Thursday, August 30, 2012

ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိကထား ဆွေးနွေးမယ် ...

“၃ ရက်နေ့ကို ကျနော် သွားမယ်။ အစိုးရပိုင်းနဲ့တွေ့မယ်ဆိုရင် ကျနော်တို့ပါတီ ပြန်ပြီးတော့ ရပ်တည်တဲ့ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုမှာရှိတဲ့ လူ့ဘောင်သစ် စည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးမယ်။ တခြားလူ့ဘောင်သစ်တွေနဲ့ တွေ့မယ်၊ ၈၈ နဲ့ တွေ့မယ်။ နောက် တခြား တွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့မယ်။ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိကထားပြီး ဆွေးနွေးမယ် …” 


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်အချို့ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ကြတော့မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြန်ကြရတာဖြစ်ပြီး ဦးသိန်းစိန် အစိုးရက ၁ လဗီဇာ ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံသွားရောက်ရတဲ့ အဓိက ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ရဲဘော်အောင်မိုးဇော်နဲ့ (DVB) ဆက်သွယ်မေးမြန်းချက်မှ ကောက်နှုတ်ဖော်ပြတာ ဖြစ်ပါတယ်)


No comments:

Post a Comment