Showing posts with label ထုတ်ပြန်ကြေညာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေညာချက်. Show all posts

Sunday, October 13, 2013

(၂၅) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ပါတီ သက်တမ်း (၂၅) နှစ် ပြည့်ပြီ ဖြစ်ပါသည်။ 

ပါတီသက်တမ်း (၂၅) နှစ်တွင် မိမိတို့ပါတီသည် မြေပေါ်တွင် တရားဝင်ပါတီအဖြစ် (၃) နှစ်စွန်းစွန်းသာ ရပ်တည်လှုပ်ရှား ခွင့် ရရှိခဲ့ကြပြီး ကျန် (၂၂) နှစ်မှာ အခက်အခဲ အကြပ်အတည်းမျိုးစုံ၊ စိန်ခေါ်ချက်အဖုံဖုံကို ရင်ဆိုင်ကျော်လွှားရင်း နေရာဒေသ အမျိုးမျိုးတွင် သဏ္ဌာန်အမျိုးမျိုးနှင့် ရပ်တည်လှုပ်ရှားခဲ့ကြရသည်။ 

ပါတီရဲဘော် မျိုးဆက်အသီးသီးသည် အခက်အခဲမည်မျှပင် ကြုံရသည်ဖြစ်စေ၊ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟူသော ပါတီဆောင်ပုဒ်ကို အခိုင်အမာစွဲကိုင်လျက် ပါတီ၏အလံတော်ကို မတ်မတ်ခိုင်ခိုင် လွှင့်တင်စိုက်ထူခဲ့ကြသည်။ 


Sunday, October 14, 2012

၂၄ နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ မွေးဖွားပေးလိုက်သည့် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယနေ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပါတီသက်တမ်း ၂၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

ပါတီသက်တမ်း ၂၄ နှစ်အတွင်း အခက်အခဲ အကြပ်အတည်းမျိုးစုံ၊ စိန်ခေါ်ချက်အဖုံဖုံကို ရင်ဆိုင်ကျော်လွှားရင်း နေရာဒေသအမျိုးမျိုးတွင် သဏ္ဌာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အလံကို ပါတီရဲဘော်မျိုးဆက် အသီးသီးက လွှင့်ထူသယ်ဆောင်လာခဲ့ကြပါသည်။ ဤသို့ ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’ ဟူသော ပါတီဆောင်ပုဒ်ကို အခိုင်အမာစွဲကိုင်လျက် ယနေ့အထိ ရင်းနှီးပေးဆပ်သယ်ဆောင်လာခဲ့ကြသော ပါတီရဲဘော်မျိုးဆက်အသီးသီးကို အလေးအမြတ် ဂုဏ်ပြု တန်ဖိုးထားပါကြောင်း ယနေ့ ပါတီတည်ထောင်ခြင်းနေ့တွင် မှတ်တမ်းတင်ပါသည်။


Sunday, August 12, 2012

ပါတီ စုံညီအထူးအစည်းအဝေး ကျင်းပပြီးစီး


သတင်းထုတ်ပြန်ချက်အမှတ် - ၁/၂၀၁၂
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်
ထိုင်း - မြန်မာ နယ်စပ်

လက်ရှိအခြေအနေဖြစ်ထွန်းမှုတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ကြရမယ် 

“လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေထဲမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတချို့ကိုတော့ တွေ့မြင်နေရတယ်။ ဒါပေမယ့် စစ်စစ်မှန်မှန်ပြောင်းလဲရေးဘက်ကို ဦးတည်ရွေ့လျားနေတာလားဆိုတာကတော့ ပြောရခက်တယ်။ ဒီအပြောင်းအလဲတွေကို မိမိရရဆုပ်ကိုင်ပြီးတော့ တိုးချဲ့သွားဖို့ လိုတယ်။ သတိကြီးကြီးတော့ ထားကြရလိမ့်မယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်သွားနိုင်ရေးအတွက် ကျနော်တို့အားလုံး ကျားကုပ်ကျားခဲ လုံးပမ်းအားထုတ်သွားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး အပါအဝင် ယနေ့ကာလနိုင်ငံရေး ဖြစ်စဉ်များအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပါတီရဲ့ နိုင်ငံရေး စည်းရုံးရေး အခြေခံတွေကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားဖို့ လိုပါတယ်။ လက်ရှိအခြေအနေ ဖြစ်ထွန်းမှုတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ကြရမယ်” ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးနှင့် ပါတီ စုံညီအထူးအစည်းအဝေးတွင် ပြောကြားပါသည်။


Monday, April 2, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူထုအောင်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

DPNS Statement on by-Election Result

Thursday, February 23, 2012

တိုင်ရီအလုပ်သမားများ၏ တောင်းဆိုဆန္ဒပြနေမှုနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားထုတ်ပြန်ချက်

DPNS Statement on Tai-Yi Strike

Friday, January 13, 2012

လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်

letter-head
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးထဲတွင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအဝင် အရေးကြီးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရပါသည်။ 
 
မိမိတို့ပါတီအနေဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လိုက်ပါသည်။
 
ယနေ့လွတ်မြောက်လာကြသော ကိုဇေယျ၊ ကိုဂျင်မီ၊ ကိုဇော်သက်ထွေး၊ ကိုသက်နိုင်အောင် အပါအဝင် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုနှုတ်ဆက်ကြောင်းနှင့် ၎င်းတို့၏ ပေးဆပ်တိုက်ပွဲဝင်ခဲ့မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

Wednesday, January 4, 2012

ဗြောင်လိမ်ဗြောင်စား လွတ်ငြိမ်းချမ်းသာခွင့်များ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၂)
(၂၀၁၂-ခုနှစ် ဇန်နဝါရီလ ၄ ရက်)

ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၂ ရက်နေ့ နေ့စွဲဖြင့် “လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်ကို နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၂ ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

လွတ်လပ်ရေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟုဆိုသော သတင်းများကြောင့် အားလုံးက စောင့်မျှော်နေကြချိန်တွင် ယခုကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ကြံ့ဖွံ့အစိုးရ ဝန်ကြီးတဦးဖြစ်သူ မီးရထားဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြောကြားခဲ့သော စကားများကြောင့် မျှော်လင့်ချက်အပြည့်နှင့် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်တွင်

Saturday, November 19, 2011

အဖွဲ့ချုပ်၏ အထူးကြေညာချက်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် ၁/၁၁/၁၁ နှင့်ပတ်သက်၍
သဘောထားထုတ်ပြန်ကြေညာချက်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအနေဖြင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေအရပ်ရပ်အပေါ် ဘက်ပေါင်းစုံမှ အသေအချာစဉ်းစား၍ အထူးကြေညာချက်အမှတ် – ၁/၁၁/၁၁ ပါ ဆုံးဖြတ်ချက်များအား ဆုံးဖြတ်ခဲ့ကြသည်ဟု မိမိတို့မှ ယုံကြည်ပါသည်။

၂။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်သည် မိမိတို့၏ ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်လုံးတွင် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသည့် တပ်ဦးပါတီတရပ်ဖြစ်သည့်အားလျော်စွာ ယခုဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ဟုဆိုသော်လည်း မိမိတို့လှုပ်ရှားမှုကြီးတစ်ခုလုံးအားလည်းကောင်း၊ ပြည်သူတို့၏ အနာဂတ်ကံကြမ္မာနှင့်ပတ်သက်၍လည်းကောင်း ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မည် ဖြစ်ပါသည်။


Thursday, October 13, 2011

ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်

DPNS 23rd Anniversary Statement