Monday, March 14, 2011

ဖိတ်ခေါ် တိုက်တွန်းစာ

အမေရိကန်နိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် ရဲဘော်များသို့။

ရက်စွဲ ။ ။ မတ်လ ၁၃ ရက်၊ ၂၀၁၁
စာအမှတ် (DPNS-US ၁/၂၀၁၁)


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမေရိကန်ဌာနခွဲ ဖွဲ့စည်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ခဲ့ကြရာမှာ ပါတီဗဟို၏ခွင့်ပြုချက်ဖြင့် အမေရိကန်ဌာနခွဲ ဖြစ်မြောက်ရေး ကော်မတီအား အောက်ပါ ရဲဘော်များဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၀ တွင် စုဖွဲ့ခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ ဖြစ်မြောက်ရေးကော်မတီ)

(၁) ရဲဘော်အောင်ကို                       (တာဝန်ခံ)
(၂) ရဲဘော်ဝင်းမြင့်နိုင်                   (ဒုတိယ တာဝန်ခံ)
(၃) ရဲဘော်စိုးမိုး                             (အဖွဲ့ဝင်)
(၄) ရဲဘော်ထွန်းထွန်းကျော်               (အဖွဲ့ဝင်)
(၅) ရဲဘော်ဇော်နေမျိုး                      (အဖွဲ့ဝင်)
(၆) ရဲဘော်မောင်မောင်ဦး                 (အဖွဲ့ဝင်)
(၇) ရဲဘော်အောင်အောင်                 (အဖွဲ့ဝင်)
(၈) ရဲဘော်လှမြင့်                           (အဖွဲ့ဝင်)
(၉) ရဲဘော်ထက်အောင်                   (အဖွဲ့ဝင်)
(၁၀) ရဲဘော်ဇော်ကိုနိုင်                    (အဖွဲ့ဝင်)



ဌာနခွဲဖြစ်မြောက်ရေးကော်မတီ မပေါ်ပေါက်ခင်မှာလည်း ရဲဘော်ဇော်ကိုနိုင်၊ ရဲဘော်မောင်မောင်ဦး၊ ရဲဘော် မအေးအေးသင်း၊ ရဲဘော်ဇော်နေမျိုး၊ ရဲဘော်မျိုးအေး တို့မှ ဦးဆောင်၍ ပါတီဌာနခွဲပေါ်ပေါက်ရေးအတွက် ဦးဆောင် စည်းရုံး လှုံ့ဆော်/လုပ်ကိုင်ခဲ့ကြသည်။ ထိုသို့ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုများကို ပါတီကိုယ်စား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ) မှ အသိအမှတ်ပြု မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။

ယခုအခါ အမေရိကန်နိုင်ငံ၌ ပါတီဌာနခွဲဖြစ်မြောက်ရေးကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ) အား ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပါတီဗဟိုဌာနချုပ်၏ သဘောတူ၊ ခွင့်ပြုချက်ဖြင့် အောက်ပါဖွဲ့စည်းမှုအတိုင်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ)

၁။ ရဲဘော်အောင်ကို                     (တာဝန်ခံ)
၂။ ရဲဘော်စိုးမိုး                       (ဒုတိယ တာဝန်ခံ)
၃။ ရဲဘော်အောင်မိုး
၎။ ရဲဘော်ဝင်းမြင့်နိုင်
၅။ ရဲဘော်အောင်အောင်
၆။ ရဲဘော်ထွန်းထွန်းကျော်
၇။ ရဲဘော်ဇော်နေမျိုး

ထိုမှတဆင့် အမေရိကန်ဌာနခွဲ၊ ကော်မတီဝင်ရဲဘော်များနှင့် အမေရိကန်ဌာနခွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ရဲဘော်များ၏ ဆွေးနွေးအကြံပြုတင်ပြချက်များဖြင့် အောက်ဖော်ပြပါ လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းကော်မတီဝင်များအား ရဲဘော်များ၏ ဆန္ဒသဘာထားများနှင့်အညီ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၁၁ နေ့တွင် အတည်ပြု ရယူဖွဲ့စည်းခဲ့ပြီး တာဝန်များကိုလည်း ခွဲဝေသတ်မှတ်နိုင်ခဲ့ပါသည်။

သတင်းပြန်ကြားရေးနှင့် Networking လုပ်ငန်းကော်မတီ
- ရဲဘော်စိုးမိုး
- ရဲဘော်မောင်မောင်ဦး
- ရဲဘော်ဇော်ကိုနိုင်

စည်းရုံးရေးနှင့် မဟာမိတ်ဆက်ဆံရေး လုပ်ငန်းကော်မတီ
- ရဲဘော်အောင်ကို
- ရဲဘော်ဇော်နေမျိုး
- ရဲဘော်ထွန်းထွန်းကျော်
- ရဲဘော် မအေးအေးသင်း

ဘဏ္ဍာရေးလုပ်ငန်းကော်မတီ
- ရဲဘော်ဝင်းမြင့်နိုင်
- ရဲဘော်အောင်အောင်
- ရဲဘော်အောင်မိုး

သုတေသနနှင့် လေ့လာရေးလုပ်ငန်းကော်မတီ
- ရဲဘော်စိုးမိုး
- ရဲဘော်ဝင်းမြင့်နိုင်

သို့သော်လည်း ထိုသို့တာဝန်ပေးလုပ်ဆောင်မှုများတွင် အမေရိကန်နိုင်ငံတွင် နေထိုင်ကြသော ပါတီဝင် ရဲဘော်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူလုပ်ဆောင်မှုများ ယခုထက်ပို၍ ပိုမိုလိုအပ်နေပါသေးသည်။

သို့ဖြစ်၍ အမေရိကန်နိုင်ငံတွင် နေထိုင်နေကြသော ပါတီဝင်ရဲဘော်များအနေဖြင့် အမေရိကန်ဌာနခွဲ၏ လုပ်ငန်းကော်မတီများတွင် မိမိတာဝန်ယူနိုင်သလောက် တာဝန်ယူဆောင်ရွက်ပေးကြပါရန် ပါတီကိုယ်စား မိမိတို့ကော်မတီမှ အလေးအနက် တိုက်တွန်းနိုးဆော်အပ်ပါသည် ။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ)
dpnsusa@gmail.com
(919)-357 8778
(443)- 248 9653

1 comment:

  1. Great job, Ko Oo and Ko Zaw Ko Naing!! Special thanks to you. All the best,

    Soe Moe/ Tun Than

    ReplyDelete