Friday, March 16, 2012

ပါတီ ဥက္ကဋ္ဌ နှင့် ပါတီဝင်ရဲဘော်များ တွေ့ဆုံဆွေးနွေးပွဲ

အမေရိကန်ပြည်ထောင်စုသို့ ခေတ္တရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရဲဘော်အောင်မိုးဇော် နဲ့ အမေရိကားမှာရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ရဲဘော်များ ပါဝင်တဲ့ တယ်လီဖုန်းဆွေးနွေးပွဲတရပ်ကို အခုလာမယ့် တနင်္ဂနွေနေ့ (မတ်လ ၁၈ ရက်၊ ၂၀၁၂ ခုနှစ်၊ နယူးယောက် စံတော်ချိန် နေ့လည် ၁ နာရီ) မှာ ပြုလုပ်မယ်လို့ ဆွေးနွေးပွဲ ဖိတ်ကြားစာအရ သိရပါတယ်။


ဆက်သွယ်ရသလောက် ရဲဘော်များကိုလည်း ဖိတ်ကြားစာတွေ ပေးပို့ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖိတ်ကြားစာ မရရှိသေးတဲ့ ရဲဘော်များအနေနဲ့ ဆွေးနွေးပွဲ အကြောင်းအရာ၊ ခေါ်ဆိုရမယ့် ဖုန်းနံပါတ် နဲ့ အသုံးပြုရမယ့် ပင်နံပါတ်များကို သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

၉၁၉ - ၃၅၇ - ၈၇၇၈
၅၀၃ - ၃၃၄ - ၉၉၉၇
၅၁၈ - ၇၇၂ - ၅၀၃၈
၇၂၀ - ၉၄၉ - ၅၃၁၇

No comments:

Post a Comment