အခန်း (၁၀)
နိုင်ငံရေး ပါတီများ
"မတရားသင်းဥပဒေမှာ တိုင်းပြည်မလွတ်မြောက်မီက ၁၉၀၆ ခုနှစ်က ကိုလိုနီ
နယ်ချဲ့အင်္ဂလိပ်ကပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ လွတ်လပ်သည့်
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုံးဝ ဟပ်စပ်သည့် အရာမဟုတ်ပါ။
ကိုယ့်နိုင်ငံအနေဖြင့် ကိုယ့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က
မတရားအသင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းနိုင်ရပါမည်။ ၁၉၀၆ ခုနှစ် ကိုလိုနီဥပဒေကို လုံးဝ (လုံးဝ) ပယ်ဖျက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ..."
နိုင်ငံရေး ပါတီတရပ်ရပ်သည် ယခင်က ပါတီအဖြစ်မှ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင်သော်လည်းကောင်း၊ မတရားသင်းအဖြစ် ကြေညာခြင်းခံခဲ့ရလျှင်သော်လည်းကောင်း တည်ဆဲဥပဒေများအရ မဆန့်ကျင်လျှင် ပါတီရပ် တည်ပိုင်ခွင့်ကို အခြေအနေ အချိန်အခါအလျှောက် ခွင့်ပြုသင့်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(က) တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးကို အစဉ်တစိုက် ဦးတည်သည်။” ဟု ပြဋ္ဌာန်းချက်အတိုင်း အကောင်အထည်ဖော် ရပါမည်။ ပြည်တွင်း စစ်ရပ်စဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တိုင်းပြည်အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်ရေးတို့သည် တဆက်တည်း တောက်လျောက် တန်းတန်းမတ်မတ် လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံရေးပါတီ အားလုံးကို ပါတီစုံ ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့်ပေးရပါမည်။