Thursday, August 30, 2012

ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိကထား ဆွေးနွေးမယ် ...

“၃ ရက်နေ့ကို ကျနော် သွားမယ်။ အစိုးရပိုင်းနဲ့တွေ့မယ်ဆိုရင် ကျနော်တို့ပါတီ ပြန်ပြီးတော့ ရပ်တည်တဲ့ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုမှာရှိတဲ့ လူ့ဘောင်သစ် စည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးမယ်။ တခြားလူ့ဘောင်သစ်တွေနဲ့ တွေ့မယ်၊ ၈၈ နဲ့ တွေ့မယ်။ နောက် တခြား တွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့မယ်။ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိကထားပြီး ဆွေးနွေးမယ် …” 


Saturday, August 25, 2012

လူ့ဘောင်သစ်ပါတီ ပြည်တွင်းတွင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရသေး

ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ မြန်မာနိုင်ငံထဲပြန်ပြီး နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားပေမယ့် ခွင့်ပြုချက်မရသေးဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“ကျနော်တို့က ပါတီအနေနဲ့ ပြန်လာမယ်။ ပါတီအနေနဲ့ပြန်ပြီးတော့ ပါတီထောင်မယ်ဆိုပြီးပြောတာ သူတို့ လက်မခံသေးဘူး။ လက်မခံသေးတော့ ဆက်လက်ဆွေးနွေးဖို့အဆင့်ပဲ ရှိသေးတယ်”


Thursday, August 23, 2012

ယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် သဘောထားအမြင် ညှိနှိုင်းပွဲကျင်းပ

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ခေါင်းဆောင် နန်းဆိုင်နောင့် ဦးဆောင်သော အဖွဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) သို့ ၂၃- ၈- ၂၀၁၂ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က လာရောက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်သည့် သဘောထားအမြင်များအား ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နန်းဆိုင်နောင့်က ၎င်းတို့၏ ငြိမ်းချမ်းရေးမစ်ရှင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်ပြန်ဆုတ်မသွားစေဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။ ထို့အပြင် ပဋိပက္ခဖြေရှင်းမှု ဖြစ်စဉ်အဆင့်ဆင့်တွင် အမျိုးသမီးများအနေဖြင့် အပြည့်အဝ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်ကြောင်း ပြောကြားသည်။


Wednesday, August 22, 2012

ဆွီဒင် ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့ချုပ် (SSU) ၏ နွေရာသီစခန်းချ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တက်ရောက် ဆွေးနွေး

ဆွီဒင် ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့ချုပ် (SSU) ၏ နွေရာသီစခန်းချ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးက ...

“မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲမှုတွေရှိနေပြီလို့ နိုင်ငံတကာက ပြောဆိုနေကြပေမယ့် အမှန်တကယ် လက်တွေ့ကျတော့ အပြောင်းအလဲတွေက ထင်သလောက် မဖြစ်သေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတယ်ဆိုပေမယ့်လည်း ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေပါသေးတယ်” ဟု Burma- Real signs of changes? ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို တက်ရောက်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။


ပါတီ စုံညီ အထူးအစည်းအဝေးတွင် ပြောကြားသော ဥက္ကဋ္ဌ၏အဖွင့်မိန့်ခွန်း

“ကျနော်တို့တိုင်းပြည်ဟာ လက်တွေ့မှာ ဒီမိုကရေစီအခြေအနေ စစ်မှန်တဲ့ ဒီမိုကရေစီဝန်းကျင် အခြေအနေတွေကို ဖန်တီးတည်ဆောက်နိုင်တဲ့ အခြေအနေတွေ မရှိသေးဘူး။ ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင်ရဲ့ လက်အောက်မှာပဲ ရှိသေးတယ်။ ကျနော်တို့ကို စစ်တပိုင်းအစိုးရက ဆက်လက် အုပ်ချုပ်ထားဆဲပဲ ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ဆိုတာက ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး၏ ပခုံးပေါ်ကိုကျရောက်နေတဲ့ ယနေ့ တာဝန်ဖြစ်တယ်။ အဲဒီလိုပဲ ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျနော် အပါအဝင် ခင်ဗျားတို့အားလုံး တစ်ဦးချင်းစီရဲ့ပခုံးပေါ်ကို ကျရောက်နေတဲ့တာဝန် ဖြစ်တယ်။ သို့သော်လည်းပဲ ခုနက ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အလှည့်အပြောင်းကိုတော့ ဘာဖြစ်မလဲဆိုတာ ရေရေရာရာပြောဖို့ တော်တော်ခက်သေးတယ် …” 


Wednesday, August 15, 2012

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဦးတည်ချက်အသစ်တစ်ခု ထပ်မံတိုးချဲ့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထူးအစည်းဝေးက မူလရှိပြီးသား နိုင်ငံရေးဦးတည်ချက်တွေအပြင် အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေး ဆိုတဲ့ ဦးတည်ချက်အသစ်တစ်ခုကို ထပ်မံ တိုးချဲ့လိုက်တယ်လို့ သိရပါတယ်။

Sunday, August 12, 2012

ပါတီ စုံညီအထူးအစည်းအဝေး ကျင်းပပြီးစီး


သတင်းထုတ်ပြန်ချက်အမှတ် - ၁/၂၀၁၂
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်
ထိုင်း - မြန်မာ နယ်စပ်

လက်ရှိအခြေအနေဖြစ်ထွန်းမှုတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ကြရမယ် 

“လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေထဲမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတချို့ကိုတော့ တွေ့မြင်နေရတယ်။ ဒါပေမယ့် စစ်စစ်မှန်မှန်ပြောင်းလဲရေးဘက်ကို ဦးတည်ရွေ့လျားနေတာလားဆိုတာကတော့ ပြောရခက်တယ်။ ဒီအပြောင်းအလဲတွေကို မိမိရရဆုပ်ကိုင်ပြီးတော့ တိုးချဲ့သွားဖို့ လိုတယ်။ သတိကြီးကြီးတော့ ထားကြရလိမ့်မယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်သွားနိုင်ရေးအတွက် ကျနော်တို့အားလုံး ကျားကုပ်ကျားခဲ လုံးပမ်းအားထုတ်သွားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး အပါအဝင် ယနေ့ကာလနိုင်ငံရေး ဖြစ်စဉ်များအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပါတီရဲ့ နိုင်ငံရေး စည်းရုံးရေး အခြေခံတွေကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားဖို့ လိုပါတယ်။ လက်ရှိအခြေအနေ ဖြစ်ထွန်းမှုတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ကြရမယ်” ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးနှင့် ပါတီ စုံညီအထူးအစည်းအဝေးတွင် ပြောကြားပါသည်။


Friday, August 10, 2012

၂၄ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၈- ၈-၂၀၁၂ ရက်နေ့မှာကျရောက်သော ၂၄ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းတွင် လူ့ဘောင်သစ်လူငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်တို့မှ ပြုလုပ်ခဲ့ကြသည်။