ရွှေရောင်ကြယ်လေးလုံး
အနီရဲဆုံး
နှလုံးသားပေါ်မှာ။
ညအခါလွန်မြောက်
မိုးသောက်ကျူးသောအခါ။
ရဲရင့်သွေးတို့
နီစွေးပျိုမျစ်
လူ့ဘောင်သစ်ကို တည်ဆောက်အံ့။ ။
မောင်လွမ်းဏီ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Sunday, October 13, 2013
လူ့ဘောင်သစ် ခေါ်သံ (မိုးသီးဇွန်)
ပျောက်ဆုံးနေတဲ့ သင်တို့
အနာဂတ်တွေကို လူ့ဘောင်သစ်မှာ ရှာဖွေပါ။
သင် မုချတွေ့မယ်
ငါ ဆိုပါရစေ။
ကြီးမားတဲ့ သင့်အိမ်မက်တွေ
လူတွေရယ် ဘယ်လိုပင် ရယ်သွေးသွမ်းပါစေ
ကိုယ့်အိမ်မက်တွေကို ကိုယ်တည်ဆောက်ဝံ့တဲ့ ယောက်ျား
ကိုယ့်အိမ်မက်တွေကို ကိုယ်တည်ဆောက်ဝံ့တဲ့ မိန်းမ
လူ့ဘောင်သစ်သို့ သွားကြလော့။
သင်လိုချင်နေတဲ့ အရာတွေအားလုံး
လူ့ဘောင်သစ်မှာရှိတယ်။
အနာဂတ်တွေကို လူ့ဘောင်သစ်မှာ ရှာဖွေပါ။
သင် မုချတွေ့မယ်
ငါ ဆိုပါရစေ။
ကြီးမားတဲ့ သင့်အိမ်မက်တွေ
လူတွေရယ် ဘယ်လိုပင် ရယ်သွေးသွမ်းပါစေ
ကိုယ့်အိမ်မက်တွေကို ကိုယ်တည်ဆောက်ဝံ့တဲ့ ယောက်ျား
ကိုယ့်အိမ်မက်တွေကို ကိုယ်တည်ဆောက်ဝံ့တဲ့ မိန်းမ
လူ့ဘောင်သစ်သို့ သွားကြလော့။
သင်လိုချင်နေတဲ့ အရာတွေအားလုံး
လူ့ဘောင်သစ်မှာရှိတယ်။
Sunday, June 2, 2013
အုတ်ဖိုမှ ပေါင်းလောင်းသို့ - နီလွင်သွေး (ဒဿနိက)
ကျနော်တို့ခေတ်မှာ
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။
ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။
ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။
ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။
ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။
Subscribe to:
Comments (Atom)


