ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ် ၅၀ ပြည့် အခမ်းအနားကို (၇- ၇- ၂၀၁၂) ရက်နေ့ မနက် ၉ နာရီခွဲမှစတင်ကာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဟန်း ပြည်သူ၊ ကျောင်းသား ရဲဘော်များအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အဓိဌာန်ပြုခြင်း၊ ၆၂ ခုနှစ် ဗကသများအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖွဲ့ဝင် ကိုလှရွှေ၏ မိန့်ခွန်းအား ဖတ်ကြားခြင်း၊ ၈၈ ဗကသများအဖွဲ့ချုပ်မှ ကိုတင်အေး၊ ကိုမင်းနိုင်တို့မှ ဇူလိုင် ၇ ရက်ဖြစ်စဉ်နှင့် ဇူလိုင် ၇ ရက်နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲမှ အမှတ်တရစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။