Saturday, November 19, 2011

အဖွဲ့ချုပ်၏ အထူးကြေညာချက်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ နှင့်ပတ်သက်၍
သဘောထားထုတ်ပြန်ကြေညာချက်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအနေဖြင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေအရပ်ရပ်အပေါ် ဘက်ပေါင်းစုံမှ အသေအချာစဉ်းစား၍ အထူးကြေညာချက်အမှတ် – ၁/၁၁/၁၁ ပါ ဆုံးဖြတ်ချက်များအား ဆုံးဖြတ်ခဲ့ကြသည်ဟု မိမိတို့မှ ယုံကြည်ပါသည်။

၂။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်သည် မိမိတို့၏ ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်လုံးတွင် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသည့် တပ်ဦးပါတီတရပ်ဖြစ်သည့်အားလျော်စွာ ယခုဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ဟုဆိုသော်လည်း မိမိတို့လှုပ်ရှားမှုကြီးတစ်ခုလုံးအားလည်းကောင်း၊ ပြည်သူတို့၏ အနာဂတ်ကံကြမ္မာနှင့်ပတ်သက်၍လည်းကောင်း ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မည် ဖြစ်ပါသည်။


၃။ သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထုအား ရှင်းလင်းတင်ပြအစီရင်ခံရန် လိုအပ်ပါသည်။ ထို့အတူ မဟာမိတ်အင်အားစုများအားလည်း ရှင်းလင်းတင်ပြပေးရန် အထူးလိုအပ်ပါသည်။

၎။ သို့မှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မိမိတို့အင်အားစုများအားလုံးအနေဖြင့် မပြီးဆုံးသေးသော ဒီမိုကရေစီရေးတိုက်ပွဲအား ပိုမိုညီညွတ်စွာ၊ ပိုမိုအားကောင်းစွာ ဆက်လက် ဆင်နွှဲသွားနိုင်မည် ဖြစ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်။

ဆက်သွယ်ရန် -
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ) ၀၈၁၂၈၁၅၃၅၀
ဦးငွေလင်း (အထွေထွေအတွင်းရေးမှူး) ၀၈၁၄၇၅ ၉၂၂၃


No comments:

Post a Comment