Friday, January 13, 2012

ကိုမင်းကိုနိုင် ၁၃. ၁. ၂၀၁၂ နေ့တွင် ထောင်မှလွတ်မြောက်လာပြီးနောက် သရက်မြို့တွင်ပြောသော မိန့်ခွန်း

ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံတွေကိုင်ပြီးတော့ ကျနော်တို့အားလုံး ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီ့ ဒေါင်းအလံခေါင်းစီးအောက်မှာ ဒေါင်းမာန်ဒေါင်းစိတ်မပျောက်ဘဲ ဆက်လက်ပြီးတော့ ဒေါင်းအိုးဝေ အသံကို ဆက်ပြီး တွန်ကျူးကြပါလို့ ပြောချင်ပါတယ်။

ကျနော်ဟာ ထောင်ထဲမှာ နှစ် ၂၀ လောက် နေခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေအားလုံးရဲ့မေတ္တာကြောင့် အခုမြင်တဲ့အတိုင်းပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပြန်လွတ်လာတာဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတောင်းတနေတဲ့ အားလုံးအတွက် ဘဝသစ်အတွက် ဒီမိုကရေစီရဖို့ ကျနော်တို့ ဆက်ပြီး အလုပ်လုပ်ပါဦးမယ်လို့ ပြည်သူတွေကို ကတိပြုပါတယ်။


No comments:

Post a Comment