Monday, July 9, 2012

ဆဲဗင်းဇူလိုင် နှစ် ၅၀ပြည့် အခမ်းအနားတွင် လူ့ဘောင်သစ် လူငယ် မှ 7 July စာအုပ်ဖြန့်

၇. ၇. ၂၀၁၂ နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ကျင်းပပြုလုပ်သော ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် လူ့ဘောင်သစ် လူငယ် (Youth for a New Society – YNS) မှ ‘၁၉၆၂ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ’ စာအုပ်များကို အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ပြည်သူများအား မျှဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထို့အပြင် အဆိုပါ အခမ်းအနားသို့ လူ့ဘောင်သစ် လူငယ် YNS မှ ဂုဏ်ပြုသဝဏ်လွှာလည်း ပေးပို့ခဲ့ကြောင်း သိရှိရသည်။

 
 
 မျှဝေသောစာအုပ်ကို အခမ်းအနားတက်ရောက်လာသူများမှ ဖတ်ရှုနေစဉ်

ဗကသ ကျောင်းသားများမှာ စာအုပ်များ မျှဝေနေစဉ်

 (သတင်း၊ ဓာတ်ပုံ (လူ့ဘောင်သစ် လူငယ် - ပြည်တွင်း) 


No comments:

Post a Comment