Saturday, March 24, 2012

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ပတ်သက်မှုမရှိဟု ဆို

နိုင်ငံရေးပါတီသစ်အဖြစ် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပအခြေစိုက်ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပါတီဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။


“ကျနော် အဓိကပြောချင်တာကတော့ ဒီ ဆန္ဒခံယူပွဲမတိုင်ခင်ကတည်းက ကျနော်တို့နဲ့ ဆန့်ကျင်ဘက် သဘောထားတွေ လိုက်ထုတ်ပြီးတော့ အဲဒီမှာ မြန်မာ့လူ့ဘောင်သစ်ဆိုပြီး စလုပ်လာတာပဲ။ အဓိကပြောချင်တာကတော့ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူး။ အဓိက ပါတီအလံကို ခုတုံးလုပ်ပြီးတော့ ဘယ်လိုခေါ်မလဲ၊ နအဖ လမ်းကြောင်းကို တစိုက်မတ်မတ်လုပ်လာတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်၊ ကျနော် အဲဒီလောက်ပဲ ပြောချင်တယ်”

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ဦးဇင်အောင်နဲ့ အဖွဲ့ဝင် ၁၈ ဦးက လျှောက်ထားခဲ့ပြီး ဥပဒေနဲ့ ညီညွတ်မှုရှိတဲ့အတွက် ပါတီတည်ထောင်ခွင့်ကို ခွင့်ပြုခဲ့တာလို့ မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ညွှန်း ။ ။ http://burmese.dvb.no/archives/18604

No comments:

Post a Comment