Showing posts with label ပါတီသဘောထား. Show all posts
Showing posts with label ပါတီသဘောထား. Show all posts
Friday, September 2, 2016
ငြိမ်းချမ်းရေးဆိုတာ သေနတ်ကိုင်နေတဲ့သူတွေနဲ့တင် ပတ်သက်တာ မဟုတ်ဘူး ...
- ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။
- ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြောစရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီးလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့အဆက်လို့ နားလည်ပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာအလုပ်တွေ အများကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြားက ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘောတူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင်ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ်တယ်။ နောက်တချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပြင်ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေနဲ့ ပြင်ရဆင်ရတာ ဖြစ်တယ်လို့ နားလည်ပါတယ်။
Wednesday, July 3, 2013
“အစွန်းရောက်တဲ့ အမျိုးသားရေး ပြောဆိုလှုပ်ရှားမှုတွေကို ကာကွယ်တားဆီးဖို့၊ ထိန်းသိမ်းဖို့ အစိုးရမှာ တာဝန်အရှိဆုံးပါပဲ”
၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများ ပါဝင်ဖွဲ့စည်းခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလ၌ နဝတ အစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ဖျက်သိမ်းခံလိုက်ရသော်လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံ့တွင် ဆက်လက်ရှင်သန်နေဆဲပင်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day က တွေ့ဆုံမေးမြန်းထားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day က တွေ့ဆုံမေးမြန်းထားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။
Friday, November 2, 2012
Thursday, August 30, 2012
ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိကထား ဆွေးနွေးမယ် ...
“၃ ရက်နေ့ကို ကျနော် သွားမယ်။ အစိုးရပိုင်းနဲ့တွေ့မယ်ဆိုရင် ကျနော်တို့ပါတီ ပြန်ပြီးတော့ ရပ်တည်တဲ့ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုမှာရှိတဲ့ လူ့ဘောင်သစ် စည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးမယ်။ တခြားလူ့ဘောင်သစ်တွေနဲ့ တွေ့မယ်၊ ၈၈ နဲ့ တွေ့မယ်။ နောက် တခြား တွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့မယ်။ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိကထားပြီး ဆွေးနွေးမယ် …”
Wednesday, August 22, 2012
ပါတီ စုံညီ အထူးအစည်းအဝေးတွင် ပြောကြားသော ဥက္ကဋ္ဌ၏အဖွင့်မိန့်ခွန်း
“ကျနော်တို့တိုင်းပြည်ဟာ လက်တွေ့မှာ ဒီမိုကရေစီအခြေအနေ စစ်မှန်တဲ့ ဒီမိုကရေစီဝန်းကျင် အခြေအနေတွေကို ဖန်တီးတည်ဆောက်နိုင်တဲ့ အခြေအနေတွေ မရှိသေးဘူး။ ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင်ရဲ့ လက်အောက်မှာပဲ ရှိသေးတယ်။ ကျနော်တို့ကို စစ်တပိုင်းအစိုးရက ဆက်လက် အုပ်ချုပ်ထားဆဲပဲ ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ဆိုတာက ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး၏ ပခုံးပေါ်ကိုကျရောက်နေတဲ့ ယနေ့ တာဝန်ဖြစ်တယ်။ အဲဒီလိုပဲ ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျနော် အပါအဝင် ခင်ဗျားတို့အားလုံး တစ်ဦးချင်းစီရဲ့ပခုံးပေါ်ကို ကျရောက်နေတဲ့တာဝန် ဖြစ်တယ်။ သို့သော်လည်းပဲ ခုနက ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အလှည့်အပြောင်းကိုတော့ ဘာဖြစ်မလဲဆိုတာ ရေရေရာရာပြောဖို့ တော်တော်ခက်သေးတယ် …”
Tuesday, July 3, 2012
မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကာလအတွင်း နိုင်ငံတကာ အကူအညီတွေ ဘယ်လောက် ထိရောက်သလဲ
RFA ။ ။ ‘မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကာလအတွင်း နိုင်ငံတကာအကူအညီတွေ ဘယ်လောက်အထိ ထိ ရောက်သလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်း - မြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်ရှိ National Endowment for Democracy (NED) ရုံးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဦးအောင်မိုးဇော်ဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အကူအညီပေးနေတဲ့ NED ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒီမိုကရေစီရေး အကူအညီတွေနဲ့ပတ်သက်ပြီး စာတမ်းရေးသားနေသူဖြစ်ပါတယ်။
သူ့အတွေ့အကြုံနဲ့ လေ့လာ တွေ့ရှိချက်တွေကို မနေ့က နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်အတော်များများကို ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ (NED) လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းရုံးမှာ ဒီကနေ့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Saturday, May 26, 2012
မြန်မာပြည် အပြောင်းအလဲ နဲ့ ပြည်ပနိုင်ငံရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ
"ကျနော်တို့ပါတီအနေနဲ့ဆိုရင် ပြည်တွင်းမှာလည်း ကျနော်တို့ရဲဘော်တွေရှိတယ်။
ကျနော်တို့ ရဲဘော်တွေအနေနဲ့က ပြည်တွင်းမှာရှိတဲ့
နဂိုလူ့ဘောင်သစ်အဖွဲ့ဝင်တွေကို ပြန်လည်စုစည်းပြီးတော့
လူ့ဘောင်သစ်ပြန်လည်ဖော်ဆောင်ရေးကို ကြိုးပမ်းနေတာရှိတယ်။
ကျနော်တို့အနေနဲ့လည်း ဒီကနေ့ အစိုးရကို ပြောဆိုထားတာရှိတယ်။ အကယ်၍
ကျနော်တို့ကို ပြန်လာခွင့်ပေးမယ်။ ကျနော်တို့ကို တရားဝင်ပါတီအဖြစ်
တည်ထောင်ပြီး လုပ်ပိုင်ခွင့်ပေးမယ်ဆိုလို့ရှိရင် ..."
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရက ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြန်လည်ခေါ်ယူမှုအပေါ် ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လှုပ်ရှားသူများရဲ့  တုံ့ပြန်ပြောဆိုချက်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပြင်ပရောက်အဖွဲ့အစည်းတွေ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ပြင်ပမှာ ဘာတွေဆက်လက် ဆောင်ရွက်သွားနိုင်မလဲစတဲ့ အရေးကိစ္စအကြောင်းအရာများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နဲ့ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံဆွေးနွေးထားပါတယ်။
Monday, May 21, 2012
ယနေ့ အခြေအနေများအောက်တွင် ရပ်တည်လှုပ်ရှားသွားကြရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌ၏ သဘောထား
(၂၀. ၅. ၂၀၁၂ ရက်နေ့ VOA ရုပ်သံနှင့် အင်တာဗျူးမှ)
လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၁) / (၂)
လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၁)
RAF - မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကိုကြည့်ပြီး ပိတ်ဆို့အရေးယူထားတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျှော့ပေါ့ပေးလာပါတယ်။
သြစတြေးလျကဆိုရင် လက်နက်ရောင်းဝယ်တာကအပ အားလုံးကို ရုတ်သိမ်းပေးလိုက်သလို ဥရောပသမဂ္ဂကတော့ တနှစ် ဆိုင်းငံ့ထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေမလုပ်ဖို့ ပိတ်ပင်ထားတာတွေကို ပြန်လည်ရုတ်သိမ်းပေးလိုက်သလို လူမှုရေးအဖွဲ့အစည်းတွေနဲ့ အကူအညီတွေ သွားရောက်လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ထိပ်ပိုင်း ခေါင်းဆောင်တချို့အကြား အပေးအယူလုပ် ညှိနှိုင်းတဲ့အဆင့်မှာသာရှိနေသေးပြီး တိုင်းပြည်ရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အဆင့် တနည်းအားဖြင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့အဆင့်ကို မရောက်သေးဘူးလို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။ ပိတ်ဆို့အရေးယူမှု (Sanction) တွေ ပြန်လည် ရုတ်သိမ်းလောက်တဲ့အထိ ဒီကနေ့ အပြောင်းအလဲတွေ ဖြစ်နေပါပြီလား။ ဒီမေးခွန်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ကတော့ အခုလိုဖြေပါတယ်။
Saturday, April 28, 2012
Sunday, April 22, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲရောက်တဲ့အခါ ဘာတွေလုပ်နိုင်ခွင့်ရှိလာမလဲ
ကိုသားညွန့်ဦး ။ ။ ဆွေးနွေးမယ့်အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာအများစု အားလုံးနီးပါးကိုအနိုင်ရပြီးတော့ မကြာခင်ဆိုရင် လွှတ်တော်ထဲကိုဝင်တော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်လာခြင်းအားဖြင့် ဘယ်လောက်အထိ အပြောင်းအလဲ ရှိလာနိုင်မလဲ။ ဘယ်လောက်အထိ အားကောင်းလာနိုင်မလဲ။ အတိုက်အခံတွေ ဘယ်လောက် အားကောင်းလာနိုင်မလဲ။ စတဲ့ကိစ္စတွေကို သုံးသပ်ဆွေးနွေးပေးဖို့ရှိပါတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ပါဝင်ဆွေးနွေးပေးဖို့လည်း ဖိတ်ခေါ်ထားတာရှိပါတယ်။
အရင်ဆုံးတော့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုဖြိုးမင်းသိန်းနဲ့ အရင်ဆုံး ဆွေးနွေးလိုက်ပါမယ်။
အရင်ဆုံး လွှတ်တော်ထဲမဝင်ခင်အခြေအနေ နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ တနေ့ကပဲ အမေရိကန်ပြည်ထောင်စုကို သမ္မတအကြံပေး ဦးကိုကိုလှိုင် ရောက်နေပါတယ်။ သူနဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာ သူကပြောတာက ဒီ ကြားဖြတ် ရွေးကောက်ပွဲမှာ ထင်တာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတော်အသင့်တော့ ရလိမ့်မယ်။ ဒီလောက်အထိတော့ အပြတ်အသတ်နိုင်လိမ့်မယ်လို့ သူတို့ မမျှော်မှန်းခဲ့ဘူးပေါ့နော်။ အဲဒီလိုပြောပါတယ်။ အဲဒီတော့ NLD အနေနဲ့ ကိုဖြိုးမင်းသိန်းတို့ကရော ဒီလောက်အထိ အပြတ်အသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့သလား ဘယ်လို အနေအထားရှိသလဲ ဒီမတိုင်ခင်က။
အရင်ဆုံးတော့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုဖြိုးမင်းသိန်းနဲ့ အရင်ဆုံး ဆွေးနွေးလိုက်ပါမယ်။
အရင်ဆုံး လွှတ်တော်ထဲမဝင်ခင်အခြေအနေ နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ တနေ့ကပဲ အမေရိကန်ပြည်ထောင်စုကို သမ္မတအကြံပေး ဦးကိုကိုလှိုင် ရောက်နေပါတယ်။ သူနဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာ သူကပြောတာက ဒီ ကြားဖြတ် ရွေးကောက်ပွဲမှာ ထင်တာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတော်အသင့်တော့ ရလိမ့်မယ်။ ဒီလောက်အထိတော့ အပြတ်အသတ်နိုင်လိမ့်မယ်လို့ သူတို့ မမျှော်မှန်းခဲ့ဘူးပေါ့နော်။ အဲဒီလိုပြောပါတယ်။ အဲဒီတော့ NLD အနေနဲ့ ကိုဖြိုးမင်းသိန်းတို့ကရော ဒီလောက်အထိ အပြတ်အသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့သလား ဘယ်လို အနေအထားရှိသလဲ ဒီမတိုင်ခင်က။
Thursday, April 5, 2012
NLD နဲ့ လူထုရဲ့အောင်ပွဲအပေါ် ပါတီအထွေထွေအတွင်းရေးမှူးရဲ့ ပြောကြားချက်
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူထုအောင်ပွဲအပေါ် သဘောထားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း အား ဒီမိုကရက်တစ်မြန်မာ့အသံမှ မေးမြန်းချက်။
Saturday, March 24, 2012
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ပတ်သက်မှုမရှိဟု ဆို
နိုင်ငံရေးပါတီသစ်အဖြစ် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပအခြေစိုက်ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပါတီဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပအခြေစိုက်ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပါတီဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။
Monday, March 19, 2012
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါ အလုပ်သမား၊ လယ်သမားတွေရဲ့အကျိုးကို မထိခိုက်ရန်လို
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါ အလုပ်သမား၊ လယ်သမားတွေရဲ့အကျိုးကို မထိခိုက်ရန်လို
ကျနော်တို့ ဒီညဆွေးနွေးမယ့် အကြောင်းအရာကတော့ ဒီအလုပ်သမားအခွင့်အရေးကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အခုမြန်မာနိုင်ငံ အပြောင်းအလဲဖြစ်လာတာနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဥပဒေတွေ ထုတ်ပြန်ဖို့ကိုလဲ ပြင်ဆင်နေတာတွေ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်လာမယ်။ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာမယ်ဆိုလို့ရှိရင် အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စနဲ့ပတ်သက်လို့ ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့ကိစ္စကို ကျနော်ဆွေးနွေးမှာ ဖြစ်ပါတယ်။
တလောကပဲ လှိုင်သာယာမှာရှိတဲ့ တိုင်ရီ တရုတ်အမျိုးသားပိုင် တိုင်ရီစက်ရုံ ဖိနပ်စက်ရုံမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာ ပဋိပက္ခတွေ ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်မှုဟာ ရက်တော်တော်ကြာတဲ့အထိ မပြေမလည်ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးရက်အတော်ကြာအထိ ဖြစ်နေတာက တဖက်ကကြည့်ရင် အလုပ်သမားတွေဘက်မှာလည်း တော်တော်လေး နစ်နာမှုရှိပါတယ်။ လက်ရှိ ဒီလိုမျိုး အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တဖက်မှာ အလုပ်ရှင် အလုပ်သမားဖြစ်တဲ့အခါမှာ အစိုးရတွေဘက်ကနေပြီးတော့ ဥပဒေအရ ပြဌာန်းတာ၊ ကာကွယ်ပေးတာ ရှိသလိုပဲ၊ လူ့အဖွဲ့အစည်းတွေဘက်က လူမှုအဖွဲ့အစည်းတွေဘက်က ဘယ်လို ကာကွယ်ပေးကြမလဲ၊ အစိုးရဘက်က ဘယ်လို ကာကွယ်ပေးနိုင်မလဲ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။
Friday, March 9, 2012
“လုပ်စရာ အများကြီးကျန်သေးတယ်”
မတ်လ ၁ ရက်နေ့ သမ္မတမိန့်ခွန်းအပေါ် ကိုအောင်မိုးဇော်၏ သဘောထားအမြင်
ဗွီအိုအေ။ ။ မင်္ဂလာပါခင်ဗျား။ ဗွီအိုအေရဲ့ ဗုဒ္ဓဟူးနေ့မနက် တိုက်ရိုက်လေလှိုင်း အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ အစီအစဉ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတက လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ကနေတဆင့် နိုင်ငံတော်ကိုပြောကြားခဲ့တဲ့ မိန့်ခွန်းပါအချက်တွေအပေါ် သောတရှင်တွေက ဘယ်လိုများ မြင်ကြပါသလဲဆိုတာကို ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို သောတရှင်များ အတော်လေး စိတ်ဝင်စားပုံရပါတယ်။ ကျနော်တို့ကို အီးမေးလ်နဲ့ ပို့ပြီးတော့ ဆွေးနွေးထားသူတွေ စုံစုံလင်လင်နဲ့ အများအပြားကို ရပါတယ်။ ဝင်ရောက်ဆွေးနွေးချင်သူတွေလည်း ကျနော်တို့ဆီကို အကြောင်းကြားတာတွေ ရှိပါတယ်။
အတတ်နိုင်ဆုံး ကျနော်တို့ အီးမေးလ်တွေကိုလည်း အကျဉ်းချုပ်ပြီးတော့ တတ်နိုင်သလောက် ဖတ်ပေးသွားမှာဖြစ်သလို ဆွေးနွေးသူတွေကိုလည်းပဲ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားဆက်သွယ်သွားပါမယ်။ ထုံးစံအတိုင်း မြန်မာပြည်တွင်း ဖုန်းဆက်သွယ်ရေးများကတော့ ခက်ခဲနေဆဲပဲ ရှိပါသေးတယ်။ သမ္မတမိန့်ခွန်းထဲမှာလည်းပဲ ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရသူတွေက ပြောတာဆိုတာတွေကိုလည်း ကျနော်တို့ ကြားထားရတာ ရှိပါတယ်။
Saturday, February 18, 2012
ပါတီ ဥက္ကဋ္ဌ နှင့် 7Day News ဆက်သွယ်မေးမြန်းချက်
“ယနေ့ ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် အစပျိုး ကြိုးပမ်းချက်တွေလို့ ကျွန်တော်တို့ မြင်ပါတယ်”
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်
၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ကျောင်းသားများကို ကိုယ်စားပြုသည့် ပါတီတစ်ရပ်အဖြစ် ပြည်တွင်းတွင် ဖွဲ့စည်းခဲ့ပြီးမှ နှစ်ပေါင်း၂၀ ကျော် ပြည်ပရောက် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်နာရီကျော်ကြာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦလှမောင်ရွှေ၊ ဦးတင်မောင်သန်းနှင့် ဦးဆန်နီတို့ သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ပါတီဘက်မှ ဦးအောင်မိုးဇော်ဦးဆောင်သော ပါတီအဖွဲ့ဝင်များက လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိုးသီးဇွန်က ဦးဆောင်၍ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တရားဝင်ကြေညာရပ်တည်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပါတီကိုပါ ဖျက်သိမ်းခံရသည့်အတွက် တိမ်းရှောင်သွားသည့် ပါတီခေါင်းဆောင်များက ၁၉၉၁ တွင် ပါတီကို ထိုင်း-မြန်မာနယ်စပ်ရှိ မာနယ်ပလောဒေသသို့ ပြောင်းရွှေ့ခဲ့ရာမှ ပြည်ပရောက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပြင် အခြားသော ပြည်ပရောက် နိုင်ငံရေးအင်အားစု၊ အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဆက်လက် ဆောင်ရွက်လျက်ရှိရာ ပြည်ပရောက် နိုင်ငံရေးပါတီတစ်ခု၏ လက်ရှိ ဆွေးနွေးပွဲများအပေါ်အမြင်ကို လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day News မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
Sunday, February 5, 2012
၂၀၀၈ အခြေခံဥပဒေ ဒီမိုကရေစီနည်းကျ ဖြစ်အောင်ပြုပြင်ဖို့ အများကြီး လိုပါသေးတယ် …
“နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်ပြီး ရပ်တည်ဖို့ မရပ်တည်ဖို့ ဆိုတဲ့ကိစ္စတွေက အဲဒီလို အခြေအနေ ရောက်ဖို့အထိဆိုလို့ရှိရင်တော့ ကာလတခု၊ အချိန်တခုတော့ ကျနော်တို့ယူကြရဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ထိတွေ့မှု၊ အပြန်အလှန် အကြံပြုမှုတွေ ဆက်ပြီးလုပ်သွားရလိမ့်ဦးမယ် …”
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံအဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့် မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ …
Thursday, January 26, 2012
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မယ်ဆိုရင် အားလုံးပါဝင်ဖို့ လိုတယ် ...
ပြီးခဲ့တဲ့သတင်းပတ်မှာ သတင်းတွေနားထောင်ခဲ့ကြမယ်ဆိုရင်ဖြင့် ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာ မြန်မာအစိုးရကနေပြီးတော့ ပြည်ပမှာအခြေစိုက်တဲ့၊ အဓိကပြောရရင်တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးနောက်ပိုင်းမှာ ပေါ်လာခဲ့တဲ့အဖွဲ့အစည်းတွေလို့ ဆိုရမှာပေါ့လေ။ ဒီအဖွဲ့အစည်းတွေကို စကားပြောဖို့ဆိုပြီးတော့ ကမ်းလှမ်းတာတွေ ဆက်တိုက်လိုလိုပဲ ထွက်ခဲ့ပါတယ်။
ဒီအဖွဲ့အစည်းတွေဘက်ကလည်းပဲ တချို့ တုံ့ပြန်သဘောထားပေးထားတဲ့ သတင်းတွေလည်း ကျနော်တို့ကြားသိခဲ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို ဖိတ်ပြီးတော့ သောတရှင်တွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ ဘာတွေ ဆွေးနွေးစေချင်သလဲ၊ ဘာတွေသဘောတူညီချက်ယူစေချင်သလဲ၊ ဒီအချိန်ဟာ ပြည်တွင်းပြန်ဝင်ပြီးတော့ ပြည်တွင်းမှာ ဒီမိုကရေစီရေးအတွက် ဆက်ပြီးလုပ်ဆောင်ကြရမယ့်အချိန်ကိုရော တကယ်တမ်းရောက်နေပြီလား ဒါကို ကျနော်တို့ စဉ်းစားဆွေးနွေးကြည့်ကြဖို့ဖြစ်ပါတယ်။
အဓိကဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေထဲက FDB လို့ခေါ်တဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကို ဖိတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းကို ဖိတ်ထားပါတယ်။ နောက်ပြီးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က အထွေထွေအတွင်းရေးမှူး ကိုငွေလင်းတို့ကို ဖိတ်ကြားထားပါတယ်။
Thursday, January 19, 2012
ကြံ့ဖွံ့အစိုးရ ကမ်းလှမ်းလာမှုအပေါ် ပါတီဥက္ကဋ္ဌရဲ့ သဘောထား
“တိုင်းပြည်ထဲမှာ နိုင်ငံရေးလုပ်ငန်းတွေကို အသေအချာ လုပ်ကိုင်ခွင့်ရမယ်၊ တခြား အင်အားစုတွေနဲ့ တိုင်းပြည်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရေးပါတီအနေနဲ့ ပြည်တွင်းမှာ ရပ်တည်မှာဖြစ်တယ် …”
ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
ဘီဘီစီ မှ ကောက်နှုတ်ဖော်ပြပါတယ် …
(မူရင်းအသံဖိုင် သိမ်းထားပါတယ်။ ဖော်ပြပေးပါ့မယ်)
(မူရင်းအသံဖိုင် သိမ်းထားပါတယ်။ ဖော်ပြပေးပါ့မယ်)
Friday, January 13, 2012
နိုင်ငံရေး ပြောင်းလဲမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် မှ VOA တိုက်ရိုက်လေလှိုင်း အစီအစဉ်တွင် ဆွေးနွေးချက်
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အသွင်ကူးပြောင်းရေးတစုံတရာ ခြေလှမ်းစလာပြီလို့ သုံးသပ်ကြပါတယ်။ ယူဆကြပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အသွင်ကူးပြောင်းရေးပုံသဏ္ဌာန် မကျသေးဘူးဆိုပြီးတော့ အားမလို အားမရတဲ့ အသံတွေလည်း ကျနော်တို့ ကြားနေရပါတယ်။ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ အစိုးရဘက်ကဖြစ်စေ အတိုက်အခံဘက်ကဖြစ်စေ ရင်ဆိုင်ရနိုင်တဲ့ ရင်ဆိုင်နေရတဲ့ အကဲစမ်းချက်တွေ အခက်အခဲတွေ ဒီအကြောင်းတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ရှိပါတယ်။ နောက်တစ်ဦးက အမျိုးသားလွှတ်တော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ရှိပါတယ်။ NLD က တာဝန်ရှိသူတစ်ဦးကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ အားဖြည့်ပြီး ဆွေးနွေးပေးဖို့အတွက်လည်း VOA မြန်မာပိုင်းရဲ့ အဖွဲ့သားလည်းဖြစ်တယ်၊ နောက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အကြီးတန်း သုတေသီဖြစ်တဲ့ ဦးတင်မောင်သန်းလည်း ရှိပါတယ်။
ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ရှိပါတယ်။ နောက်တစ်ဦးက အမျိုးသားလွှတ်တော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ရှိပါတယ်။ NLD က တာဝန်ရှိသူတစ်ဦးကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ အားဖြည့်ပြီး ဆွေးနွေးပေးဖို့အတွက်လည်း VOA မြန်မာပိုင်းရဲ့ အဖွဲ့သားလည်းဖြစ်တယ်၊ နောက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အကြီးတန်း သုတေသီဖြစ်တဲ့ ဦးတင်မောင်သန်းလည်း ရှိပါတယ်။
Subscribe to:
Comments (Atom)











