၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများ ပါဝင်ဖွဲ့စည်းခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလ၌ နဝတ အစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ဖျက်သိမ်းခံလိုက်ရသော်လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံ့တွင် ဆက်လက်ရှင်သန်နေဆဲပင်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။
ထိုသို့ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day က တွေ့ဆုံမေးမြန်းထားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။
Wednesday, July 3, 2013
Sunday, June 2, 2013
အုတ်ဖိုမှ ပေါင်းလောင်းသို့ - နီလွင်သွေး (ဒဿနိက)
ကျနော်တို့ခေတ်မှာ
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။
ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။
ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။
ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။
ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။
Saturday, December 1, 2012
Friday, November 2, 2012
Thursday, October 18, 2012
ကြံ့ဖွံ့ ညီလာခံ ရလဒ်များနှင့်ပတ်သက်၍ ပါတီ အထွေထွေအတွင်းရေးမှူးနှင့် ဘီဘီစီ အင်တာဗျူး
ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံမှာ ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင်နဲ့ ထိပ်တန်းရာထူးတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ရဲ့ ရာထူးတွေ အပြောင်းအလဲ မရှိပါဘူး။ ဦးဌေးဦးနဲ့ သူရဦးအေးမြင့်တို့ကိုတော့ ဒုဥက္ကဌ ရာထူးနေရာတွေမှာ ဖြည့်စွက်ခန့်ထားခဲ့ပါတယ်။ အခုလိုခန့်ထားမှုတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ဘာတွေများ ထူးခြားပြောင်းလဲသွားစေနိုင်ပါသလဲ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းကို ကိုသိန်းမြတ်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
Subscribe to:
Posts (Atom)


