Monday, January 16, 2012

SSU ကိုယ်စားလှယ်အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ရန် လာရောက်

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ဆိုရှယ်ဒီမိုကရက် ကျောင်းသားလူငယ်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး Ellinor Eriksson နှင့် အပြည်ပြည်ဆိုင်ရာ အတွင်းရေးမှူး Emma Lidell တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၅ ဦးသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ လာရောက်လည်ပတ်ခဲ့သည်။

 
ခရီးစဉ်အတွင်း ဆိုရှယ်ဒီမိုကရက် ကျောင်းသားလူငယ်အဖွဲ့ (SSU) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အကြား ပူးပေါင်းလှုပ်ရှား ဆောင်ရွက်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် (SSU) တို့အကြား ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ 


 
ယခု ခရီးစဉ်အတွင်းပါတီခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို ပါတီဌာနချုပ် ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

 
ထို့အပြင် ကျောင်းသားများနှင့်တွေ့ဆုံပြီး ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လူ့ဘောင်သစ် ပါတီဝင်များနှင့်အတူ (SSU) ကိုယ်စားလှယ်အဖွဲ့သည့် မြန်မာ့အရေး လှုပ်ရှားနေသော AAPP, SAW, SYCB, YCOWA, စသည့် အဖွဲ့အစည်းများသို့လည်း သွားရောက်လေ့လာခဲ့ကြသည်။

 
ထို့ပြင် မဲဆောက်မြို့အတွင်းရှိ အမှိုက်ပုံတဝိုက် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ အခြေအနေများကို သွားရောက် လေ့လာခဲ့သည်။

-xxx-

No comments:

Post a Comment