Saturday, May 26, 2012

မြန်မာပြည် အပြောင်းအလဲ နဲ့ ပြည်ပနိုင်ငံရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

"ကျနော်တို့ပါတီအနေနဲ့ဆိုရင် ပြည်တွင်းမှာလည်း ကျနော်တို့ရဲဘော်တွေရှိတယ်။ ကျနော်တို့ ရဲဘော်တွေအနေနဲ့က ပြည်တွင်းမှာရှိတဲ့ နဂိုလူ့ဘောင်သစ်အဖွဲ့ဝင်တွေကို ပြန်လည်စုစည်းပြီးတော့ လူ့ဘောင်သစ်ပြန်လည်ဖော်ဆောင်ရေးကို ကြိုးပမ်းနေတာရှိတယ်။ ကျနော်တို့အနေနဲ့လည်း ဒီကနေ့ အစိုးရကို ပြောဆိုထားတာရှိတယ်။ အကယ်၍ ကျနော်တို့ကို ပြန်လာခွင့်ပေးမယ်။ ကျနော်တို့ကို တရားဝင်ပါတီအဖြစ် တည်ထောင်ပြီး လုပ်ပိုင်ခွင့်ပေးမယ်ဆိုလို့ရှိရင် ..."

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရက ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြန်လည်ခေါ်ယူမှုအပေါ် ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လှုပ်ရှားသူများရဲ့  တုံ့ပြန်ပြောဆိုချက်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပြင်ပရောက်အဖွဲ့အစည်းတွေ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ပြင်ပမှာ ဘာတွေဆက်လက် ဆောင်ရွက်သွားနိုင်မလဲစတဲ့ အရေးကိစ္စအကြောင်းအရာများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နဲ့ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံဆွေးနွေးထားပါတယ်။


၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၄)

အခန်း (၅) 

အုပ်ချုပ်ရေး
ပြည်ထောင်စု အစိုးရအဖွဲ့ 

ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ် - ၁၅/၂၀၁၀ ဖြစ်သော ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ကပင် ပြဋ္ဌာန်းထားသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၇၊ ပြည်ထောင်စု အစိုးရ၊ ပုဒ်မ - ၁၁၄ တွင် “ပြည်ထောင်စုနိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ - ၅၆ အရ ခန့်ထားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးများဖြင့် ဖွဲ့စည်းရမည်။” ဟု ပါရှိသည်။ ပုဒ်မ - ၅၆(၁) တွင် “နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသောပုဂ္ဂိုလ်အား ဝန်ကြီးချုပ်ခန့်ထားရမည်။ ထို ဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်ရမည်။” ဟုလည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) တွင် “နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။” ဟု ဖော်ပြပါရှိသည်။ သမ္မတ အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ပြည်ထောင်စု ဝန်ကြီးချုပ်ကို ဤ ၂၀၀၈ အခြေခံဥပဒေတွင် ဖော်ပြထားသည်ကို လုံးဝ မတွေ့ရှိရပါ။ ပုဒ်မ -၂၀၀ (ဂ) တွင် “ပြည်ထောင်စု ဝန်ကြီးများ” ဟုဖော်ပြထားသော ဝန်ကြီးများကို ကြီးကြပ်ကွပ်ကဲရန် ပြည်ထောင်စု ဝန်ကြီးချုပ်က မလိုအပ်တော့ပြီလော။ လက်တွေ့အကောင်အထည်ဖော်နေရသော ဝန်ကြီးဌာနအားလုံးကို သမ္မတနှင့် ဒုသမ္မတ နှစ်ဦးတည်းက အကွက်စိအောင် ကြီးကြပ်ကွပ်ကဲနိုင်ပါမည်လော။


Monday, May 21, 2012

ယနေ့ အခြေအနေများအောက်တွင် ရပ်တည်လှုပ်ရှားသွားကြရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌ၏ သဘောထား

(၂၀. ၅. ၂၀၁၂ ရက်နေ့ VOA ရုပ်သံနှင့် အင်တာဗျူးမှ) 

လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၁) / (၂)

လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၁)





RAF - မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကိုကြည့်ပြီး ပိတ်ဆို့အရေးယူထားတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျှော့ပေါ့ပေးလာပါတယ်။

သြစတြေးလျကဆိုရင် လက်နက်ရောင်းဝယ်တာကအပ အားလုံးကို ရုတ်သိမ်းပေးလိုက်သလို ဥရောပသမဂ္ဂကတော့ တနှစ် ဆိုင်းငံ့ထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေမလုပ်ဖို့ ပိတ်ပင်ထားတာတွေကို ပြန်လည်ရုတ်သိမ်းပေးလိုက်သလို လူမှုရေးအဖွဲ့အစည်းတွေနဲ့ အကူအညီတွေ သွားရောက်လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ထိပ်ပိုင်း ခေါင်းဆောင်တချို့အကြား အပေးအယူလုပ် ညှိနှိုင်းတဲ့အဆင့်မှာသာရှိနေသေးပြီး တိုင်းပြည်ရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အဆင့် တနည်းအားဖြင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့အဆင့်ကို မရောက်သေးဘူးလို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။ ပိတ်ဆို့အရေးယူမှု (Sanction) တွေ ပြန်လည် ရုတ်သိမ်းလောက်တဲ့အထိ ဒီကနေ့ အပြောင်းအလဲတွေ ဖြစ်နေပါပြီလား။ ဒီမေးခွန်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ကတော့ အခုလိုဖြေပါတယ်။


၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၃)

အခန်း (၄) 
ဥပဒေပြုရေး
ပြည်ထောင်စု လွှတ်တော် 

လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးထားကြောင်း တွေ့ရပေသည်။ ပုဒ်မ ၇၄ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပြည်ထောင်စု လွှတ်တော်တွင်ပါဝင်ကြောင်း တွေ့ရသည်။ ၇၄ (က) နှင့် ၇၄ (ခ) တွင် ပုဒ်မ ၁၀၉ နှင့် ပုဒ်မ ၁၄၁ ပါ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၆၆ ဦးရှိသည်ကို တွေ့ရသည်။ ဤသည်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အထူးခြားဆုံး ဖွဲ့စည်းပုံ ဖြစ်သွားစေပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုအာဏာကို ကျင့်သုံးသည့် လွှတ်တော်ဖြစ်ပါသည်။ ဥပဒေပြုသူထဲတွင် တပ်မတော်သားများကို အမည်စာရင်းတင်သွင်း၍ ခန့်အပ်ထားခြင်းမှာ ဒီမိုကရေစီ ရွေးချယ်ရေးမူကို ဆန့်ကျင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

နိုင်ငံတော်အခြေခံမူဖြစ်သည့် ပုဒ်မ ၂၁ (က) ပါ “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်။” ဟု ပြဋ္ဌာန်းထားချက်အရ နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည့် အခွင့်အရေးများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးက လုယက်ယူထားသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရှိရပါသည်။ အခြေခံမူနှင့် ဆန့်ကျင်သည့်ပုဒ်မတိုင်းကို ပယ်ဖျက်ပစ်ရပါမည်။ ထို့ပြင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပြဋ္ဌာန်းထားသည့် ပုဒ်မ – ၃၄၇ ပါ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။” ဟုလည်း ပြဋ္ဌာန်းထားချက်ကိုပါ ဆန့်ကျင်နေပါသည်။ လူသား လူ့အခွင့်အရေးဆိုင်ရာ တန်းတူညီမျှမှုကို လေးစားလိုက်နာသင့်ပါသဖြင့် ပုဒ်မ ၁၀၉ နှင့် ပုဒ်မ ၁၄၁ တို့သည် လုံးဝ ပယ်ဖျက်ပစ်ရမည့် ပုဒ်မစာရင်းတွင် ထိပ်ဆုံးမှာထားသင့်ပါသည်။


Tuesday, May 15, 2012

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီ

Peace Fomulating Commetee Tables

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၂)

“အဓိက တင်ပြလိုသည်မှာ သမ္မတ ရွေးကောက်တင်မြှောက်သည့်စနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် ပုဒ်မ ၅၈ အရ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ်နေရာ ရရှိသည်။” ဖြစ်၍ နိုင်ငံသားအားလုံး၏ ရွေးကောက်တင်မြှောက်မှုကို ခံယူရရှိသူသာ ဖြစ်ရပါမည်။ သို့တည်းမဟုတ် ပြည်သူ့ကိုယ်စားလှယ်စစ်စစ် လွှတ်တော်အမတ်များ၏ နိုင်ငံသားအားလုံးကိုယ်စား ရွေးကောက်တင်မြှောက်မှုကို ရရှိသူသာ ဖြစ်ရပါမည်။ တခြားနည်း မရှိပါ …” 

အခန်း (၂) 
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ 

ဤအခန်း (၂) ပုဒ်မ - ၅၃(က) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် မြို့နယ်အတွင်းနေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမ ရယူရမည်။” ဟု ဖော်ပြထားပြီး၊

ပုဒ်မ- ၅၂(ခ) (၃) တွင် “နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကို ရယူရမည် – (၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။”ဟုလည်း ဖော်ပြထားပါသည်။


Saturday, May 12, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၁)

"လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ – ၃၉၁ (ခ) “ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲတရပ်၌ မဲဆန္ဒနယ်တနယ်တွင် လွှတ်တော်တရပ်စီအတွက် ဆန္ဒမဲ တမဲသာ ပေးပိုင်ခွင့်ရှိသည်။” ဟူသော လူတကိုယ် မဲတပြား အခြေခံဒီမိုကရေစီမူကို ဗိုလ်ချုပ်မှူးကြီးတဦးတည်းက လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးခန့်အပ်ခြင်းဖြင့် ဆန့်ကျင်ချိုးဖောက်ထားသည်ကို တွေ့ရှိရပါသည်"

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာသည်ဟုသော်လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည်ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌မဆို ယူဆခဲ့သော် ထိုပြဿနာကို စဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ထိုပြဿနာနှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာစစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။” ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူးပါသည်။ အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်သည်လည်း အခြေခံဥပဒေနှင့် ဥပဒေများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခွင့် အာဏာရှိပြီး အခြေခံဥပဒေနှင့် မညီသောကိစ္စရပ်များကိုလည်း အဆုံးအဖြတ်ပြုနိုင်ခွင့် အာဏာရှိပါသည်။

Common Law System (အင်္ဂလိပ်ဥပဒေစနစ်) စနစ်ကို မြန်မာနိုင်ငံကဲ့သို့ မကျင့်သုံးသော ဥရောပနိုင်ငံများက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် – ဆီဗီလ်ဥပဒေစနစ် (Civil Law System) တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများကို ကျင့်သုံးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

Constitation (2008)

ကြံ့/ဖွံ့ အစိုးရရဲ့ ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးလုပ်ငန်းစဉ် ဘာ့ကြောင့်ပေါ်ထွက်လာသလဲ? (ချန်းဦး)

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှစတင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာကို ကြံ့/ဖွံ့ အစိုးရ က လက်လွှဲယူခဲ့တယ်။ ကြံ့/ဖွံ့ အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းမှာ နိုင်ငံရေးအရတည်ငြိမ်ဖို့ အရေးတကြီး လိုအပ်လာတယ်။

ဒီပြင် နိုင်ငံတကာ မျက်နှာစာမှာလည်း စီးပွားရေး၊ နိုင်ငံရေး နဲ့ သံတမန်ရေးဆိုင်ရာ ဆက်ဆံရေးများက ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုကိုဖြေရှင်းဖို့ အဆက်မပြတ် တောင်းဆိုနေချိန်လည်း ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဖိအားများက ကြံ့/ဖွံ့ အစိုးရအား အပစ်ရပ် နိုင်ငံရေးပြဿနာတွေကို ပြန်လည်ဖြေရှင်းဖို့ တွန်းအားတွေ ဖြစ်လာခဲ့ရတယ်။

ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ လက်နက်မကိုင်တဲ့ နိုင်ငံရေးအင်အားစုတွေအပေါ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုပြီး ယာယီဖြေရှင်းထားနိုင်သေးတယ်။ သို့သော် လူမျိုးစု လက်နက်ကိုင်အင်အားစုများနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပဋိပက္ခကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင် ကျင့်သုံးပြီး ဖြေရှင်းမည်ဆိုပါက နိုင်ငံရေး ပဋိက္ခတွေ ပိုမိုကြီးထွား၊ ကျယ်ပြန့်လာနိုင်တယ်။ ဆယ်စုနှစ် ၂ ခုနီးပါး ဖြစ်တည်လာခဲ့တဲ့ အပစ်ရပ်နိုင်ငံရေး အခြေအနေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပျက်စီးခဲ့ရဖူးပြီ မဟုတ်ပါလား။


ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၂ ဖွဲ့

2nd Round CFG Tables