Sunday, June 2, 2013

အုတ်ဖိုမှ ပေါင်းလောင်းသို့ - နီလွင်သွေး (ဒဿနိက)

ကျနော်တို့ခေတ်မှာ
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။

ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။

ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။