Showing posts with label ပါတီ ဖြတ်သန်းမှုသမိုင်း အကျဉ်း. Show all posts
Showing posts with label ပါတီ ဖြတ်သန်းမှုသမိုင်း အကျဉ်း. Show all posts

Saturday, August 13, 2011

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဖြတ်သန်းမှု သမိုင်းအကျဉ်း

နိဒါန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း သန္ဓေတည်ခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ လူငယ်ကျောင်းသားများနှင့် စုစည်းထားခဲ့သော တော်လှန်သည့်ပါတီတရပ် ဖြစ်ပေသည်။

(၁)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။

ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ -

(၁) ရဲဘော် မိုးသီးဇွန် (ဥက္ကဋ္ဌ)
(၂) ရဲဘော် သက်ထွန်း (ဒုတိယ ဥက္ကဋ္ဌ)
(၃) ရဲဘော် မိုးဟိန်း (အထွေထွေအတွင်းရေးမှူး)
(၄) ရဲဘော် ရဲနိုင်အောင် (တွဲဖက်အတွင်းရေးမှူး)
(၅) ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု (စည်းရုံးရေးကော်မတီ)
(၆) ရဲဘော် ယဉ်ထွေး (စီမံ/စည်းကမ်း ကော်မတီ)
(၇) ရဲဘော် ဝင်းမြင့်အောင် (သတင်းနှင့်ပြန်ကြားရေးကော်မတီ)
(၈) ရဲဘော် တင်ထွန်းလှိုင် (ဘဏ္ဍာရေးကော်မတီ)

ပါတီကို စတင်ထူထောင်သည့်ကာလတွင် အောက်ပါရည်ရွယ်ချက် (၃) ရပ်ကို ချမှတ် အကောင်အထည်ဖော်ခဲ့သည်။