ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်အကြား သဘောထား အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဆွေးနွေးရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ ဆွေးနွေးမှုဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်ရန်၊ ထိုသို့ဆွေးနွေးရာတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်အား နှစ်ဦးနှစ်ဖက် သဘောတူညီသော အချိန်ဇယားတခု သတ်မှတ်ရန်လည်း အကြံပြုခဲ့သည်။
ထို့အပြင် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရေး၊ ပြည်ပရောက် နိုင်ငံရေးအင်အားစုများအား မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်နိုင်ရေးအတွက် ဥပဒေများ ပြန်ဌာန်းပေးရေးနှင့် ဒီမိုကရေစီစနစ်နှင့် မလျော်ညီတော့သည့် နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာဥပဒေများအား ပြန်လည်ပြင်ဆင်ခြင်း သို့တည်းမဟုတ် ဖျက်သိမ်းပေးရန် တောင်းဆို တိုက်တွန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှလည်း ၎င်း၏ အမြင်များကို ရင်းနှီးပွင့်လင်းစွာ တုံ့ပြန်ဆွေးနွေးခဲ့သည်။
တနာရီခွဲကြာ ဆွေးနွေးပွဲအတွင်း လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများအရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ဆက်လက်ဆွေးနွေးရန်အတွက် လမ်းဖွင့်ထားသော်လည်း နေ့ရက်အတိအကျကို သတ်မှတ်ထားခြင်း မရှိသေးချေ။
-xxx-
No comments:
Post a Comment