Sunday, September 25, 2011

လူငယ့်အရေး၊ လူငယ့်အတွေး (လူငယ် စကားဝိုင်း)

ပါဝင်ဆွေးနွေးကြသူများ - 

-ဝေနှင်းပွင့်သုန် (ဘားမားကမ်ပိန်း - ယူကေ)
-ဇင်မာဖြိုး (မြန်မာ့အမျိုးသမီး သမဂ္ဂ)
-နော်မေဘယ်လ်ထူး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)

Saturday, September 17, 2011

တိုင်းရင်းသားအရေး နဲ့ လူ့ဘောင်သစ်

2011-09-16 (RFA)

အစိုးရသစ်နဲ့ တိုင်းရင်းသား အင်အားစုများအကြား အကျပ်အတည်း ဆိုတဲ့အမည်နဲ့ အစီရင်ခံစာ တစောင်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

စာမျက်နှာ ၁၄၆ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြောင်း၊ စစ်အစိုးရနဲ့ သဘောတူညီချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းရင်းသား အခွင့်အရေး စတဲ့ ခေါင်းစဉ်တွေနဲ့ အခန်း ၁၆ ခန်းခွဲပြီး တင်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာ ရေးသား ထုတ်ဝေရာမှာပါဝင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက RFA ကို အခုလိုပြောပါတယ်။


သတင်းထုတ်ပြန်ချက်

letter-head 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့် လေ့လာရေးဌာနမှ ‘အစိုးရသစ်နှင့် တိုင်းရင်းသား အင်အားစုများ အကြား အကြပ်အတည်း’ ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစောင်ကို ထုတ်ဝေဖြန့်ချိလိုက်ပါသည်။

ဤအစီရင်ခံစာတွင် သူမနာ ကိုယ်မနာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ငြင်းပယ်ပြီး အနှစ်သာရ မပါသည့် ဆွေးနွေးခြင်းကို ဟန်ပြလုပ်ပြနေရုံဖြင့် ပြည်တွင်းစစ်မီးကို ရှောင်လွှဲ၍မရနိုင်ကြောင်း သမိုင်း၏သက်သေပြချက်ဖြစ်သည့် နှစ် ၂၀ ကျော်ကြာ အပစ်ရပ်နိုင်ငံရေး အခြေအနေများကို ခွဲခြားပိုင်းစစ် တင်ပြထားပါသည်။


အစိုးရသစ်နှင့် တိုင်းရင်းသားအင်အားစုများအကြား အကြပ်အတည်း

Dpns Cfg Report Sept 2011

Thursday, September 15, 2011

လွှတ်တော် ၂ ရပ်မှ ဖွဲ့စည်းပေးသော ကော်မတီများကို လေ့လာစိစစ်ခြင်း

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

ကျင်းပဆဲ ပြည်သူ့လွှတ်တော် မှ ကော်မတီ ၁၉ ခု ဖွဲ့စည်းပေးပါတယ်။

ကော်မတီတစ်ခုမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး၊ ကော်မတီသက်တမ်းကာလက ၁ နှစ် ဖြစ်ပါတယ်။ အဆိုပါ ကော်မတီ ၁၉ ခု အနက် ကော်မတီ ၁၇ ခုရဲ့ ဥက္ကဋ္ဌ အားလုံးဟာ ယခင်(နအဖ) စစ်အစိုးရအဖွဲ့ဝင်တွေပဲ ဖြစ်တယ်။

(စစ်ဗိုလ်ဟောင်း၊ အစိုးရဝန်ကြီးဟောင်း၊ မြို့တော်ဝန်ဟောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင်ဟောင်း စသဖြင့် ဖြစ်ပါတယ်)

သူတို့တတွေဟာ ကြံ့ဖွံ့ပါတီ (USDP)ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။

ကော်မတီ ၁၉ ခုမှာ အတွင်းရေးမှူး ၁၉ ဦးရှိတဲ့အနက် “တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ” အတွင်းရေးမှူးဖြစ်တဲ့ (အင်ဂျန်းယန်မဲဆန္ဒနယ်) ဒေါ်ဒွဲဘူ တဦးသာလျှင် (စဒက) ပါတီက ဖြစ်တယ်။

ကျန်တဲ့ကော်မတီအတွင်းရေးမှူး ၁၈ ဦးဟာ ကြံ့ဖွံ့ပါတီ (USDP)က လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်တယ်။

ကော်မတီဝင်အများစုကို ကြံ့ဖွံ့ပါတီ (USDP)လွှတ်တော်ကိုယ်စားလှယ်တွေက လွှမ်းမိုးရယူထားပါတယ်။ ကော်မတီတိုင်း တွင် ကြံ့ဖွံ့ပါတီ (USDP)မှ လွှတ်တော်ကိုယ်စားလှယ်များသည် ၉ ဦး ကနေ ၁၃ ဦးထိ ပါဝင်နေတာ စိစစ်တွေ့ရှိပါတယ်။ 

ပြည်သူ့လွှတ်တော်ကော်မတီ ၁၉ ခုတွင်ပါဝင်သူ ဥက္ကဋ္ဌများမှာ -