဝင် သံဖြူဇရပ်မဲဆန္ဒနယ် (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ)
၁၃။ ဦးသာစိန် အဖွဲ့ဝင် ကျောက်တော် (RNDP)
၁၄။ ဦးစိုင်းကျော်မြင့် အဖွဲ့ဝင် မိုးနဲမဲဆန္ဒနယ် (SNDP)
၁၅။ ဦးဝင်းကျော် အဖွဲ့ဝင် သရက်မဲဆန္ဒနယ် (USDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP) မှ ဖြစ်သည်။
၉။ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ သူရဦးအေးမြင့် ဥက္ကဋ္ဌ ဝက်လက်မဲဆန္ဒနယ် ယခင် အားကစားဝန်ကြီး
၂။ ဦးအောင်ကြိုင် အတွင်းရေးမှူး ညောင်ဦး မဲဆန္ဒနယ် (USDP)
၃။ ဦးစိုးပိုင် အဖွဲ့ဝင် ဝန်းသိုမဲဆန္ဒနယ် (USDP)
၎။ ဦးမောင်ညို အဖွဲ့ဝင် စစ်တွေမဲဆန္ဒနယ် (RNDP)
၅။ ဦးယော်ဒီးဒွေ့ အဖွဲ့ဝင် ပူတာအိုမဲဆန္ဒနယ် (USDP)
၆။ ဦးအောင်မြင့်သိန်း အဖွဲ့ဝင် ပေါင်းတည်မဲဆန္ဒနယ် (USDP)
၇။ ဦးကျော်ဝင်း အဖွဲ့ဝင် ကန်ကြီးဒေါင့်မဲဆန္ဒနယ် (USDP)
၈။ ဦးစိုင်းသန်းနိုင် အဖွဲ့ဝင် ဖာပွန်မဲဆန္ဒနယ် (USDP)
၉။ ဦးထန်လိန်း အဖွဲ့ဝင် မင်းတပ်မဲဆန္ဒနယ် (USDP)
၁၀။ ဦးသန်းထွန်း အဖွဲ့ဝင် စေတုတ္တရာမဲဆန္ဒနယ် (USDP)
၁၁။ ဦးဝင်းကို အဖွဲ့ဝင် ဆီဆိုင်မဲဆန္ဒနယ် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)
၁၂။ ဦးခင်မောင်ရည်(ခ) ခိုင်မောင်ရည် အဖွဲ့ဝင် အလုံမဲဆန္ဒနယ် (NDF)

၁၃။ ဦးရဲထွန်း အဖွဲ့ဝင် သီပေါမဲဆန္ဒနယ် (SNDP)
၁၄။ ဦးအောင်ဆန်း အဖွဲ့ဝင် ပန်းဘဲတန်းမဲဆန္ဒနယ် (USDP)
၁၅။ ဒေါက်တာခင်မောင်ဆွေ အဖွဲ့ဝင် ကျောက်တံခါးမဲဆန္ဒနယ် (USDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၁ ဦးမှာ(USDP) မှ ဖြစ်သည်။
၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးစိုးနိုင် ဥက္ကဋ္ဌ ဖျာပုံမဲဆန္ဒနယ် ယခင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီး
၂။ ဦးအောင်သန့် အတွင်းရေးမှူး ပုသိမ်ကြီးမဲဆန္ဒနယ် (USDP)
၃။ ဦးညွန့်လှိုင် အဖွဲ့ဝင် ဖြူးမဲဆန္ဒနယ် (USDP)
၎။ ဦးမောင်မောင်စိုး အဖွဲ့ဝင် အင်္ဂပူမဲဆန္ဒနယ် (USDP)
၅။ ဒေါက်တာစိုးမိုးအောင် အဖွဲ့ဝင် ဘီးလင်းမဲဆန္ဒနယ် (USDP)
၆။ ဦးကင်းစိန် အဖွဲ့ဝင် သရက်ချောင်းမဲဆန္ဒနယ် (USDP)
၇။ ဦးစိုင်းထွန်းစိန် အဖွဲ့ဝင် မိုင်းပြင်းမဲဆန္ဒနယ် (USDP)
၈။ ဦးသောင်းဟန် အဖွဲ့ဝင် ယင်းမာပင်မဲဆန္ဒနယ် (USDP)
၉။ ဦးခတ္တိယ အဖွဲ့ဝင် မိုင်းဆတ်မဲဆန္ဒနယ် (USDP)
၁၀။ ဦးဆားမူ အဖွဲ့ဝင် လဟယ်မဲဆန္ဒနယ် (USDP)
၁၁။ ဦးဘဌေး အဖွဲ့ဝင် လေးမျက်နှာမဲဆန္ဒနယ် (USDP)
၁၂။ ဦးတင်လှိုင် အဖွဲ့ဝင် ကလေးမဲဆန္ဒနယ် (USDP)
၁၃။ ဦးဉာဏ်ဆွေဝင်း အဖွဲ့ဝင် ကျောက်ကြီးမဲဆန္ဒနယ် (တစည)
၁၄။ ဦးဇော်ထွန်း အဖွဲ့ဝင် လပွတ္တာမဲဆန္ဒနယ် (USDP)
၁၅။ ဦးရှိန်ကျော်ဝင်း အဖွဲ့ဝင် ဆိပ်ဖြူမဲဆန္ဒနယ် (တစည)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၃ ဦးမှာ ကြံ့ဖွံ့ပါတီ(USDP) ဖြစ်ပြီး။ ကျန် ၂ ဦးမှာ (တစည) မှဖြစ်သည်။
၁၁။ ရင်းနှီးမြှပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးဋ္ဌေးမြင့် ဥက္ကဋ္ဌ မြိတ်မဲဆန္ဒနယ် ယုဇန/လုပ်ငန်းရှင်
၂။ ဦးညီလေး (ခ) ဦးကြည်သာ အတွင်းရေးမှူး ဂွမဲဆန္ဒနယ် (USDP)
၃။ ဦးမောင်ကို အဖွဲ့ဝင် ပြည်ကြီးတံခွန်မဲဆန္ဒနယ် (USDP)
၎။ ဦးသန်းမြင့် အဖွဲ့ဝင် ဝမ်းတွင်းမဲဆန္ဒနယ် (USDP)
၅။ ဦးတင်မြင့် အဖွဲ့ဝင် တန့်ဆည်မြို့နယ် (USDP)
၆။ ဦးလှမြင့် (ခ) ဦးမောင်လှ အဖွဲ့ဝင် ပုလောမဲဆန္ဒနယ် (USDP)
၇။ ဒေါ်မိမြင့်သန်း အဖွဲ့ဝင် ရေးမဲဆန္ဒနယ် (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ)
၈။ ဦးဝင်းဦး အဖွဲ့ဝင် ရေဖြူ မဲဆန္ဒနယ် (USDP)
၉။ ဦးဝင်းမြင့် အဖွဲ့ဝင် ပြည်မဲဆန္ဒနယ် (USDP)
၁၀။ ဦးစိန်မြင့် အဖွဲ့ဝင် ဗိုလ်တထောင်မဲဆန္ဒနယ် (USDP)
၁၁။ ဦးဘိုနီ အဖွဲ့ဝင် ရမည်းသင်းမဲဆန္ဒနယ် (USDP)
၁၂။ ဦးဝင်းတင် အဖွဲ့ဝင် မင်းလှမဲဆန္ဒနယ် (USDP)
၁၃။ ဦးသန်းဝင်း အဖွဲ့ဝင် ကျိုက်လတ်မဲဆန္ဒနယ် (USDP)
၁၄။ ဦးစိုးဝင်း အဖွဲ့ဝင် စမ်းချောင်းမဲဆန္ဒနယ် (NDF)
၁၅။ ဦးစိုင်းလှကျော် အဖွဲ့ဝင် လင်းခေးမဲဆန္ဒနယ် (SNDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP) မှဖြစ်သည်။
၁၂။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးဆိုင်ရာကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးလွန်းသီ ဥက္ကဋ္ဌ ကွမ်းခြံကုန်းမဲဆန္ဒနယ် ယခင် စွမ်းအင်ဝန်ကြီး
၂။ ဦးသိန်းလွင် အတွင်းရေးမှူး ချောက်မဲဆန္ဒနယ် (USDP)
၃။ ဦးပိုက်ထွေး အဖွဲ့ဝင် ကံမမဲဆန္ဒနယ် (USDP)
၎။ ဦးသန်းနွယ် အဖွဲ့ဝင် ဘုတလင်မဲဆန္ဒနယ် (USDP)
၅။ ဦးမိုးဇော်ဟိန်း အဖွဲ့ဝင် ကသာမဲဆန္ဒနယ် (USDP)
၆။ ဦးမောင်မောင် (ခ) ဦးခင်မောင်ဝင်း အဖွဲ့ဝင် သာယာဝတီမဲဆန္ဒနယ် (USDP)
၇။ ဦးရဲထွဋ်ဦး အဖွဲ့ဝင် နတ္တလင်းမဲဆန္ဒနယ် (USDP)
၈။ ဦးမြင့်သူ အဖွဲ့ဝင် မြို့သစ်မဲဆန္ဒနယ် (USDP)
၉။ ဦးသန်းဦး အဖွဲ့ဝင် မြဝတီမဲဆန္ဒနယ် (USDP)
၁၀။ ဦးဇော်ဝင်းအောင် အဖွဲ့ဝင် မြင်းမူမဲဆန္ဒနယ် (USDP)
၁၁။ ဦးစိုင်းထွန်းအေး အဖွဲ့ဝင် မိုင်းကိုင်မဲဆန္ဒနယ် (SNDP)
၁၂။ ဦးကြည်မြင့် အဖွဲ့ဝင် မှော်ဘီမဲဆန္ဒနယ် (USDP)
၁၃။ ဦးစိုင်းမောင်တင် အဖွဲ့ဝင် လဲချားမဲဆန္ဒနယ် (SNDP)
၁၄။ ဦးသောင်း အဖွဲ့ဝင် ကျောက်ဆည်မဲဆန္ဒနယ် (USDP)
၁၅။ ဦးသိန်းရီ အဖွဲ့ဝင် ထန်းတပင်မဲဆန္ဒနယ် (USDP)
မှတ်ချက်
● ဥက္ကဋ္ဌ အပါဝင် ၁၃ ဦးမှာ (USDP)မှ ဖြစ်သည်။
၁၃။ ကျန်းမာရေးမြှင့်တင်မှုကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဒေါက်တာကျော်မြင့် ဥက္ကဋ္ဌ ချမ်းအေးသာစံမဲဆန္ဒနယ် ယခင် ကျန်းမာရေးဝန်ကြီး
၂။ ဒေါက်တာနေလင်း အတွင်းရေးမှူး ဆိပ်ကမ်းမဲဆန္ဒနယ် (USDP)
၃။ ဒေါက်တာစံလှိုင် အဖွဲ့ဝင် တောင်ကုတ်မဲဆန္ဒနယ် (USDP)
၎။ ဒေါက်တာဦးအောင်သန်း အဖွဲ့ဝင် ရွှေဘိုမဲဆန္ဒနယ် (USDP)
၅။ ဒေါက်တာခင်မောင်ဆွေ အဖွဲ့ဝင် ကျောက်တံခါးမဲဆန္ဒနယ် (USDP)
၆။ ဒေါက်တာစိုးသူရ အဖွဲ့ဝင် ကျုံပျော်မဲဆန္ဒနယ် (USDP)
၇။ ဒေါက်တာသန်းဝင်း အဖွဲ့ဝင် မြောက်ဥက္ကလာပမဲဆန္ဒနယ် (NDF)
၈။ ဦးဦးရယ်(ခ) ဦးအူးရယ် အဖွဲ့ဝင် ဖရူဆိုမဲဆန္ဒနယ် (USDP)
၉။ ဦးရှီသီး အဖွဲ့ဝင် လေရှီးမဲဆန္ဒနယ် (USDP)
၁၀။ ဦးစိုင်းစောတင် အဖွဲ့ဝင် မိုင်းယောင်းမဲဆန္ဒနယ် (SNDP)
၁၁။ ဦးမြသိန်း အဖွဲ့ဝင် ဘိုကလေးမဲဆန္ဒနယ် (USDP)
၁၂။ ဦးခမိုင်မုန်ကွမ်( ခ) ဦးခခိုင်တန် အဖွဲ့ဝင် ဆွမ်ပရာဘွမ်မဲဆန္ဒနယ် (USDP)
၁၃။ ဦးသိန်းညွန့် အဖွဲ့ဝင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် (NDF)
၁၄။ ဦးကိုကြီး အဖွဲ့ဝင် အောင်မြေသာစံ (USDP)
၁၅။ ဦးဌေးမောင် အဖွဲ့ဝင် ဆောမဲဆန္ဒနယ် (USDP)
မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၃ ဦးမှာ (USDP)မှဖြစ်သည်။
၁၄။ ပညာရေးမြှင့်တင်မှုကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဒေါက်တာချမ်းငြိမ်း ဥက္ကဋ္ဌ ကန့်ဘလူမဲဆန္ဒနယ် ယခင် ပညာရေးဝန်ကြီး
၂။ ဒေါက်တာမြဦး အတွင်းရေးမှူး ငါန်းဇွန်းမဲဆန္ဒနယ် (USDP)
၃။ ဦးစောဂျိမ်း အဖွဲ့ဝင် အိမ်မဲမဲဆန္ဒနယ် (USDP)
၎။ ဒေါ်နန်းနွံ အဖွဲ့ဝင် ရှားတောမဲဆန္ဒနယ် (USDP)
၅။ ဦးခွန်လိန်း အဖွဲ့ဝင် ဖလမ်းမဲဆန္ဒနယ်(ချင်းတိုးတက်ရေးပါတီ)
၆။ ဦးထွန်းဆာ (ခ) ဦးစိုင်းထွန်းဝင်း အဖွဲ့ဝင် တန့်ယန်းမဲဆန္ဒနယ် (SNDP)
၇။ ဦးမြင့်ရွှေ အဖွဲ့ဝင် ဝေါ မဲဆန္ဒနယ် (USDP)
၈။ ဦးကြင်သိန်း အဖွဲ့ဝင် ပဲခူးမဲဆန္ဒနယ် (USDP)
၉။ ဦးစဲကီကော် အဖွဲ့ဝင် မိုင်းပြင်း မဲဆန္ဒနယ် (မိုင်းခတ်မဲဆန္ဒနယ် အမှန်) (USDP)
၁၀။ ဦးကျော်ညွန့် အဖွဲ့ဝင် ကျွန်းလှမဲဆန္ဒနယ် (USDP)
၁၁။ ဦးထွန်းမြင့်ဦး အဖွဲ့ဝင် မိုင်းပန်မဲဆန္ဒနယ် (SNDP)
၁၂။ ဦးခင်မောင်မြင့် အဖွဲ့ဝင် ပေါင်မဲဆန္ဒနယ် (တစည)
၁၃။ ဦးကြည်မောင် အဖွဲ့ဝင် မြစ်သားမဲဆန္ဒနယ် (USDP)
၁၄။ ဦးစိုးအောင် အဖွဲ့ဝင် သဲကုန်းမဲဆန္ဒနယ် (USDP)
၁၅။ ဦးသိန်းညွန့် အဖွဲ့ဝင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် (NDF)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးမှာ (USDP)မှ ဖြစ်သည်။
၁၅။ တရားစီရင်ရေးနှင့်ဥပဒေရေးဆိုင်ရာကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ သူရဦးအောင်ကို ဥက္ကဋ္ဌ ကန်ပက်လက်မဲဆန္ဒနယ် ယခင်သာသနာရေးဒုဝန်ကြီး
၂။ ဦးမြင့်ထွန်း အတွင်းရေးမှူး ကော့သောင်းမဲဆန္ဒနယ် (USDP)
၃။ ဦးသန်းထွန်း အဖွဲ့ဝင် ဒီပဲယင်းမဲဆန္ဒနယ် (USDP)
၎။ ဦးစိုးဝင်း အဖွဲ့ဝင် ကျောက်တံတားမဲဆန္ဒနယ် (USDP)
၅။ ဗိုလ်မှူးတက်ထွန်းအောင် အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်
၆။ ဦးလွင်ဦး အဖွဲ့ဝင် သန်လျင်မဲဆန္ဒနယ် (USDP)
၇။ ဦးမြင့်စိုး အဖွဲ့ဝင် ပျော်ဘွယ်မဲဆန္ဒနယ် (USDP)
၈။ ဦးဌေးမောင် အဖွဲ့ဝင် ဆောမဲဆန္ဒနယ် (USDP)
၉။ ဦးဇင်းပမ် အဖွဲ့ဝင် နန်းယွန်းမဲဆန္ဒနယ် (USDP)
၁၀။ ဦးတင်ထွေး အဖွဲ့ဝင် အုတ်ဖိုမဲဆန္ဒနယ် (USDP)
၁၁။ ဦးခင်မောင်ဝင်း အဖွဲ့ဝင် လမ်းမတော်မဲဆန္ဒနယ် (NDF)
၁၂။ ဒေါ်နန်းဝါနု အဖွဲ့ဝင် ကွန်ဟိန်းမဲဆန္ဒနယ် (SNDP)
၁၃။ ဦးစိုင်းသိန်းအောင် အဖွဲ့ဝင် တာချီလိတ်မဲဆန္ဒနယ် (SNDP)
၁၄။ ဒေါက်တာရိုအုပ် အဖွဲ့ဝင် မတူပီမဲဆန္ဒနယ် (USDP)
၁၅။ ဦးသောင်း အဖွဲ့ဝင် မော်လိုက်မဲဆန္ဒနယ် (တစည)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးမှာ (USDP)မှဖြစ်သည်။
● တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။
၁၆။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးမောင်ဦး ဥက္ကဋ္ဌ တပ်ကုန်းမဲဆန္ဒနယ် ယခင် ပြည်ထဲရေးဝန်ကြီး
၂။ ဦးတင်မောင်ဦး အတွင်းရေးမှူး ရွှေပြည်သာမဲဆန္ဒနယ် (USDP)
၃။ ဦးခင်မောင်လွင် အဖွဲ့ဝင် စလင်းမဲဆန္ဒနယ် (USDP)
၎။ ဦးအောင်မြသန်း အဖွဲ့ဝင် ညောင်တုန်းမဲဆန္ဒနယ် (USDP)
၅။ ဦးပုမ်ခန့်အင် အဖွဲ့ဝင် တီးတိန်မဲဆန္ဒနယ် (USDP)
၆။ ဗိုလ်မှူးကြီးဌေးနိုင် အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်
၇။ ဦးစိုင်းဝင်းခိုင် အဖွဲ့ဝင် သိန္နီမဲဆန္ဒနယ် (SNDP)
၈။ ဦးအောင်ထွန်းသာ အဖွဲ့ဝင် မြောက်ဦးမဲဆန္ဒနယ် (RNDP)
၉။ ဦးဇောင်းခေါင် အဖွဲ့ဝင် ဆော့လော်မဲဆန္ဒနယ် (USDP)
၁၀။ ဦးခင်မောင်ညို အဖွဲ့ဝင် လွိုင်ကော်မဲဆန္ဒနယ် (USDP)
၁၁။ ဦးခင်မောင်ညွန့် အဖွဲ့ဝင် သပိတ်ကျင်းမဲဆန္ဒနယ် (USDP)
၁၂။ ဦးပြည့်မောင် အဖွဲ့ဝင် မတ္တရာမဲဆန္ဒနယ် (USDP)
၁၃။ ဦးကျော်သန်း အဖွဲ့ဝင် ဗန်းမောက်မဲဆန္ဒနယ် (USDP)
၁၄။ ဦးယိန်းဘောမ် အဖွဲ့ဝင် ဝိုင်းမော်မဲဆန္ဒနယ် (တစည)
၁၅။ ဦးအိုက်ယွန်းမွန်း အဖွဲ့ဝင် မက်မန်းမဲဆန္ဒနယ်(ဝဒီမိုကရက်တစ်ပါတီ)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးမှာ (USDP) မှဖြစ်သည်။
● တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။
၁၇။ အမျိုးသမီးနှင့်ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးမောင်မောင်ဆွေ ဥက္ကဋ္ဌ နမ့်ဆန်မဲဆန္ဒနယ် ယခင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် နေရာထားရေးဝန်ကြီး
၂။ ဦးမြင့်သူ အတွင်းရေးမှူး ဒဂုံ (အရှေ့) မဲဆန္ဒနယ်
၃။ ဒေါက်တာဒေါ်အေးမြင့် အဖွဲ့ဝင် ရွှေတောင်မဲဆန္ဒနယ် (USDP)
၎။ ဒေါ်လဲ့လဲ့ဝင်းဆွေ အဖွဲ့ဝင် တာမွေမဲဆန္ဒနယ် (USDP)
၅။ ဒေါ်ခင်သန်းမြင့် အဖွဲ့ဝင် ငပုတော မဲဆန္ဒနယ် (USDP)
၆။ ဒေါ်ဇာတလဲမ်း အဖွဲ့ဝင် ထန်တလန်မဲဆန္ဒနယ် (ချင်းအမျိုးသားပါတီ)
၇။ ဒေါ်ဝင်းမော်ထွန်း အဖွဲ့ဝင် ရေနံချောင်းမဲဆန္ဒနယ် (USDP)
၈။ ဦးစိုင်းမြင့်အေး အဖွဲ့ဝင် လားရှိုးမဲဆန္ဒနယ် (USDP)
၉။ ဦးဉာဏ်ဝင်း အဖွဲ့ဝင် လှိုင်သာယာမဲဆန္ဒနယ် (USDP)
၁၀။ ဦးအောင်ဇင် အဖွဲ့ဝင် ပုဇွန်တောင်မဲဆန္ဒနယ် (NDF)
၁၁။ ဦးကျော်မြင့် အဖွဲ့ဝင် နောင်ချိုမဲဆန္ဒနယ် (တစည)
၁၂။ ဦးဇုန်းတိန့် အဖွဲ့ဝင် ချီဖွေမဲဆန္ဒနယ် (USDP)
၁၃။ ဦးအိုက်မုန်း အဖွဲ့ဝင် မန်တုံမဲဆန္ဒနယ်တအောင်း (ပလောင်) အမျိုးသားပါတီ
၁၄။ ဦးဝင်းကြည် အဖွဲ့ဝင် ပင်းတယမဲဆန္ဒနယ် (USDP)
၁၅။ ဒေါ်နန်းစေအွာ အဖွဲ့ဝင် ဘားအံမဲဆန္ဒနယ် (ဖလုံ- စဝေါ်)

မှတ်ချက်
- ဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးမှာ (USDP)မှဖြစ်သည်။

၁၈။ ပြုပြင်ပြောင်းလဲရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်မှုစိစစ်ရေးကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးအောင်သိန်းလင်း ဥက္ကဋ္ဌ တောင်ဥက္ကလာပ မဲဆန္ဒနယ် ယခင် ရန်ကုန်မြို့တော်ဝန်
၂။ ဒေါက်တာမောင်မောင်ဝင့် အတွင်းရေးမှူး ဗဟန်းမဲဆန္ဒနယ် (USDP)
၃။ ဦးအေးမြင့် အဖွဲ့ဝင် အင်းစိန်မဲဆန္ဒနယ် (USDP)
၎။ ဦးသာဝင်း အဖွဲ့ဝင် ရန်ကင်းမဲဆန္ဒနယ် (USDP)
၅။ ဦးဉာဏ်ဝင်း အဖွဲ့ဝင် လှိုင်သာယာမဲဆန္ဒနယ် (USDP)
၆။ ဒေါ်စုစုလှိုင် အဖွဲ့ဝင် တောင်ဒဂုံမဲဆန္ဒနယ် (USDP)
၇။ ဦးသန်းစိန် အဖွဲ့ဝင် ကြည့်မြင်တိုင်မဲဆန္ဒနယ် (USDP)
၈။ ဦးလှမြင့် အဖွဲ့ဝင် ဒေါပုံမဲဆန္ဒနယ် (USDP)
၉။ ဦးမောင်ပါ အဖွဲ့ဝင် ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ် (USDP)
၁၀။ ဦးတင်ထွန်း အဖွဲ့ဝင် ရွှေကျင်မဲဆန္ဒနယ် (တစည)
၁၁။ ဦးရွှေမောင် (ခ) ဦးအဒူရော်ဇက် အဖွဲ့ဝင် ဘူးသီးတောင်မဲဆန္ဒနယ်) (USDP)
၁၂။ ဦးစိုင်းငေါင်းဆိုင်ဟိန်း အဖွဲ့ဝင် မောက်မယ်မဲဆန္ဒနယ် (USDP)
၁၃။ ဦးစိုင်းအွမ်ဆိုင်းမိုင်း အဖွဲ့ဝင် ကျေးသီးမဲဆန္ဒနယ် (SNDP)
၁၄။ ဦးတင်မောင် အဖွဲ့ဝင် ချမ်းမြသာစည်မဲဆန္ဒနယ် (USDP)
၁၅။ ဦးမြင့်ကြည် အဖွဲ့ဝင် လသာမဲဆန္ဒနယ် (NDF)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP) မှ ဖြစ်သည်။
၁၉။ ရေကြောင်းပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ
စဉ် အမည် တာဝန် မဲဆန္ဒနယ် မှတ်ချက်
၁။ ဦးကြည်မင်း ဥက္ကဋ္ဌ ထားဝယ်မဲဆန္ဒနယ် (USDP) စိစစ်ဆဲ
၂။ ဦးအေးဖေ အတွင်းရေးမှူး ကိုကိုးကျွန်းမဲဆန္ဒနယ် (USDP)
၃။ ဦးယုံဘီး အဖွဲ့ဝင် တနင်္သာရီမဲဆန္ဒနယ် (USDP)
၎။ ဦးလှမောင် အဖွဲ့ဝင် ချောင်းဆုံမဲဆန္ဒနယ် (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ)
၅။ ဒေါက်တာတင်မောင်ကြိုင် အဖွဲ့ဝင် ကြံခင်းမဲဆန္ဒနယ် (USDP)
၆။ ဦးဝင်းနိုင်(ခ) ဦးဖြူ အဖွဲ့ဝင် ရွှေကူမဲဆန္ဒနယ် (USDP)
၇။ ဦးအောင်စိန် အဖွဲ့ဝင် မာန်အောင်မဲဆန္ဒနယ် (USDP)
၈။ ဦးထွန်းအောင်ကျော် အဖွဲ့ဝင် ပုဏ္ဍားကျွန်းမဲဆန္ဒနယ်
၉။ ဦးသန်းဝင်း အဖွဲ့ဝင် ကျိုက်လတ်မဲဆန္ဒနယ် (USDP)
၁၀။ ဦးအောင်လင်းလှိုင် အဖွဲ့ဝင် ဘုတ်ပြင်းမဲဆန္ဒနယ် (USDP)
၁၁။ ဦးအေးဟန် အဖွဲ့ဝင် ပေါက်ခေါင်းမဲဆန္ဒနယ် (USDP)
၁၂။ ဗိုလ်မှူးသန်းဇော်ဦး အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်
၁၃။ ဦးအေး အဖွဲ့ဝင် ဟုမ္မလင်းမဲဆန္ဒနယ် (USDP)
၁၄။ ဦးဝင်းဦး အဖွဲ့ဝင် ရေဖြူမဲဆန္ဒနယ် (USDP)
၁၅။ ဦးဖေသန်း အဖွဲ့ဝင် မြေပုံမဲဆန္ဒနယ် (RNDP)
မှတ်ချက်
● ဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးမှာ (USDP) မှဖြစ်သည်။
● တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။

No comments:

Post a Comment