Thursday, December 15, 2011

ဖိလစ်ပိုင်နိုင်ငံသို့ လူ့ဘောင်သစ် ကိုယ်စားလှယ်များ သွားရောက်ခဲ့

“ကျမတို့ရဲ့ Akbayan မိတ်ဆွေ ရဲဘော်တွေဆီကနေ တနိုင်ငံလုံး အတိုင်းအတာကနေပြီးတော့မှ ဒေသခံအဆင့်ထိ ဒီမိုကရေစီရေးဖြစ်စဉ်တလျှောက်နှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေရဲ့ အတွေ့အကြုံတွေအပြင် သူတို့ရဲ့ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ အားကောင်းမှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေ စတဲ့ အတွေ့အကြုံတွေကိုပါ အများကြီး သင်ယူလေ့လာသိရှိခဲ့ရပါတယ်” ဟု လူ့ဘောင်သစ် လူငယ်ရေးရာ နိုင်ငံတကာ အတွင်းရေးမှူး နော်မေဘယ်လ်ထူးမှ …”

နိုဝင်ဘာလ၊ ၂၀ ရက်မှ ၃၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံသို့ လူ့ဘောင်သစ်ကိုယ်စားလှယ် ၆ ဦး လေ့လာရေးခရီးစဉ်တခု သွားရောက်ခဲ့ပါသည်။ Active Citizenship Foundation (ACF) ၏ ဖိတ်ကြားချက်အရ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် AKBayan ပါတီတို့ ပူးပေါင်းဆောင်ရွက်ပြီး ဤခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 

Monday, December 5, 2011

ပြည်တွင်းပြောင်းလဲမှုနှင့် ကလင်တန်ခရီးစဉ်အပေါ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏အမြင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးစံမိုးဝေက ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ အခြေအနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အကြောင်းတို့ကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mrs. Hillary Clinton ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါဟာ ရာစုနှစ် တဝက်ကျော်အတွင်း မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအနေနဲ့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ သမိုင်းဝင် ထူးခြားတဲ့ ခရီးစဉ်အဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် တောက်လျှောက် တွန်းအားပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး သွားရောက်လည်ပတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေဟာ တကယ်ပဲ အားရစရာတွေ ရှိနေပြီလား။ ပြည်ပမှာအခြေစိုက် လှုပ်ရှားနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ၁၉၈၈ ခုနှစ်ကနေ မြန်မာ့နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တဲ့ ဦးအောင်မိုးဇော်က သူ့ရဲ့ အမြင်ကို ဗွီအိုအေကို အခုလို ပြောဆိုပါတယ်။