Sunday, August 7, 2011

ဆန်ဖရန် ဘေးဧရိယာမှာကျင်းပတဲ့ ၈၈ - ၂၃ နှစ်ပြည့် အခမ်းအနား လူ့ဘောင်သစ်ပါတီဝင်များ ပူးပေါင်းဆောင်ရွက်

 
ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ဥက္ကလံမြို့ ဆီဇာရှေးဗတ်ဇ် ကျောင်းရိပ်သာမှာကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ၈ လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနားမှာ အဲဒီဒေသကိုရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) မှ ရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


 
 

အဲဒီအခမ်းအနားကို ဘေးဧရိယာအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းနှင့် တိုင်းရင်းသားအစုအဖွဲ့ ၁၀ ဖွဲ့ရဲ့ပြခန်းများ၊ ရှင်းလင်းတင်ဆက်မှုများအပြင် မြန်မာမိသားစုများ၏ စင်မြင့်တင်ဆက်မှုများနဲ့ စည်ကားစွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအသေးစိတ်ကိုတော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

 
ဘေးဧရိယာမှာ ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များအနေနဲ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေ၊ မှတ်တမ်းတင်ကိစ္စတွေကို ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အပြင် အခမ်းအနားမှာလည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) မှပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားခြင်း၊ စင်မြင့်ဖျော်ဖြေတင်ဆက်မှု၊ ပါတီသမိုင်းအကျဉ်း၊ အမေရိကန်ပါတီဌာနခွဲ ဖြစ်ပေါ်လာပုံ၊ ပါတီရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို ရှင်းလင်းပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ၊ နော့ကယ်ရိုလိုင်းနားမှာရောက်ရှိနေတဲ့ လူ့ဘောင်သစ် ပါတီဝင် ရဲဘော်များကလည်း ၂၃ နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ပြီး ကင်တပ်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့မှာကျင်းပတဲ့ အခမ်းအနားကိုလည်း ဌာနခွဲရဲ့ သဝဏ်လွှာ ပေးပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment