Monday, January 23, 2012

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံမှ အလွတ်သဘော စကားပြောရန် ဖိတ်ကြားချက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လက်ခံရရှိ

၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်

“သူတိုရဲ့ကမ်းလှမ်းချက်ကို အကောင်းလက္ခဏာလို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တချိန်လုံး ပြောခဲ့ပါတယ်။ ခု သူနဲ့ တွေ့မယ်ဆိုတာ ကောင်းတာပေါ့ …”

လက်ရှိသမ္မတ၏ ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်မင်းနှင့် အလွတ်သဘော စကားပြောရန် ကမ်းလှမ်းချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မနေ့က ရရှိခဲ့ပါသည်။

အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံဖို့ရန် ပါတီမှ မူအားဖြင့် သဘောတူညီသော်လည်း အသေးစိတ်ကို ပါတီဗဟိုဦးဆောင်ကော်တီဝင်များနှင့် ဆွေးနွေးရန် ရှိပါသေးသည်။


“သူတိုရဲ့ကမ်းလှမ်းချက်ကို အကောင်းလက္ခဏာလို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တချိန်လုံး ပြောခဲ့ပါတယ်။ ခု သူနဲ့ တွေ့မယ်ဆိုတာ ကောင်းတာပေါ့” လို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောဆိုလိုက်သည်။

“သို့သော်လည်း လောလောဆယ်မှာတော့ ဘယ်တွေဖြစ်လာမယ်ဆိုတာ၊ ဘယ်အထိ ပေါက်ရောက်မယ် ဆိုတာတော့ ပြောရခက်ပါသေးတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ အလုံးစုံကို ပုံဖေါ်လို့မရသေးသလို၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေဆီ ရောက်ရှိဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ကြိုးစားရှာဖွေသွားမှာပါ” လို့ ထပ်ဆောင်း ပြောဆိုသွားပါသည်။

No comments:

Post a Comment