Tuesday, June 26, 2012
ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး
မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ပအခြေစိုက် အဖွဲ့တခုဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင်များအား တဦးချင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင်များအား တဦးချင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။
Tuesday, June 12, 2012
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၆)
အခန်း(၇)
တပ်မတော်
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း တပ်မတော်ဟူ၍ အခန်း သီးသန့်ဖော်ပြခဲ့သည်ကို လုံးဝမတွေ့ရပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ တပ်မတော်အခန်းကို သီးသန့်ပြဋ္ဌာန်းထားသည်သာမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်သည့် ပုဒ်မပေါင်း အမြောက်အမြားကိုပါ တခြားအခန်းများတွင် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရှိရပါသည်။
ကာကွယ်ရေးဦးစီးချုပ်ဆိုင်ရာ ပုဒ်မများကို တပ်မတော်အခန်းတွင်သာ ပြဋ္ဌာန်းသင့်ပါသည်။ ဥပဒေပါ အနှစ်သာရများကို ရောထွေးယှက်တင်မဖြစ်စေရန် အခန်းခွဲထားခြင်းမရှိဘဲ အခန်းတိုင်း ပါဝင်နေမှုမှာ တမိုးလုံးဖျောက်ဆိပ်ဆိုသလိုပင် စစ်အာဏာရှင်စနစ်၏ ဖော်ပြချက်များကို တွေ့မြင်နေရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာ စစ်တပ်လက်စွဲကျမ်း တစောင်ပမာ ဖြစ်နေပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တခွန်းတည်း ပြောပါသည် “အမှိုက်ပုံး” တဲ့ခင်ဗျာ။ ကောင်းကြသေးရဲ့လား။ နိုင်ငံတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှုမြင်သုံးသပ်၍ နိုင်ငံ့ဂုဏ်သိက္ခာကို ယုတ်လျော့သွားစေသည့်ပြဋ္ဌာန်းချက်မျိုး နောက်နောင်မျိုးဆက်များ လက်ထက်တွင် မပေါ်ပေါက်အောင် ယခု မျိုးဆက်တွင်ပင် ရှင်းထုတ်ပစ်ခဲ့ရန် လိုအပ်ပါသည်။
Tuesday, June 5, 2012
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၅)
အခန်း (၆)
တရားစီရင်ရေး
မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ တရားရုံးအမျိုးအစား သုံးမျိုးကို တွေ့ရပါသည်။ ပုဒ်မ ၂၉၃ (က)တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရား လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်ထားသော အခြားတရားရုံးများ။”
ပုဒ်မ ၂၉၃ (ခ)တွင် “စစ်ဘက်ဆိုင်ရာ တရားရုံးများ”။
ပုဒ်မ ၂၉၃(ဂ)တွင် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟူ၍ သုံးမျိုးသုံးစား တွေ့ရပါသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး အာဏာနှင့် ပတ်သက်၍ ပုဒ်မ ၂၉၄ တွင်” နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။” ဟု ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ မရပါ။ ယခင်ကတည်ရှိခဲ့သော တရားရုံးဖွဲ့စည်းပုံများနှင့် လုံးဝ ကွာခြားသွားသည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့် အာဏာတို့ လုံးဝ ကွာခြားသွားပါသည်။
Subscribe to:
Posts (Atom)