Monday, September 3, 2012

ပါတီဥက္ကဋ္ဌ ရန်ကုန်ရောက်


မြန်မာနိုင်ငံမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ်ဆောင်ရွက်နိုင်အောင် သွားရောက်လေ့လာတဲ့ ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ နေ့ခင်းပိုင်းက ဆိုက်ရောက်ပြီဖြစ်ပါတယ်။


ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား ရဲဘော်များမှ ဝမ်းပမ်းတသာ ကြိုဆိုနေကြစဉ် 
(၃၊ ၉၊ ၂၀၁၂။ ရန်ကုန်လေဆိပ်)  

လွန်ခဲ့တဲ့ ၂ ရက်က ပြည်ပရောက် အတိုက်အခံခေါင်းဆောင်တွေနဲ့ တပါတည်းမပြန်တာဟာ အလုပ်များတဲ့အတွက်သာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။ လတ်တလောမှာ ဒီခရီးစဉ်ဖြစ်မြောက်အောင် စီစဉ်သူတွေနဲ့ တွေ့ဆုံမယ်လို့ ဦးအောင်မိုးဇော်က ပြောပြပါတယ်။

 
 
 
 
ထိုင်း-မြန်မာနယ်စပ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်အား ရဲဘော်များမှ ဝမ်းပမ်းတသာ ကြိုဆိုနေကြစဉ် 
(၃၊ ၉၊ ၂၀၁၂။ ရန်ကုန်လေဆိပ်) 

“ကျနော် အဓိကက ဒီခရီးစဉ် စီစဉ်တဲ့သူတွေနဲ့ တွေ့ရမယ်။ တွေ့ပြီးတော့ သူတို့ရဲ့ (ပြင်ဆင်ရေးဆွဲတဲ့ အစီအစဉ်) ဘာရှိသလဲဆိုတာကို ကျနော် နားထောင်ရမယ်။ အဲဒါပြီးတော့မှပဲ ကျနော်တို့ရဲဘော်တွေနဲ့ တွေ့တာ။ ပြီးတော့ ဒီမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကိုတွေ့ဖို့ မေတ္တာရပ်ခံတာ အဲဒါတွေလုပ်မယ်လို့ ကျနော် ထင်တယ်။ အဲဒါပြီးရင်တော့ ကျနော် အိမ် ခဏပြန်မယ်။ ကျနော့်မွေးရပ်ကို ခဏပြန်မယ်” လို့ ပြောပါတယ်။

ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် စာနယ်ဇင်းသမားများ
(၃၊ ၉၊ ၂၀၁၂။ ရန်ကုန်လေဆိပ်)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားဝင်ရပ်တည်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယမြောက် ပါတီအင်အား အတောင့်တင်းဆုံး ဖြစ်ပါတယ်။ 

 
 
 
ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) စုစည်းရေးကော်မတီမှ ရဲဘော်များ 
(၃၊ ၉၊ ၂၀၁၂။ ရွှေတိဂုံဘုရား) 

စစ်အစိုးရက ၁၉၉၁ ဒီဇင်ဘာ ၆ ရက်မှာ ပါတီဆိုင်းဘုတ်ဖြုတ်သလို ပါတီကိုလည်း ဖျက်သိမ်းခဲ့တာပါ။ ရှောင်တိမ်းခဲ့တဲ့ ပါတီခေါင်းဆောင်တွေက ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပါတီရုံးကို မာနယ်ပလော (ကေအန်ယူ နယ်မြေ) မှာ ဖွင့်လှစ်ပါတယ်။

သတင်း - ဒီဗွီဘီ 
ဓာတ်ပုံများ - လူ့ဘောင်သစ်(ပြည်တွင်း) စုစည်းရေးကော်မတီ 


No comments:

Post a Comment