လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၁)
(၂၀၁၁-ခုနှစ် သြဂုတ်လ ၁၈ ရက်)
သြဂုတ်လ ၁၇ ရက်နေ့တွင် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၊ အသင်း၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ကြံ့ဖွံ့အစိုးရသမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းကို လေ့လာကြည့်ရာ ပထမပိုင်းအဖြစ် ကြံ့ဖွံ့အစိုးရသစ်၏ လေးလခွဲကာလအတွင်း လုပ်ဆောင်ခဲ့သော စီးပွားရေး ကိစ္စရပ်များဖြစ်သော
- စီးပွားရေးတွင် ဖြစ်ပေါ်နေသော အဟန့်အတားများအနက် ဖယ်ရှားပေးသည့် ကိစ္စရပ်များ
- ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု
- ပင်စင်စားများအား ခံစားခွင့်တိုးပေးမှု
- လယ်သမားများအတွက် ဆန်စပါးဝယ်ယူရေး စီမံကိန်းသစ်စသည့် ကိစ္စများကို ပြောကြားသွားသည်။