Friday, October 14, 2011

၂၀၀၈ အခြေခံဥပဒေအောက် ဆွဲမသွင်းဖို့ လူ့ဘောင်သစ် သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်ခံအဖွဲ့အစည်းတွေကို ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း သွတ်သွင်းဖို့ အစိုးရက ကြိုးစားနေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောဆိုပြီး အဲသလို ဆောင်ရွက်ချက်တွေကို မပြုလုပ်သင့်ကြောင်း ဝေဖန်လိုက်ပါတယ်။

အောက်တိုဘာ ၁၄ ရက် သောကြာနေ့မှာကျရောက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ မွေးနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဆင်ဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုတာ မဖြစ်နိုင်ဘူးလို့လည်း လူ့ဘောင်သစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးတာကို ကြိုဆိုပေမယ့် တဖက်သတ် အကြပ်ကိုင် တောင်းဆိုမှုတွေလုပ်ရင် ဆွေးနွေးမှု ရပ်တန့်ပြီး အဆိုးဘက်ကို ရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။

ညီညွတ်ရေးကို တည်ဆောက်ပြီး လူထုအားကို ရယူနိုင်ဖို့ အရေးကြီးတယ်လို့လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဆိုပါတယ်။

သတင်း - ဘီဘီစီ

No comments:

Post a Comment