Thursday, January 19, 2012

စကားစပ်မိလို့ပြောတာမျိုးက တရားမဝင်၊ အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့လို


စကားစပ်မိလို့ပြောတာမျိုးက တရားမဝင်

“ပြည်တွင်းမှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်သေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ။ ဒါမျိုးက သမ္မတတစ်ယောက်ရဲ့ အမိန့်တရပ်ကို ထုတ်ပြန်ပြီးတော့ ကျကျနန ထုတ်ပြန်ပြဋ္ဌာန်းပေးစေချင်တယ်။ ခရီးသွားဟန်လွဲ စကားစပ်မိလို့ ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမဝင်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ဖော်ပြမူလည်း မတွေ့ရဘူး။ နောက်ပြီး ကိုယ့်သဘောနဲ့ကိုယ် တစ်ဦချင်းကို ဒီလူတော့ ဝင်လိုရတယ်၊ ဒီလူတော့ ဝင်လို့မရဘူးလို့ ကျနော်တော့ ခံစားရတယ်။ နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့အခွင့်အရေးမျိုး ဒီမှာရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့ အမိန့်ထုတ်ပြန်ပြီးတော့ ကိုယ့်မိသားစုဝင်တွေကို ကြိုဆိုတယ်ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ်။ အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ”

(ကိုမင်းကိုနိုင်)
(Myit Makha Mediagroup on 15 Jan, 2012)




အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့လို

ပြန်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်လောက်တဲ့ အခြေအနေတွေကို လက်ရှိ ဦးဆောင်နေတဲ့သူတွေက အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့ လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းအဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် ဥပဒေတရပ်ပြဌာန်းပြီးတော့ မြန်မာနိုင်ငံကိုပြန်လာပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် ပြဌာန်းမှုမရှိရင်တော့ သူတို့ဘက်က သံသယရှိနေဦးမှာပဲ။

(ကိုကိုကြီး)
(ရန်ကုန်တိုင်းမ်… 16 Jan, 2012)



 

No comments:

Post a Comment