Showing posts with label မိန့်ခွန်း. Show all posts
Showing posts with label မိန့်ခွန်း. Show all posts

Saturday, July 20, 2013

ပါတီဥက္ကဋ္ဌ ရဲဘော် အောင်မိုးဇော်၏ နိဂုံးချုပ်အမှာစကား

ပါတီဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးတွင်ပြောကြားသော ပါတီဥက္ကဋ္ဌ၏ နိဂုံးချုပ်အမှာစကား 

(၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်) 

အခု ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးကနေပြီးတော့ ကျနော်တို့ကို လာမယ့် ၂ နှစ်အတွင်းမှာလုပ်ရမယ့် အလုပ်တွေ အများကြီးကို ချမှတ်ပေးလိုက်တယ်။ အဲဒီလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့အကုန်လုံးက တကယ်ပဲ တက်တက်ကြွကြွနဲ့ အောင်အောင်မြင်မြင်ဖြစ်အောင် ဆောင်ရွက်ရပါလိမ့်မယ်။ ဒီလုပ်ငန်းတွေကိုသာ ကျနော်တို့ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်ဆိုရင် ကျနော်တို့ပါတီဟာ ကျိန်းသေပေါက် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ရပ်တည်လာနိုင်မှာဖြစ်တယ်။ အဲဒီလို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဒီ ၂ နှစ်အတွင်းမှာ ကြိုးစားပမ်းစားလုပ်မယ်ဆိုလို့ရှိရင် ပါတီ ရပ်တည်လာနိုင်မှာဖြစ်တယ်ဆိုတာကို ကျနော်တို့ ဗဟိုစည်းရုံးရေးကော်မတီဝင် တစ်ဦးချင်းစီက အသေအချာ ယုံကြည်ဖို့လိုတယ်။ အသေအချာယုံကြည်မှုအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့အလုပ်တွေကို တက်တက်ကြွကြွ လုပ်ဖို့လိုတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ 


ပါတီဥက္ကဋ္ဌ ရဲဘော် အောင်မိုးဇော်၏ အဖွင့်မိန့်ခွန်း

ပါတီဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးတွင်ပြောကြားသော ပါတီဥက္ကဋ္ဌ၏ အဖွင့်မိန့်ခွန်း 

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်) 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဗဟိုစည်းရုံးရေး ကော်မတီဝင်အားလုံးကို ကြိုဆိုကြောင်း ပထမဦးစွာ ပြောလိုပါတယ်။

ကျနော်တို့ရဲဘော်တွေအားလုံးသိတဲ့အတိုင်းပဲ ဒီကနေ့ကာလဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ်ကိုလည်း ခိုင်ခိုင်မာမာ မရောက်ရှိသေးဘူးဖြစ်တယ်။ တပြိုင်နက်တည်းမှာလည်းပဲ ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့အခြေအနေ မရှိသေးဘူးဖြစ်တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ရှေ့ကိုဆက်လက်တိုးတက်ဖို့ဆိုလို့ရှိရင် ကျနော်တို့အားလုံး စိန်ခေါ်မှု အမြောက်အများကို ရင်ဆိုင်ရဦးမယ် ကျော်ဖြတ်ရဦးမယ်ဆိုတာ ကျနော်တို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အားလုံး သိရှိပြီးဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ ဒီလိုတိုင်းပြည်ရဲ့တာဝန်တွေထမ်းဆောင်နိုင်ဖို့အတွက်၊ တိုင်းပြည်ရဲ့ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အခြားဒီမိုကရေစီအင်အားစုတွေ အခြားညီအစ်ကိုတော်တွေနဲ့အတူ လက်တွဲပြီးတော့ ရင်ဆိုင်ဖို့ ကျော်လွှားဖို့၊ တိုင်းပြည်ကရရှိနေတဲ့ ကနေ့အခွင့်အရေးတွေကို ချဲ့ထွင်ဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် တင်နိုင်ဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို တွန်းတင်နိုင်ဖို့အတွက် ကျနော်တို့ပါတီအနေနဲ့လည်းပဲ အလှည့်အပြောင်းတွေလုပ်ကြရတော့မှာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။