Showing posts with label တွေ့ဆုံ မေးမြန်း. Show all posts
Showing posts with label တွေ့ဆုံ မေးမြန်း. Show all posts
Friday, September 2, 2016
ငြိမ်းချမ်းရေးဆိုတာ သေနတ်ကိုင်နေတဲ့သူတွေနဲ့တင် ပတ်သက်တာ မဟုတ်ဘူး ...
- ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။
- ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြောစရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီးလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့အဆက်လို့ နားလည်ပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာအလုပ်တွေ အများကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြားက ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘောတူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင်ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ်တယ်။ နောက်တချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပြင်ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေနဲ့ ပြင်ရဆင်ရတာ ဖြစ်တယ်လို့ နားလည်ပါတယ်။
Wednesday, October 2, 2013
၈၈ မျိုးဆက် နဲ့ ပါတီနိုင်ငံရေး
ဒီတပတ် မျက်မှောက်ရေးရာ အစီအစဉ်မှာ ရှစ်ဆယ့်ရှစ်တချို့ဟာ သီးခြားနိုင်ငံရေးပါတီ တည်ထောင်ဖို့ တွန့်ဆုတ်သလိုရှိနေချိန်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကတော့ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်းပြင်နေပါပြီ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး ပါတီခေါင်းဆောင် ဦးအောင်မိုးဇော် နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးအောင်မိုးဇော်တို့ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပါတီအနေနဲ့ တရားဝင် မှတ်ပုံတင်ပြီးပြီလား။
ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ မှတ်ပုံတင်ဖို့ ပြင်တုန်းဆင်တုန်း၊ ကြိုးစားတုန်းလို့ ပြောရပါလိမ့်မယ်။ မကြာခင် တင်ဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးပါတီတွေအပေါ်မှာထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လွတ်လပ်မှု အပြည့်အဝပေးထားတယ်လို့ ကိုအောင်မိုးဇော်တို့ ယူဆပါသလား။ စည်းရုံးခွင့်၊ ပါတီစာရွက်စာတမ်း ဖြန့်ဝေခွင့်၊ စုရုံးခွင့် စသဖြင့်။

Wednesday, July 3, 2013
“အစွန်းရောက်တဲ့ အမျိုးသားရေး ပြောဆိုလှုပ်ရှားမှုတွေကို ကာကွယ်တားဆီးဖို့၊ ထိန်းသိမ်းဖို့ အစိုးရမှာ တာဝန်အရှိဆုံးပါပဲ”
၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများ ပါဝင်ဖွဲ့စည်းခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလ၌ နဝတ အစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ဖျက်သိမ်းခံလိုက်ရသော်လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံ့တွင် ဆက်လက်ရှင်သန်နေဆဲပင်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day က တွေ့ဆုံမေးမြန်းထားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။

Friday, November 2, 2012
Thursday, October 18, 2012
ကြံ့ဖွံ့ ညီလာခံ ရလဒ်များနှင့်ပတ်သက်၍ ပါတီ အထွေထွေအတွင်းရေးမှူးနှင့် ဘီဘီစီ အင်တာဗျူး
ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံမှာ ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင်နဲ့ ထိပ်တန်းရာထူးတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ရဲ့ ရာထူးတွေ အပြောင်းအလဲ မရှိပါဘူး။ ဦးဌေးဦးနဲ့ သူရဦးအေးမြင့်တို့ကိုတော့ ဒုဥက္ကဌ ရာထူးနေရာတွေမှာ ဖြည့်စွက်ခန့်ထားခဲ့ပါတယ်။ အခုလိုခန့်ထားမှုတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ဘာတွေများ ထူးခြားပြောင်းလဲသွားစေနိုင်ပါသလဲ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းကို ကိုသိန်းမြတ်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
Monday, October 8, 2012
ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဆက်ပြီးတော့ ရင်ဆိုင်သွားမယ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မြန်မာနိုင်ငံက ပြန်ရောက်လာပြီမို့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဒီနေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကို အခြေခံပြီး ပြည်တွင်းမှာ ပါတီအဖြစ် ရပ်တည်ဖို့ အဆင်သင့်ဖြစ်ပြီးလားလို့ ဦးမောင်မောင်သန်းက ဦးအောင်မိုးဇော်ကို မေးကြည့်ပါတယ်။
ဦးအောင်မိုးဇော် ။ ။ အခု ကျနော်တို့နောက်ဆုံးအဆင့် တစ်ခုလုပ်ဖို့ပဲ ကျန်ပါတော့တယ်။ နောက်ဆုံးအဆင့်ကတော့ ကျနော်တို့အနေနဲ့ ကျနော်တို့လိုချင်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ဆောင်ရွက်ချင်တဲ့ကိစ္စတွေကို အသေအချာ စာနဲ့ ရေးသားပြုစုပြီးတော့ တစ်ဖက်က ဒီအစိုးရပိုင်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို တင်ပြဖို့ပါပဲ။ ဒီတဆင့်ပဲ ကျန်တော့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ကျန်ာတို့ရှေ့ဆက် ဘာလုပ်မလဲ၊ သူတို့နဲ့ ဘယ်လိုဆက်ဆွေးနွေးမလဲ၊ အဖြေဘယ်လိုရမလဲ ဒီအပေါ်မှာ မူတည်ပါတယ်။ ယေဘူယျပြောမယ်ဆိုလို့ရှိရင်ကတော့ အဆင်အတော်လေး ပြေသလောက် ပြေနေပြီဖြစ်ပါတယ်။ ကျနော်တို့ပြန်ဖို့ကိစ္စက ပိုပြီးတော့ နီးစပ်လာတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။

Saturday, September 8, 2012
ပါတီဥက္ကဋ္ဌ နှင့် တွေ့ဆုံခြင်း
“ရန်ကုန်ပဲဖြစ်ဖြစ်၊ အမေရိကပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လုပ်ဆောင်ကြတာချည်းပဲ …”
Voice : အကိုတို့ ပြည်တော်ပြန်လာပြီး မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေကို လေ့လာနေပြီဆိုတော့ လက်ရှိပြောင်းလဲမှုတွေအပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ ခင်ဗျာ။
UAMZ : ဒီမိုကရေစီကို တစ်စုံတစ်ရာ အကျိုးရှိရှိနဲ့ ပြောင်းလဲမှုလို့ မြင်ပါတယ်။ တိုင်းပြည်အတွက် အပြုသဘောဆောင်၊ အပေါင်းလက္ခဏာဆောင်တယ်လို့လည်း ပြောချင်ပါတယ်။ သို့ပေမယ့်လည်း ပြောင်းလဲမှုတွေက မကျဉ်းမြောင်းဖို့ အရေးကြီးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုပြီးလုပ်ဆောင်သင့်တယ်လို့ ဆိုချင်ပါတယ်။
ပါတီ ဥက္ကဋ္ဌ နှင့် RFA တွေ့ဆုံမေးမြန်းခန်း
ပြည်ပအခြေစိုက် DPNS ခေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
ဦးအောင်မိုးဇော်ရဲ့ ပြည်တော်ပြန် ခရီးစဉ်နဲ့ DPNS ပါတီ ပြည်တွင်းမှာ တရားဝင် ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ကိုအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းချက်တွေနဲ့ အတူ ဦးသိန်းအောင်က တင်ပြပေးမှာပါ။

Friday, September 7, 2012
ကျနော်တို့ ရဲဘော်တွေကတော့ ဒီနေ့အခြေအနေထိ လူ့ဘောင်သစ်စိတ်ဓာတ် ရှိသေးတယ်
သောတရှင်များရှင့် … ရှစ်လေးလုံး ဒီမိုကရေစီအရေးအခင်းက ပေါက်ပွားလာခဲ့ပြီး အခု ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မနေ့က ရန်ကုန်မြို့ကို ရောက်လာပါတယ်။
ဒီရက်ပိုင်းအတွင်း တခြားခေါင်းဆောင်ဟောင်းတွေလည်း ခေတ္တပြန်ရောက်လာကြလို့ နှစ် ၂၀ ကျော်ကာလမှာ ပထမဦးဆုံးရောက်လာတဲ့ ဦးအောင်မိုးဇော်အနေနဲ့ ဒီခရီးစဉ်ဟာ မျှော်လင့်ထားတဲ့ပုံစံ ဖြစ်နေပြီလားလို့ ကိုမိုးမြင့်က မေးကြည့်ပါတယ်။
ဦးအောင်မိုးဇော် ။ ။ အဲဒီအခြေအနေတော့ မရှိသေးဘူး ထင်တယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ အခု ကျနော်တို့လာတာ ဒီမှာ ခဏပဲ ခွင့်ပြုတာ ဖြစ်တယ်။ ဒီမှာ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ တွေ့မယ်၊ ကျနော်တို့ နိုင်ငံရေးပါတီတခုအနေနဲ့ ဒီကနေ့ တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဝင်ပါဖို့ဆိုတဲ့ကိစ္စကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ ပထမ တစ်ချက်ပေါ့၊

Sunday, July 15, 2012
သူရဦးရွှေမန်းနှင့်တွေ့ဆုံမှုသည် အမျိုးသားရင်ကြားစေ့ရေးအတွက် မပြည့်စုံသေးဟု ဇေယျ (လူ့ဘောင်သစ်) ပြော
"အစိုးရဘက်က နိုင်ငံရေးအခင်းအကျဉ်းတွေကို ပြင်ဖို့ဆိုရင် အထွေထွေ
လွတ်ငြိမ်းခွင့်ကို ပေးစေချင်ပါတယ်။ လက်ရှိအခြေအနေနဲ့ ဆီလျော်မှုမရှိတော့တဲ့
ဥပဒေတွေကို ပြင်ပေးစေချင်ပါတယ်။ ဆွေးနွေးပွဲတွေအပေါ်မှာလည်း
ဖိအားပေးတာမျိုးတွေ မလုပ်ဘဲ ဆွေးနွေး တိုင်ပင်တာတွေကို
တားဆီးတဲ့လုပ်ရပ်တွေကို အလျှင်အမြန် ပယ်ဖျက်ပေးဖို့ လိုပါတယ်။
နှစ်ဖက်ဆွေးနွေးမှုတွေမှာ လုံခြုံရေး အာမခံချက်ရှိဖို့၊
တွေ့ဆုံဆွေးနွေးမှုတွေမှာ အချိန် အတိုင်းအတာတခုရှိဖို့ လိုပါတယ်။
တန်းတူရည်တူ ဆက်ဆံမှုတွေကို လမ်းဖွင့်ပေးဖို့ လိုပါတယ်။ အဓိကပြောလိုတာက
အစိုးရနဲ့ ဆွေးနွေးဖက်များဟာ ပြည်သူလူထု သိသင့်သိထိုက်တာတွေကို သိနိုင်ဖို့
အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ လိုပါတယ် ..."
ရန်ကုန်၊ ဇူလိုင် ၈
အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်တွင် ပြန့်ကျဲနေသည့် လူ့ဘောင်သစ်ပါတီဝင်များနှင့် ဒီမိုကရေစီအင်အားစုများအား စုစည်းနိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဇွန် ၁ တွင် ကော်မတီအဖွဲ့ဝင် ၂၀ ဦးဖြင့် ‘စုစည်းရေး ကော်မတီ’ တစ်ရပ်ကို ဖွဲ့စည်းခဲ့ရာ အဆိုပါ ကော်မတီ၏ တာဝန်ခံ ဇေယျ (ရန်ကုန်) နှင့် မြန်မာ အင်ဒီပဲန်ဒင့် တွေ့ဆုံမေးမြန်းခဲ့သည်။
Subscribe to:
Comments (Atom)