Showing posts with label လေ့လာမှတ်သား. Show all posts
Showing posts with label လေ့လာမှတ်သား. Show all posts

Tuesday, April 24, 2012

အလုပ်သမားအဖွဲ့အစည်းဥပဒေ

(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇) 
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် (၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်) 

နိဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်လည်းကောင်း၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် လည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ရန်လည်းကောင်း ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) 
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက် 

၁။ (က) ဤဥပဒေကို အလုပ်သမားအဖွဲ့အစည်းဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေး အလုပ်သမား၊ အိမ်အကူ အလုပ်သမား၊ အစိုးရ ဝန်ထမ်း၊ အလုပ်သင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုးအားထားပြု လုပ်ကိုင်နေသူကိုဆိုသည်။ ယင်းစကားရပ်၌ တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် သို့မဟုတ် တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဝင်တို့ မပါဝင်။

(ခ) အလုပ်ရှင် ဆိုသည်မှာ လုပ်ငန်းတစ်ခုခုတွင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ နှစ်ဦးနှစ်ဖက် သဘောတူညီသော အခကြေးငွေဖြင့် အလုပ်သမားတစ်ဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ငှားရမ်းလုပ်ကိုင်၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စီမံကွပ်ကဲအုပ်ချုပ်ပြီး အလုပ်သမားကို လုပ်ခပေးရန်တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်များတွင် အလုပ်ရှင်၏ တရားဝင် စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်လည်း အကျုံးဝင်သည်။


Sunday, April 22, 2012

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ

၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ဝ 
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် (၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) 
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် 

၁။ ဤဥပဒေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

(က) ဗဟိုကော်မတီ - ဗဟိုကော်မတီ ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဆိုသည်။

(ခ) ဝန်ကြီးဌာန - ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။

(ဂ) ဦးစီးဌာန - ဦးစီးဌာန ဆိုသည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို ဆိုသည်။

(ဃ) လုပ်ငန်းအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အထောက်အကူပြုအဖွဲ့ကို ဆိုသည်။

(င) မြေလွတ်၊ မြေလပ် ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့် သီးစားခံယူလုပ်ကိုင်သူမရှိသော စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့် မြေနှင့် နိုင်ငံတော်က သီးသန့်လျာထားသတ်မှတ်သည့်မြေများကို ဆိုသည်။


Thursday, April 19, 2012

လယ်ယာမြေဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်။ ။ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၁။ ဤဥပဒေကို လယ်ယာမြေဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်ရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေ ရမည် -

(က) လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည် ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကိုဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်။

(ခ) လယ်မြေ ဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရသော်လည်းကောင်း စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသာမြေကို ဆိုသည်။

(ဂ) မြေနုကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့နစ်မြုပ်ခဲ့ပြီး နှစ်စဉ် ရေကြောင်းအနေအထားအရ မြေသားနှင့် ပုံသဏ္ဌာန်ပြောင်းလဲသည့် ခိုင်မြဲမှုမရှိသောမြေကို ဆိုသည်။

(ဃ) လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုသည်။ သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံ နှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်။

Wednesday, April 18, 2012

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် - နိဂုံးပိုင်း (ရဲဘော်ဇော်ကိုနိုင်)

အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အခြေအနေများမှာလည်း အောက်ပါအတိုင်း မြင်တွေ့ ကြားသိနေရသည်။

အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများမှာ စစ်အုပ်စု၏ သွေးခွဲဖြိုခွဲမှု၊ ဖိနှိပ်ခံနေရမှုကို ရင်ဆိုင်နေကြရသည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လက်နက်ဖြုတ်သိမ်းရေး၊ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့စည်းရေး စသည့် ဖိအားမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်း၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ ကြီးပွားတိုးတက်ရေး စသည့်လုပ်ငန်းများမှာ တိုးတက်ဖြစ်ထွန်းလာမှု မရှိချေ။

အပစ်ရပ်အဖွဲ့အစည်းများအတွင်း အထက်အောက် ကွာဟမှုကြီးထွားလာစေရန်၊ အဖွဲ့အတွင်း အချင်းချင်း အားပြိုင်မှုများ ပေါ်ပေါက်လာစေရန်၊ နယ်မြေလု တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန်၊ အာဏာလုပွဲများ၊ ခွဲထွက်မှုများ၊ လုပ်ကြံသတ်ဖြတ်/တိုက်ခိုက်မှုများ၊ လက်နက်ချမှုများ၊ အဖွဲ့အစည်းအတွင်းမှ ထွက်ခွာသွားမှုများ စသည်တို့ ဖြစ်ပေါ်လာစေရေးကိုသာ ရည်ရွယ်ချက်ရှိရှိ သပ်လျှိုဖြိုခွဲ ပြုမူလုပ်ဆောင်ခဲ့သည်။

အလားတူ ငြိမ်း/အင်အားစုများအားလုံးအပေါ် လုံးပါးပါးအောင် ဖန်တီးသည်။ နိုင်ငံရေးလုပ်ငန်းများထက် စီးပွားရေး လုပ်ငန်းများကိုသာ အဓိကဦးစားပေးလုပ်ကိုင်စေပြီး အတွေးအခေါ်ပျက်စီးစေရန် ဖန်တီးသည်။ နိုင်ငံရေးအရ တန်းတူရည်တူ ဆက်ဆံပြောဆိုခြင်း မရှိချေ။ ဘိန်းဂိုဏ်းများအဖြစ်ဖန်တီးစေပြီး နိုင်ငံရေးသိက္ခာကျစေရန် ပြုမူပြောဆိုသည်။ အချို့အင်အားစုများ၏ တိုင်းရင်းသားခေါင်းဆောင်များမှာ ‘စီးပွားရေးလုပ်ငန်းရှင်ကြီးများအသွင် ဖြစ်နေသည်’။ စစ်အုပ်စုနှင့် အပစ်ခတ်ရပ်စဲရေး တည်တံ့စေရေးကိုသာ အဓိက စဉ်းစားလာကြသည်။ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုမဖြစ်ရန် နေထိုင်ပြောဆိုသည်။ ဤသည်မှာ အပစ်ရပ်တိုင်းရင်းသား အင်အားစုများ၏ အခြေအနေမှန်ပင်ဖြစ်သည်။


Monday, April 9, 2012

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် - ၁ (ရဲဘော်ဇော်ကိုနိုင်)

ပင်လုံစာချုပ် ချုပ်ဆိုရခြင်းရည်ရွယ်ချက်မှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့အစိုးရမှ ပြည်မ (မြေပြန့်ဒေသ၊ ရခိုင်၊ မွန် ဒေသများ)နှင့် တောင်တန်းအထူးဒေသ (ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ ဒေသများ)ဟူ၍ ခွဲခြားအုပ်ချုပ်စေခဲ့ပြီး လွတ်လပ်ရေးပေးခါနီးချိန်တွင်လည်း တောင်တန်းဒေသများကို ချန်လပ်ထားကာ ဆက်လက်၍ ကိုလိုနီကျွန်ပြုထားလိုသည်။ လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလန်သွားချိန်တွင် တိုင်းရင်းသား အင်အားစုများက ဗိုလ်ချုပ်တို့အား မထောက်ခံကြောင်း ကိုယ်စားမပြုကြောင်းပြောလာသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် (SCOUPH)အဖွဲ့နှင့်တွေ့ဆုံပြီး တောင်တန်းပြည်မ အတူတကွ လွတ်လပ်ရေးရယူရန်၊ တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြည့်ဝစွာရယူကြရန် သဘောတူပြီး ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရယူရန်အတွက် အင်္ဂလိပ်အစိုးရနှင့် ညှိနှိုင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ ပါဝင် ပူးပေါင်းမှုသည် အလွန်အရေးပါခဲ့သည်။ ပြည်မနှင့်တောင်တန်း စည်းလုံးမှုသည် လွတ်လပ်ရေးရခဲ့ခြင်း၏ အဓိက အရေးပါမှုဖြစ်သည်၊ ပင်လုံစာချုပ် ချုပ်ဆိုသောနေ့အား ‘ပြည်ထောင်စုနေ့’ ဟူ၍ သတ်မှတ်ခဲ့ခြင်းမှာ၊ ‘ပြည်ထောင်များ စုပေါင်းနေထိုင်သည့်နိုင်ငံတော်ဖြစ်သည်’ ဆိုသည်ကို ရည်ရွယ်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


Wednesday, April 4, 2012

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် (ရဲဘော်ဇော်ကိုနိုင်)

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် 
(သို့မဟုတ်)
တိုင်းရင်းသားလူမျိုးများ၏တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအပေါ်အမြင်


လေ့လာရေးအတွက် ပြုစုထားသည့် စစ်တမ်းဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂


မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့်နိုင်ငံ ( Multi Nation State) ဖြစ်သည်။ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ ရခိုင်၊ ချင်း၊ ဝ၊ ပအိုဝ့်၊ ပလောင်၊ လားဟူ၊ ကယန်း၊ နာဂ စသည့် တိုင်းရင်းသားလူမျိုးများဖြင့် စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နယ်မြေ ၅ ပုံ/ ၃ ပုံခန့် ကျယ်ဝန်းသည်။ အများအားဖြင့် သီးခြားစု ဝေးနေထိုင်ကြသည်။

တိုင်းရင်းသားလူမျိုးတိုင်းတွင် ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊ ကိုယ်ပိုင်ဓလေ့ရိုးရာ ဘာသာစကား၊ ယဉ်ကျေးမှုရှိခြင်း၊ ရာဇဝင်အစဉ်အလာအရ တမျိုးတည်းရှိသော လူစုရှိခြင်း၊ လူဦးရေ သင့်တင်စွာရှိခြင်းနှင့် ထူးခြားချက်မှာ မြန်မာပြည်၏ နိုင်ငံရေး အခြေအနေအရ တိုင်းရင်းသားလူမျိုးများတွင် လူမျိုးများအား ကိုယ်စားပြုသော နိုင်ငံရေးပါတီများ (အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအင်အားစုများ) ရှိနေခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသော်လည်း အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့ရသည်။ ပြည်တွင်းစစ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းသည် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရည်တူအခွင့်အရေးများ ဆုံးရှုံးခြင်းကြောင့်ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည်နှင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရခြင်းဖြစ်ပြီး ပြည်တွင်းစစ်၏ တရားခံမှာ အုပ်စိုးသူ အာဏာရ အစိုးရများသာဖြစ်၍ နိုင်ငံရေးပြဿနာများကို မှန်ကန်စွာမဖြေရှင်းနိုင်သည့် ရလာဒ်ပင်ဖြစ်သည်။


Friday, March 2, 2012

လက်တလော မြန်မာ့နိုင်ငံရေးအနေအထား စုစည်းသုံးသပ် တင်ပြချက် (ရဲဘော် ဝင်းမြင့်နိုင်)

၁။ ယေဘူယျ အခင်းအကျင်း။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၃။ အစိုးရနဲ့ လွှတ်တော်။

၎။ ကြားဖြတ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေး။

၅။ နိုင်ငံတကာ ပါဝင်ပတ်သက်မှု။

၆။ အပစ်အခတ်ရပ်စဲရေး။

၇။ အောက်ခြေလူထု ခံစားနေရတဲ့ အခွင့်ရေးချိုးဖောက်မှုများနဲ့ ဒီကနေ့ နိုင်ငံရေးအပြောင်းအလဲ။

၈။ လက်ရှိအစိုးရက ဘာတွေပြောင်းလဲဖို့ ကြိုးစားနေသလဲ။

၉။ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီ အခြေအနေ။

၁၀။ နောက်ကြောင်းပြန်လှည့် မလှည့်၊ ရှေ့ ဘယ်လိုဆက်ဖြစ်နိုင်သလဲ။

(ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း သတင်းများအား အခြေခံ စုစည်းတင်ပြပါသည်)

Saturday, November 12, 2011

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင်ပါဝင်သည့် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော အချက် ၁၂ ချက်

NLD Trends on 2008 Constitution and Party Registration

Monday, November 7, 2011

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေများ

အောက်ပါလင့်များကို နှိပ်ပြီး ဥပဒေများကို ဒေါင်းလုပ် ယူနိုင်ပါသည်။ 

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၅ )

၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၈)

၃။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၈)

၎။ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁၊ အောက်တိုဘာ ၁၈)

၅။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၁၊ နိုဝင်ဘာ ၄)

Thursday, September 15, 2011

လွှတ်တော် ၂ ရပ်မှ ဖွဲ့စည်းပေးသော ကော်မတီများကို လေ့လာစိစစ်ခြင်း

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

ကျင်းပဆဲ ပြည်သူ့လွှတ်တော် မှ ကော်မတီ ၁၉ ခု ဖွဲ့စည်းပေးပါတယ်။

ကော်မတီတစ်ခုမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး၊ ကော်မတီသက်တမ်းကာလက ၁ နှစ် ဖြစ်ပါတယ်။ အဆိုပါ ကော်မတီ ၁၉ ခု အနက် ကော်မတီ ၁၇ ခုရဲ့ ဥက္ကဋ္ဌ အားလုံးဟာ ယခင်(နအဖ) စစ်အစိုးရအဖွဲ့ဝင်တွေပဲ ဖြစ်တယ်။

(စစ်ဗိုလ်ဟောင်း၊ အစိုးရဝန်ကြီးဟောင်း၊ မြို့တော်ဝန်ဟောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင်ဟောင်း စသဖြင့် ဖြစ်ပါတယ်)

သူတို့တတွေဟာ ကြံ့ဖွံ့ပါတီ (USDP)ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။

ကော်မတီ ၁၉ ခုမှာ အတွင်းရေးမှူး ၁၉ ဦးရှိတဲ့အနက် “တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ” အတွင်းရေးမှူးဖြစ်တဲ့ (အင်ဂျန်းယန်မဲဆန္ဒနယ်) ဒေါ်ဒွဲဘူ တဦးသာလျှင် (စဒက) ပါတီက ဖြစ်တယ်။

ကျန်တဲ့ကော်မတီအတွင်းရေးမှူး ၁၈ ဦးဟာ ကြံ့ဖွံ့ပါတီ (USDP)က လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်တယ်။

ကော်မတီဝင်အများစုကို ကြံ့ဖွံ့ပါတီ (USDP)လွှတ်တော်ကိုယ်စားလှယ်တွေက လွှမ်းမိုးရယူထားပါတယ်။ ကော်မတီတိုင်း တွင် ကြံ့ဖွံ့ပါတီ (USDP)မှ လွှတ်တော်ကိုယ်စားလှယ်များသည် ၉ ဦး ကနေ ၁၃ ဦးထိ ပါဝင်နေတာ စိစစ်တွေ့ရှိပါတယ်။ 

ပြည်သူ့လွှတ်တော်ကော်မတီ ၁၉ ခုတွင်ပါဝင်သူ ဥက္ကဋ္ဌများမှာ -